ဗြိတိန်တော်ဝင်မင်းသမီး Kate မင်းသမီးဒိုင်ယာနာမီးဖွားခဲ့သော ဆေးရုံတွင် မီးဖွားမည်


ဗြိတိန်တော်ဝင်မင်းသမီးKate ကဗြိတိန်ထီးနန်းကိုဆက်ခံမည့် တော်ဝင်
နန်းဆက်ကိုလန်ဒန်မြို့အနောက်ပိုင်းရှိ St Maryဆေးရုံတွင် မွေးဖွားမည်
ဖစ်ကြောင်း(AFP)သတင်းမှ သိရသည်။ St Mary ဆေးရုံကမင်းသမီး
ဒိုင်ယာနာက မင်းသားဝီလျံနှင့် ဟယ်ရီတို့ကိုမွေးဖွားခဲ့သောဆေးရုံဖြစ်သည်။

ယခုမွေးဖွားလာမည့် တော်ဝင်ကလေးကအဖိုးဗြိတိန်အိမ်ရှေ့မင်းသားချား
စ်နှင့် အဖေဖြစ်သူ မင်းသားဝီလျံတို့၏ ထီးနန်းမွေကိုဆက်ခံရမည့်
 တတိယမြောက်မျိုးဆက်ဖြစ်သည်။ တော်ဝင်ဇနီးမောင်နှံကမွေးဖွား
လာမည့် ကလေးသည် မိန်းကလေး/ယောင်္ကျားလေးဆိုသည်ကို
မကြေညာထားကြောင်းတော်ဝင်မိသားစုအသိုင်းအ၀ိုင်းကပြောကြား
ထားသည်။

ဆေးရုံမှကလေး၏ အချက်အလက်များပါဝင်သော စာအိတ်
ကိုဗြိတိန်ဘုရင်မကြီးအဲလိဇဘတ်စ်နေထိုင်ရာBuckinghamနန်းတော်ကို
ပို့ဆောင်ပြီးနောက်သတင်းအချက်အလက်များကို နန်းတော်ဂိတ်ပေါက်ဝ
တွင် ထုတ်ပြန်ပေးမည်ဖြစ်သည်။ကလေးကို ဗြိတိန်ဘုရင်မကြီး၏
သားဖွားနှင့် မီးယပ်ဆရာဝန်ကြီးဒေါက်တာမားကပ်ဆတ်ချယ်ကမွေးဖွားပေး
မည်ဖြစ်သည်။ဗြိတိန်မင်းသမီးဒိုင်ယာနာက(၁၉၉၇)ခုနှစ်တွင် ပြင်သစ်နိုင်ငံ
ပဲရစ်မြို့တွင် ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည်။

မင်းသမီးဒိုင်ယာနာကမင်းသားဝီလျံကို(၁၉၈၂)ခုနှစ်နှင့် မင်းသား
ဟယ်ရီကို(၁၉၈၄)ခုနှစ်တွင်မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။
အသက်(၃၀)အရွယ် မင်းသားဝီလျံကအသက်(၃၁)နှစ်အရွယ်
ကြင်ယာတော်Kateကို(၂၀၁၁)ခုနှစ်ဧပြီလတွင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး
(၂၀၁၂)ခုနှစ်ဒီဇင်ဘာလတွင် ကိုယ်ဝန်ရရှိခဲ့ ကြောင်းသိရသည်။

SkyNet TV Browser

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ