တနင်္ဂနွေ နေ့တွင် အနာဂတ်ကို ဆုံးဖြတ်မည့် အစ္စကိုအား ခေါ်ယူနိုင်ရန် မန်စီးတီး ယုံကြည် မျှော်လင့်နေ


မန်ချက်စတာ စီးတီး အသင်းသည် အစ္စကိုအား လက်တွေ့ ခေါ်ယူနိုင်မည်ဟု မျှော်လင့် ယုံကြည်နေကြောင်း သိရှိရသည်။

အစ္စကိုသည် ၎င်း၏ အနာဂတ်ကို တနင်္ဂနွေနေ့တွင် အပြီးသတ် ဆုံးဖြတ်သွားဖွယ် ရှိနေသည်။ အသက်(၂၁)နှစ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားကို မန်စီးတီးအပြင် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်ကလည်း ချိတ်ဆက်နေရာ ကစားသမားက မည်သည့် အသင်းကို ရွေးချယ်မည် မသေချာသေးချေ။ အစ္စကိုသည် ဥရောပ အသက်(၂၁)နှစ်အောက် ချန်ပီယံရှစ် ပြိုင်ပွဲတွင် စပိန်အသင်း ဗိုလ်စွဲရေး ပါဝင် ကူညီခဲ့ပြီးနောက် ယခုအခါတွင်မူ အပြောင်းအရွှေ့ ကိစ္စအတွက် အချိန်ပေး စဉ်းစားလာပြီ ဖြစ်သည်။

အစ္စကိုသည် မာလာဂါ နည်းပြဟောင်းနှင့် မိမိ၏ ဆရာဟောင်းဖြစ်သော မန်နျူရယ်လ် ပယ်လီဂရီနီနှင့် ပြန်လည် လက်တွဲလိုကြောင်း ဝန်ခံထားသော်လည်း စပိန်ကစားသမား အများစု ရှိနေသည့် ရီးယဲလ်၏ ဆွဲဆောင်မှုကိုလည်း မျက်ကွယ်ပြုရန် ခက်ခဲနေသည်။ အစ္စကို အနေဖြင့် မာလာဂါ အသင်းကို သေချာပေါက် ကျောခိုင်းဖွယ် ရှိနေသည့်တိုင် ထိုကလပ်နှစ်ခုအနက် မည်သည့်အသင်းသို့ ဦးတည်ရမည်ကို အလေးအနက် ဆုံးဖြတ်ရမည် ဖြစ်သည်။ အစ္စကိုက "လောလောဆယ် ကျွန်တော့် အနာဂတ်ကို ကျွန်တော် ဘာမှ မှတ်ချက် မပေးချင်သေးဘူး။ ဒါပေမဲ့ ဒီကိစ္စက တနင်္ဂနွေနေ့လောက်မှာ ပြီးပြတ်မယ် ထင်တယ်"ဟု ဆိုသည်။

လောလောဆယ် ကျွန်တော့် အနာဂတ်ကို ကျွန်တော် ဘာမှ မှတ်ချက် မပေးချင်သေးဘူး။ ဒါပေမဲ့ ဒီကိစ္စက တနင်္ဂနွေနေ့လောက်မှာ ပြီးပြတ်မယ် ထင်တယ်...
အစ္စကို အနေဖြင့် မန်စီးတီးကိုဖြစ်စေ၊ ရီးယဲလ်ကိုဖြစ်စေ ရွေးချယ်ပါက လက်ရှိ ကွင်းလယ်စုဖွဲ့ထားသည့် အင်အားများကြောင့် ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် မဖြစ်မနေ ကြုံတွေ့ရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

soccermyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ