သည်းခံခြင်းက အောင်မြင်ခြင်း ဆိုတဲ့ နှင်းယမုံဦး


Mr.Crown & Miss Crown မှာ Miss Crown ဆု၊ Miss Now How 2013 ဆုတွေကို ပိုင်ဆိုင်ထားတဲ့ Model နှင်းယမုံဦး တစ်ယောက်

အနုပညာလောကထဲကို ဘယ်လို ရောက်ရှိခဲ့လဲ၊ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ခဲ့ရတယ် ဆိုတာ ခုလို မေးမြန်းဖြစ်ခဲ့ ပါတယ်။

မေး။ ။ အနုပညာ လောကထဲ ရောက်ရှိခဲ့ပုံလေး ပြောပြ ပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့ပါ အစ်မ။ ညီမက ၂ဝ၁ဝ ဒီဇင်ဘာက ကိုဂျွန်ဆီမှာ သင်တန်းတက်ပြီးတာနဲ့ Idea Cover ရိုက်နေရင်းနဲ့ ဒီ အနုပညာ လောကထဲ ရောက်လာတာပါ။ ပြောရမယ်ဆိုရင် Model ပိုင်းကနေ ရောက်လာ တာပေါ့။ ညီမ အနေနဲ့က အဆက်အသွယ်လည်း မရှိဘူး၊ ကိုယ်ကလည်း အရမ်းဖြစ်ချင်တော့ ၁ဝ တန်း အောင်ပြီးကတည်းက မိဘတွေဆီမှာ ခွင့်တောင်းပြီး Model လောကကို သင်တန်း တက်ခဲ့ပါတယ်။ ဒီလိုနဲ့ ရောက်လာ တာပါ။

မေး။ ။ Model လောကမှာ ဆုလေးတွေ ရခဲ့ရင်လည်း ပြောပြပါဦး ညီမ။

ဖြေ။ ။ သရဖူ မဂ္ဂဇင်းကနေ (၁၅) နှစ်ပြည့် လုပ်တဲ့Mr.Crown & Miss Crown မှာ Miss Crown ဆုကို ရရှိခဲ့ ပါတယ်။ ၂ဝ၁၃ ဇန်နဝါရီမှာ လုပ်တဲ့ Miss Now How ဆုကိုလည်း ရခဲ့ပါတယ်။

မေး။ ။ နောက်ထပ်ကော ဘာတွေလုပ်ဖို့ ရှိသေးလဲ။

ဖြေ။ ။ ညီမ ဒီအလုပ်ကိုပဲ ဆက်ကြိုးစားသွားမယ်။ ပိုပြီး လေ့ကျင့် သင်ယူမယ်လို့ မျှော်မှန်း ထားပါတယ်။ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်အောင်လည်း ကြိုးစားသွားမှာပါ။

မေး။ ။ ဗီဒီယို ရိုက်ဖို့ရော ရှိလား။

ဖြေ။ ။ အဲ့လိုမျိုးတော့ မရှိသေးပါဘူး အစ်မ။

မေး။ ။ အကယ်၍ ကားတွေရိုက်ဖို့ ကမ်းလှမ်း လာရင်ရော။

ဖြေ။ ။ ဟုတ်။ ကမ်းလှမ်း လာရင်တော့ ညီမ ရိုက်မှာပါ။

မေး။ ။ လက်ရှိ ဘာတွေ လုပ်ဖြစ်နေလဲ။

ဖြေ။ ။ အခုလက်ရှိက Model အပိုင်းမှာ ရှိုးတွေ လျှောက်ဖြစ် နေပါတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ဓာတ်ပုံ ရိုက်ဖြစ်ပါတယ် အစ်မ။

မေး။ ။ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ခံစားချက်လေး။

ဖြေ။ ။ ဟုတ်၊ ဒီလောကက လွယ်သလိုနဲ့ ပင်ပန်းတယ်။ ပြီးတော့ ခက်ခဲတယ်။ ကြမ်းတမ်းတယ်။ ကိုယ်က ဝါသနာပါတဲ့ အခါကျတော့ သည်းခံခြင်းက အောင်မြင်ခြင်းလို့ ညီမက ခံယူလိုက်တယ်။ သည်းခံပြီးတော့ ဒီအလုပ်ကို လုပ်ကိုင်တယ်။ ဒီအလုပ်က အပြင်ပိုင်း ကြည့်ရုံကတော့ လှလှပပ ကျော့ကျော့လေးနဲ့ လွယ်တယ် ထင်ရပေမဲ့ မလွယ်ကူပါဘူး။ အရမ်းလည်း ပင်ပန်းပါတယ်။ အရမ်းလည်း အားစိုက်ရပါတယ်။

မေး။ ။ ညီမအနေနဲ့ ပရိသတ်ကို ပြောချင်တဲ့ စကားက။

ဖြေ။ ။ နှင်းယမုံဦးဆိုတဲ့ ညီမကို ပရိသတ်ကြီးက အားပေးကြပါ။ ပရိသတ်ကြီး ချစ်ခင်အောင်၊အားပေးအောင်၊ လက်ခံအောင် ကြိုးစားသွားပါ့မယ်။ ပရိသတ်ကြီးကလည်း အားပေးဖြစ်အောင် အားပေးပါလို့ ထပ်ပြောချင် ပါတယ်။ ။

ကောင်းကင်

Written by  ရွှေတည်  (မြ၀တီ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ