ရော်နယ်လ်ဒိုကို ခေါ်ယူရန် ဆုံးဖြတ်ပါက ဖာဂူဆန်ထံမှ အကူအညီကို တောင်းခံဖွယ် ရှိနေသည့် ယူနိုက်တက်


ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြန်လည် ခေါ်ယူရန် အမှန်တကယ် ကြိုးပမ်းမည် ဆိုပါက မန်ချက်စတာ ယူနိုက်တက် အနေဖြင့် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ထံမှ အဓိက အကူအညီ ရယူဖွယ် ရှိနေကြောင်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ငြင်းဆန်ထားသော ပေါ်တူဂီ ကြယ်ပွင့် ကစားသမားသည် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ၎င်းကို PSG၊ ချယ်လ်ဆီး အစရှိသော အသင်းများကလည်း စောင့်ကြည့်လျှက် ရှိသည်။ ယူနိုက်တက် အနေဖြင့် ရော်နယ်လ်ဒိုကို တရားဝင် ကမ်းလှမ်းရန် ဆုံးဖြတ်ခြင်း မရှိသေးသော်လည်း အကယ်၍ လက်တွေ့ ကမ်းလှမ်းမှု ပြုလုပ်မည် ဆိုပါက အသင်းမှ အနားယူသွားပြီဖြစ်သော ဖာဂူဆန်ကို အားကိုးဖွယ် ရှိနေသည်။

ဖာဂူဆန်သည် ရော်နယ်လ်ဒို ဆယ်ကျော်သက်ဘဝ မထင်မရှား လူငယ်လေး အဖြစ် ကစားနေစဉ် စပို့တင်း လစ္စဘွန်းမှ ခေါ်ယူကာ ကမ္ဘာ့ထိပ်တန်း ကြယ်ပွင့်ဖြစ်လာအောင် အရောင်တင်ပေးခဲ့သည်။ ရော်နယ်လ်ဒိုသည် ယူနိုက်တက်တွင် (၆)နှစ်ကြာ ကစားခဲ့ပြီး ဖာဂူဆန်ကို ဖခင်တစ်ဦးသဖွယ် လေးစားကြောင်း အစဉ်ပြောဆိုလေ့ ရှိခဲ့သည်။ (၂၀၀၉)ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ဘာနေဗျူးသို့ ရောက်ရှိလာသည့် ကစားသမားသည် အသင်းတွင် မပျော်ရွှင်နိုင်သည့် ကိစ္စအချို့ ရှိနေကြောင်း ထုတ်ဖော် ဝန်ခံထားသည်။

ဖာဂူဆန်သည် ရော်နယ်လ်ဒို ဆယ်ကျော်သက်ဘဝ မထင်မရှား လူငယ်လေးအဖြစ် ကစားနေစဉ် စပို့တင်း လစ္စဘွန်းမှ ခေါ်ယူကာ ကမ္ဘာ့ထိပ်တန်း ကြယ်ပွင့်ဖြစ်လာအောင် အရောင်တင်ပေးခဲ့...

Ref: The Sun

Written by Admin Team - Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ