လက်ပံမှာ ပရိတ်သတ်တစ်ယောက် အနေနဲ့  ကိုပြေတီဦး ကိုအကယ်ဒမီ ရစေချင်တယ်


လက်ပံဇာတ်ကားကြီး တစ်ကားလုံးက ကောင်းတယ်။အားလုံး ကပြောစရာ မရှိအောင် လုပ်ထားတဲ့ အတွက် အရမ်းကောင်းပါတယ် ။ကိုပြေတီဦး ကလည်း ဒီဇာတ်ကားကြီးကို ရိုက်ဖို့ အတွက် အကောင်းဆုံးဖြစ်အောင် စိတ်နှစ်လုပ်ထားပါတယ်။ အူဝဲအနေနဲ့  ကြိုက်နှစ်သက်ပါတယ်။ တကယ်လို့ အကယ်ဒမီပေးပါဆိုရင်လည်း ဇာတ်ကားတစ်ကားလုံးမှာ ပါဝင်သူတွေ အားလုံးကို အကယ်ဒမီပေးချင်တယ်။ ကိုပြေတီဦးကို ပရိတ်သတ် တစ်ယောက်အနေနဲ့ကတော့ အူဝဲရစေချင်ပါတယ် ။ အခုက အူဝဲအတွက် ဒုတိယရင်သွေးမယူရသေးပါဘူး ။ ယူဖို့ အစီအစဉ်တော့ရှိပါတယ်။ အနုပညာအလုပ်တွေ ခဏအနားယူလိုက်တာကလဲ ပြေသုဒြာလေးကို ဂရုစိုက်ချင်လို့ ပါ။ ဇာတ်ကား ၊ ဇာတ်လမ်းကောင်းတွေ့ ရင် ရိုက်ဖြစ်မှာပါ ။ လုံးဝနားလိုက်တာမဟုတ်ပါဘူး အနုပညာအလုပ်တွေ လျှော့လိုက်တာပါပဲ ။

လက်ပံဇာတ်ကားကြီးနဲ့ ပတ်သတ်ပြီး အခက်အခဲတွေ အများကြီးကြုံခဲ့ရလို့  အခုလိုအရမ်းကောင်းသွားတာပါ။ ကိုပြေတီဦးက စိတ်ဓာတ် ကျသွားတာမျိုး မရှိပါဘူး ။ ဒီအရာကို အဆင်မပြေရင် တခြား အဆင်ပြေအောင်လုပ်တယ်။ လက်ပံဇာတ်ကားကြီးက ကိုပြေတီဦးအတွက် ဒုတိယ စိန်ခေါ်မှူပါ။ ဒီဇာတ်ကားမှာ သူက အဖေတစ်ယောက်ကနေ သရုပ်ဆောင်ထားတယ်။ တစ်ချက်ကလည်း ဖွေးဖွေးရဲ့ အဖေနေရာမျိုးကနေ မရိုက်သင့်ဘူးလို့ ထင်တယ်။ ဒါပေမယ့် သရုပ်ဆောင်တစ်ယောက်က သူသရုပ်ဆောင်မယ့် ကာရိုက်တာကို ကိုယ်တိုင် စိတ်တိုင်းကျမှ အောင်မြင်တာ ဆိုတော့ အူဝဲအနေနဲ့  အကောင်းဆုံးဖြစ်အောင် သူ့ ကို အားပေးခဲ့ပါတယ်။ ကိုယ်ကတော့ ဘေးကနေ စိတ်ပူနေခဲ့ရပါတယ်။ သူကတော့ အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ပါတယ်။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ