(၃၁)နှစ်ကြာ အသင်းကို ဦးဆောင်ခဲ့သည့် အာဆင်နယ် ဥက္ကဋ္ဌ ဟေးဝုဒ် နုတ်ထွက်


အာဆင်နယ် အသင်းကို (၃၁)နှစ်ကြာ ဦးဆောင်မှု ပေးခဲ့သည့်နောက် ဥက္ကဋ္ဌ ပီတာဟေးဝုဒ် အနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

ကျန်းမာရေး ပြဿနာ များကြောင့် ဟေးဝုဒ် အနေဖြင့် ၎င်းအလွန် သံယောဇဉ် တွယ်သော အလုပ်နေရာကို မဖြစ်မနေ စွန့်လွှတ်ရန် ဖိအား ဝင်ခဲ့ပြီး အာဆင်နယ်သည် ဆာချစ်ပန်ဒေးလ် ကက်စ်ဝစ်ခ်ကို ၎င်းနေရာတွင် အစားထိုး ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည်။ အာဆင်နယ်တွင် ဟေးဝုဒ်၏ ဖခင်နှင့် အဖိုးဖြစ်သူ တို့သည်လည်း ဥက္ကဋ္ဌ တာဝန်ကို အစဉ်အဆက် ရယူခဲ့ဖူးသည်။ ၎င်းသည် ယခုအခါ နှလုံးကျန်းမာရေး အခြေအနေအရ ဥက္ကဋ္ဌ နေရာ၏ တောင်းဆိုမှုများကို လက်ခံဖြေရှင်းရန် မသင့်ဆိုသည့် ဆရာဝန်များ၏ ကောက်ချက်ကြောင့် အနားယူခဲ့ရခြင်း ဖြစ်သည်။

ဟေးဝုဒ်သည် အာဆင်နယ်တွင် (၁၉၆၂)ခုနှစ် ကတည်းက ဘုတ်အဖွဲ့ဝင် တစ်ဦးအဖြစ် စတင် လုပ်ကိုင်နေခဲ့သည်။ "သိပ်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဒီအလုပ်ဟာ ကျွန်တော့်ဘဝအတွက် အစိတ်အပိုင်း တစ်ခု ဖြစ်နေတယ်လေ"ဟု ၎င်းက ဆိုသည်။ ၎င်းနေရာကို ဆက်ခံသူ ချစ်ပန်ဒေးလ်မှာ ချစ်ပ်စ်ဟု လူသိများသော အသက်(၇၃)နှစ်အရွယ် ဘဏ်လုပ်ငန်းရှင်ဟောင်း တစ်ဦးဖြစ်သည်။ ၎င်းသည် ဟမ်ဘရိုးစ်ဘဏ်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူပြီး အာဆင်နယ် အသင်း၏ ဘုတ်အဖွဲ့ကို (၂၀၀၅)ခုနှစ် ကတည်းက ပူးပေါင်းလာခဲ့သည်။

သိပ်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဒီအလုပ်ဟာ ကျွန်တော့်ဘဝအတွက် အစိတ်အပိုင်း တစ်ခု ဖြစ်နေတယ်လေ...

ချစ်ပ်စ်သည် အသင်းအမှုဆောင်ချုပ် အိုင်ဗန် ဂါဇီဒစ်နှင့် တိုက်ရိုက် ချိတ်ဆက်ကာ အာဆင်နယ်၏ စီးပွားရေး ရည်မှန်းချက်များအတွက် ကိုင်တွယ် လုပ်ဆောင်သွားမည် ဖြစ်သည်။ အသင်း၏ အဓိက ပိုင်ရှင် စတန် ခရွန်ကီက "ဆာချစ်ပ်စ်က ဥက္ကဋ္ဌ ရာထူးကို လက်ခံလိုက်လို့ ကျွန်တော် ဝမ်းသာပါတယ်။ သူ့ရဲ့ စီးပွားရေး နယ်ပယ် ဖြတ်သန်းမှု လမ်းကြောင်းမှာ ရိုသေလေးစားထိုက်တဲ့ အခြေအနေတွေ အများကြီးပဲ။ သူ့အနေနဲ့ အာဆင်နယ်ကို ဥရောပ အဆင့်ထိ တက်လှမ်း အောင်မြင်ပြီး ဆုဖလားတွေ ရယူနိုင်ဖို့ ကူညီ ဦးဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားသွားသည်။

Ref: Guardian

Written by Admin Team   - Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ