နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်း ရှိသူ Lee Min Ho


F4 မင်းသား Lee Min Ho ဆိုရင်တော့ အာရှတစ်ခွင်မှာ မသိတဲ့သူ မရှိသလောက်ကို အောင်မြင် ကျော်ကြား တဲ့ မော်ဒယ်လ်၊ အဆိုတော်နဲ့ မင်းသား တစ်ယောက်ပဲ ဖြစ်ပါတယ်။

အရပ်အမြင့် ၁၈၇ စင်တီမီတာ ရှိတဲ့ Lee Min Ho ဟာ အာရှတစ်ခွင်က နှုတ်ခမ်းနီ မလေးတွေရဲ့ အိပ်မက်ထဲက မင်းသား တစ်ယောက် ဖြစ်ခဲ့ရုံတင် မကဘဲ နိုင်ငံရပ်ခြားက မိန်းကလေးတွေရဲ့ နှလုံးသားကို နိုးထလာအောင် ပြုလုပ်နိုင်တဲ့ သူပါ။

သူ ရယ်မောလိုက်ရင် ကလေး တစ်ယောက်နဲ့တူပြီး မြင်လိုက်ရတဲ့ မိန်းကလေးတိုင်း ရင်မခုန်တဲ့သူ မရှိသ လောက်ပါပဲ။ Min Ho ဟာ အရပ် မြင့်မြင့်နဲ့ ရုပ်ရည် ချောမောတဲ့ အပြင် သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူ တစ်ယောက် လည်း ဖြစ်ပါတယ်။

Lee Min Ho ကို ၁၉၈၇ ခုနှစ ဇွန် ၂၂ မှာ မွေးဖွားခဲ့တာမို့ ယခုလက်ရှိ သူ့ရဲ့ အသက် ၂၆ နှစ် ရှိပါပြီ။ သူ ကြိုက်နှစ် သက်တဲ့ မင်းသားကတော့ လီယိုနာဒို ဒီကာပရီယိုပဲ ဖြစ်ပါတယ်။

Lee Min Ho ရဲ့ ဆောင်ပုဒ်ကတော့ ဘဝကိုဖြတ်သန်းရင်း အခက်အခဲတွေ ကြုံတွေ့လာရင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်။ ဘယ်တော့မှ လက်မလျှော့ဘူး ဆိုတာပါပဲ။ သူငယ်စဉ် က အိပ်မက် ရည်မှန်းချက် အနေနဲ့ ဘောလုံးသမား တစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ ငါးတန်း အရွယ်မှာ ဒဏ်ရာ ရခဲ့တာကြောင့် သူ့ရဲ့ အိပ်မက်တွေ ပျောက်ဆုံး ခဲ့ရပါတယ်။ Min Ho အကြိုက်ဆုံး ဘောလုံး ကစားသမား ကတော့ Cristiano Ronaldo ပဲဖြစ်ပါတယ်။ သူ့မှာ မိဘနှစ်ပါးအပြင် အစ်မ တစ်ယောက် ရှိပါတယ်။ ၂ဝဝ၆ ခု နှစ်မှာ Lee Min Ho ရဲ့ ငယ်စဉ်ကတည်းက သူငယ်ချင်း ဖြစ်တဲ့ မင်းသား Jung II Woo နှင့်အတူ Accident ဖြစ်ခဲ့ ဖူးပါတယ်။ ကံကောင်း ထောက်မစွာနဲ့ နှစ်ယောက်စလုံး အသက်ရှင်ခွင့် ရခဲ့ပါတယ်။ သူ အကြိုက်ဆုံး အရောင်ကတော့ မီးခိုးရောင်နဲ့ အနက်ရောင်ဖြစ်ပြီး အသားစားရတာ ကြိုက်နှစ်သက်တဲ့ သူ ဖြစ်ပါတယ်။

Lee Min Ho ကိုနာမည်ကြီး မင်းသားတစ်ယောက် ဖြစ်အောင် ဖန်တီးခဲ့တဲ့ ဇာတ်ကားကတော့ ၂ဝဝ၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Boys Over Flowers (F4 ချစ်သူ) ဖြစ်ပါတယ်။ အဲဒီကားမှာ သူ့ထက် ဆင်းရဲပြီး ခပ်စွာစွာ စရိုက်ရှိ တဲ့ ကောင်မလေးကို ချစ်မိခဲ့တဲ့ လူချမ်းသာ မိသားစုကနေ မွေးဖွားလာတဲ့ ဥစ္စာပေါ၊ ရုပ်ချော၊ မာနကြီးကြီး ကောင်လေး အဖြစ် သရုပ်ဆောင် ထားပါတယ်။ အဲဒီဇာတ်ကားဟာ အာရှတစ်ခွင်မှာ အတိုင်း ထက်အလွန် အောင်မြင် ခဲ့ပါတယ်။ သူ့ရဲ့ နာမည်ရင်း ဖြစ်တဲ့ Lee Min Ho အမည်ထက် ဇာတ်ကားထဲက နာမည် Goo Joon Pyo ဆိုရင် သိသူ ပိုများတဲ့ အထိ ကျော်ကြား ခဲ့တာပါ။

Personal Teste ဇာတ်လမ်းတွဲကို ၂ဝ၁ဝ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ SBS က ထုတ်လွှင့်တဲ့ City Hunter (အချစ်တိုက်ပွဲ) ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ကြည့်ရှုသူ များပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ခဲ့ပါတယ်။

အဲဒီဇာတ်ကားမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park Min Young နဲ့ ဇာတ်ကား ရိုက်ကူးရင်း တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားပြီး ပြင်ပမှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်သွားခြင်းကို ဝေဖန်သူတွေ၊ အားပေးသူတွေ၊ သဘောမတူသူတွေနဲ့ ပရိသတ် တွေရဲ့ ကြားမှာ အသံမျိုးစုံ ထွက်ခဲ့ပါတယ်။ ချစ်သူတွေ ဖြစ်ကြပြီး သိပ်မကြာခင်မှာပဲ အလုပ်တွေ များလွန်း လို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့နိုင်ကြဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲ လိုက်ကြပါတယ်။ အလုပ် အရမ်းများတဲ့ ကျော်ကြားသူတွေ ရဲ့ ပြင်ပက အချစ်ရေးဟာ ဇာတ်လမ်းထဲမှာလို သက်တမ်း မရှည်ပါ ဘူး။ City Hunter (အချစ်တိုက်ပွဲ) ဇာတ်ကားနဲ့ SBS Drama Awards ကချီးမြှင့်တဲ့ Top Excellent Award, Netizen Popularity Award, Top Ten Star Award တို့ကို ရရှိခဲ့တဲ့ အပြင် 4th Korea Drama Festival Awards က ချီးမြှင့်တဲ့ Hallyu Star Award, Best Actor Award ကိုလည်း ရရှိခဲ့ပြန် ပါသေးတယ်။ Lee Min Ho ရဲ့ အောင်မြင်မှုကို ထပ်ဆင့် တိုးလာစေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ် မှာတော Faith ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။ မင်းသမီးက တော့ Kim Hee Sun ပါ။ ဆေးပညာ၊ အချစ်နဲ့ သမိုင်းကြောင်းတို့ကို စုစည်းထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ပရိသတ်ကြည့်နှုန်း များတဲ့ ဇာတ်ကားကောင်း တစ်ကားလို့ ပြောရင်လည်း မမှားပါဘူး။ Lee Min Ho ဟာ အဲဒီဇာတ်ကားနဲ Top Ten Star Award နဲ့ Top Excellent Award, Actor in a Miniseries ဆုတွေကို ရရှိခဲ့ပြန်ပါတယ်။ Lee Min Ho ဟာ စီးပွားရေး ကြော်ငြာ များစွာကိုလည်း လက်ခံ ရိုက်ကူးခွင့် ရရှိသူလည်း ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် အတွက် The Heirs ဇာတ်ကားကို မင်းသမီး Park Shin Hye နဲ့အတူ ပါဝင် သရုပ်ဆောင်မယ်လို့ သိရပါ တယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ My Everything အခွေကို ဖြန့်ချိ ထားပါတယ်။ လက်ရှိ သတင်းအနေနဲ့ ကတော့ ၂ဝ၁၃ ဇူလိုင်မှာ သူ့ရဲ့ My Everything Tour ကို Manila မှာ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။

မြနေရိပ်သွင်

Written by  ရွှေတည်  (မြ၀တီ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ