ဒီမိုကရေစီ အကူးအပြောင်းနဲ့ အာဇာနည်နေ့


လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ အခု ဆိုရင် ၆၆ နှစ်ပြည့် လာခဲ့ပါပြီ။ ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့နေ့ ဇူုလိုင်လ ၁၉ ရက်နေ့ ရောက် တိုင်း မြန်မာ ပြည်သူပြည်သား များအနေနဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး များကို အောက်မေ့ တမ်းတစိတ်နဲ့ ဝမ်းနည်းဖွယ် အခမ်းအနားများ ကို တစ် တိုင်းပြည် လုံး အနှံ့ ကျင်းပ ကြပါတယ်။ အခုလို ပွင့်လင်း လာတဲ့ခေတ် ကာလ မှာတော့ အာဇာနည်နေ့ အပေါ် ဖြစ်စေချင်တဲ့ ဆန္ဒများကို အနုပညာရှင် များက အခု လို ပြောပြ ခဲ့ကြပါတယ်။

► လင်းလင်း

“အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ တအားတော့ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့ အားလုံး ရင်ထဲမှာ အာဇာနည်နေ့ ဆိုတာ ဘယ်လို နေ့မျိုးဖြစ်တယ်။ ဘယ်လို မှတ်သား ထားရမယ့်နေ့ ဖြစ်တယ်။ သေတဲ့အထိ မမေ့သင့်တဲ့နေ့မျိုး ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အကုန် သိပြီးသားပါပဲ။ အဲဒါလေးကို နောက် တက်လာမယ့် မျိုးဆက် မှာ လက်ဆင့် ကမ်းနိုင်ဖို့ပဲ အရေးကြီးတာပါ”

► ရန်ရန်ချန်း

“အရင်တုန်းက ကျွန်တော်တို့ ကလေးတုန်းက အဲဒီနေ့ကို ဝမ်းနည်းစရာ နေ့လို့မြင်တယ်။ ငယ်လည်း ငယ်သေးတော့ ဥသြသံတွေ ကြားရတော့ ဝမ်းနည်းတယ်။ အခုလည်း ပြောနေကြပါတယ်။ ဥသြသံ ပြန်ဆွဲဖို့တို့ဘာတို့ပေါ့။ တကယ်လို့ ပြန်လုပ်ဖြစ်မယ်ဆိုလည်း မီဒီယာတွေ၊တီဗွီကနေပဲဖြစ်ဖြစ် လုပ်သင့် တာပေါ့။ အားလုံး သိအောင် မီဒီယာတွေ ချန်နယ်တွေ ကပဲဖြစ်ဖြစ် တစ်ခုလေးတော့ လုပ်ပေးသင့်တယ်။ အခုကတော့ မီဒီယာတွေ လည်း ပွင့်လင်း လာသလို အင်တာနက်တွေ လည်း ပို ထွန်းကားလာတော့ အရင် နှစ်တွေထက် တော့ ပိုစည်ကားမှာပါ။ ကျွန်တော်တို့လည်း ဒီနှစ် အာဇာနည် နေ့မှာတော့ ဂီတ aရာင်းရင်းတွေ အားလုံးနဲ့ ဆုံဖြစ်ရင် အားလုံး စုပြီး သွားဂါရဝပြုဦးမှာပါ။ မနှစ်ကလည်း သွားဖြစ်တယ်။ ဒီနှစ်လည်း သွားချင်ပါတယ်”

► ထွန်းအိန္ဒြာဗို

“အာဇာနည်နေ့ အခမ်းအနား ကို အကြီးအကျယ်ဆုံး လုပ်နိုင်ဖို့က နိုင်ငံတော် ဦးဆောင်မှုနဲ့ လုပ်မှ အကြီးကျယ်ဆုံး ဖြစ်နိုင်တာပေါ့။ ငွေအင်အား ရော၊ လူ အင်အားရော၊ အာဏာပါဝါ အင်အားရော အားလုံးပေါ့။ ပုဂ္ဂလိက တစ်ဦးတစ်ယောက် အနေနဲ့ ကတော့ ဘယ်လောက်ပဲ ကြီးကျယ်ချင်ချင် သူတတ်နိုင်တဲ့ ပမာဏလေး နဲ့ ဆိုတော့ တအား ကြီးကျယ်ဖို့ သိပ်မရှိပါဘူး။ ဥပမာ ပြည်ထောင်စု အလံတော်ပွဲ လုပ်သလို စသဖြင့် နိုင်ငံတော်က ဦးဆောင်ပြီး လုပ်တဲ့ အားကစား ပွဲတော်တွေလို ဦးဆောင်ပြီး လုပ်မှပဲ ကြီးကျယ်မှာပါ။ အဲဒီလိုပဲ လုပ်သင့်တယ်လို့ မြင်ပါတယ်။ အရင်တုန်းက အခြေအနေ ကိုတော့ အပြစ်တော့ မပြောလိုပါ ဘူး။ အရာရာ ကတော့ အကြောင်း အကျိုး ညီညွတ်သလို လုပ်ကိုင် သွားကြရတာလေ။ သူ့ခေတ်နဲ့သူ အဆင်ပြေသလို လုပ်ရတာပဲ။ အဓိကက တကယ် ရင်ထဲမှာရှိဖို့က အရေးကြီးပါတယ်။ လူတွေရင်ထဲမှာ ရှိဖို့ ကျတော့ နိုင်ငံတော် ဦးဆောင်မှုနဲ့ သွားရင် ပိုပြီးတော့ ကြီးကျယ်ခမ်းနားတာ ပေါ့။ အာဇာနည်နေ့ ကတော့ ကျွန်မတို့ မြန်မာတွေတိုင်း မမေ့သင့်တဲ့နေ့ တွေ ထဲက မှ တော်တော် ကြီးကျယ် ခမ်းနားတဲ့နေ့တစ်နေ့ပါပဲ”

► ဒါရိုက်တာကြည်ဖြူသျှင်

“မနှစ်ကတော့ အစ်မရဲ့ဘဝမှာ တကယ်ကို ထူးခြားတဲ့ အာဇာနည်နေ့ တစ်နေ့ပါပဲ။ အစ်မတို့ ဒီအချိန်မှာ ဗိုလ်ချုပ်နဲ့ တကွ အာဇာနည် ခေါင်းဆောင် တွေကို အလေးပြုခွင့် ရတယ်။ တရားဝင်ကို လွတ်လပ်စွာ လုပ်ခွင့်ရတဲ့ အတွက် ကျေနပ်တယ်။ ပိုပြီး လွတ်လပ်မှုတွေ ရရှိတယ်။ အခု ရတဲ့ဟာကလည်း အိပ်မက် တစ်ခုလိုပါပဲ။ ဘယ်လောက် ထိလဲ ဆိုရင် ဒါဟာ အိပ်မက်လား တကယ်လားလို့ တောင်ဖြစ်မိတယ်။ ခုတောင် ပြောနေကြပြီ။ အဲဒီနေ့ကို ရောက်ရင် ကား ဟွန်းတီးကြမယ်။ ဝမ်းနည်းခြင်း အထိမ်း အမှတ်ကို ကိုယ့်ဟာ နဲ့ကိုယ် အထိမ်း အမှတ်တစ်ခု အနေနဲ့ လုပ်ကြတာကို အမြဲတမ်း တည်တံ့စေချင်ပါတယ်။

အစ်မတို့ ကတော့ ဒီနေ့ကို အမြဲတမ်း မှတ်မိတယ်။ ဒါပေမဲ့ ဟိုတလောက အစ်မ FM မှာလာတဲ့ ပဟေဠိတစ်ခုမှာ မေးတယ်။ ဒီဇူလိုင်လရဲ့ နောက်ဆုံးပတ် ထဲမှာ ထူးခြားတဲ့နေ့ ရှိတယ်။ ဘာနေ့လဲ ဆိုတာ မဖြေနိုင်ကြ ဘူး။ နောက်ဗိုလ် ချုပ်အောင်ဆန်းရဲ့အဖေနဲ့အမေက ဘယ်သူတွေလဲ ဆိုတာကိုမေးတော့ မသိကြဘူးလို့ ပြောကြတယ်။ အစ်မတော်တော် စိတ်မကောင်းဘူး။ အရင်တုန်း က မသိခဲ့ဘူး ဆိုရင်တောင် ခုတော့ သိသင့်တယ်”

ပေါ်ပြူလာအဖွဲ့ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ