စင်ကာ ပူနိုင်ငံမှာ ဖျော်ဖြေမယ့်နှင်းဆီခရီးသည် အဖွဲ့ရဲ့ အကြိုစကားသံ

ဒါရိုက်တာမောင်မျိုးမင်း(ရင် တွင်းဖြစ်)ဦးစီးတဲ့ ‘နှင်းဆီခရီးသည်’ မော်ဒန်အငြိမ့်ဖျော်ဖြေပွဲကို စင်ကာ ပူနိုင်ငံ Kallang Theater မှာ ဇွန်လ ၃ဝ ရက်နေ့ကျင်းပပြုလုပ်မှာဖြစ် ကြောင်း စာနယ်ဇင်းပွဲကို ဇွန်လ ၁၈ ရက်နေ့က Park Royal မှာ ပြုလုပ် ခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ နေ တိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး၊တင်မောင်ဆန်းမင်းဝင်း၊ မိုးယု စံ၊ မိုးပြည့်ပြည့်မောင်၊ မေကဗျာ၊ ဖူး စုံ၊ ဝါဆိုမိုးဦး၊ သန္တာဗိုလ်နဲ့ ယူရေနီ ယမ်အကအဖွဲ့တို့သွားရောက် ဖျော် ဖြေကြမှာဖြစ်ပါတယ်။ ဖျော်ဖြေပွဲ အတွက် စီစဉ်တာဝန်ယူဆောင် ရွက်မှုကို altitude Art, Media & Entertainment မှ လုပ်ဆောင်နေ တာဖြစ်ပြီး Main Sponsor အဖြစ် Naing Group Capital Co.Ltd Co Sponsored အဖြစ် Golden Myanmar Airlines မှပါဝင် ကူညီ ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှ သွားရောက်ဖျော်ဖြေကြမယ့် အနုပညာရှင်တွေနဲ့ အတူ စင်ကာ ပူနိုင်ငံမှ မြန်မာကျောင်းသားတွေ ဖြစ်တဲ့Sweet Dance အဖွဲ့ပါပါဝင် ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါ တယ်။ လက်မှတ်များကို စင်ကာပူနိုင် ငံ သပြေနုထရိတ်ဒင်းမှာ အဓိက ရောင်းချပေးနေပြီး ကံစမ်းမဲများ အနေနဲ့ Air Tickets, Branded Watches, ipad mini တွေကိုလည်း စီစဉ် ထားရှိပြီး ကံစမ်းမဲမပေါက်တဲ့ သူတွေအတွက်လည်း တခြားဆုလက် ဆောင်တွေကို ပေးသွားမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှသွားရောက် ကြည့်ရှု ချင်သူတွေအတွက်လည်းYAir Tickets, Branded Watches, ipad mini မှ စီစဉ်ပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။

ဒီဖျော် ဖြေပွဲကနှင်းဆီအဖွဲ့အနေနဲ့ ၄ ကြိမ် မြောက်သွားရောက်ဖျော်ဖြေ တာဖြစ် ပြီး အငြိမ့်အပြင်တခြားအစီအစဉ် တွေအနေနဲ့အကအဖွဲ့များကိုပါ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ စင်ကာ ပူနိုင်ငံက နှင်းဆီအဖွဲ့ပြည်ပခရီး အဖြစ် နှစ်စဉ်သွားရောက်ဖျော်ဖြေခဲ့ တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာ့အငြိမ့် ပြသမယ့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)

“နိုင်ငံခြားမှာနေတဲ့ မြန်မာတွေ က နှစ်ဖွဲ့ရှိတယ်။ တစ်ဖွဲ့က မြန်မာ ယဉ်ကျေးမှုကို လွမ်းတဲ့အဖွဲ့နဲ့ တစ် ဖွဲ့ကတော့ နိုင်ငံခြားမှာ အသားကျ ပြီး မြန်မာယဉ်ကျေးမှုကို မေ့သွား တဲ့ အဖွဲ့။သူတို့တွေလည်း မြန်မာ တွေပဲလေ။ မြန်မာအငြိမ့်ဆိုတာ ဘာလဲဆိုတာသိအောင်၊ စွဲအောင် စည်းရုံးဖို့ လိုတယ်။ အဲဒီလိုလိုအပ်တဲ့ အတွက် Sweet dance တွေ၊ မော်ဒန်dance တွေကို ထည့်ထား တယ်။ ပြီးရင် မြန်မာ့အငြိမ့်ယဉ်ကျေး မှုဆိုတာလည်း ပြထားတယ်။ မော် ဒန်ကြိုက်တဲ့ သူကလည်း ဒီအငြိမ့်ကို လာကြည့်ရင်း ကြိုက်သွားမယ်။

ပရိသတ်နှစ်ဖွဲ့လုံးကို စွဲဆောင်ဖို့ စည်းရုံးထားတယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာကို ရောက်ရောက် မြန် မာဆိုတာ မမေ့ဖို့၊ မြန်မာဆိုတဲ့စိတ် အသွေး အသားထဲမှာရှိနေဖို့လို တယ်။ ဒီအတွက် သူတို့အကြိုက် လုပ်ပြရတယ်။ အငြိမ့်ဆိုတာကို တချို့နေရာတွေမှာ လူငယ်တွေက စိတ်မဝင်စားတော့ဘူး။ လူငယ်တွေ စိတ်ဝင်စားအောင် လူငယ်တွေရဲ့ အတွေး၊လူငယ်ကြိုက်တတ်တဲ့ Presentation မျိုးနဲ့ လူငယ်တွေ ကြည့်အောင်လို့ဒီနှင်းဆီ အငြိမ့်ကို ဖန် တီးခဲ့ရတာလေ” လို့ ပြောပြပါတယ်။

ခုနစ်ထွေအကနဲ့ မိုးပြည့်ပြည့်မောင်

မိုးပြည့်ပြည့်မောင်က စင်ကာ ပူဖျော်ဖြေပွဲမှာ ခုနစ်ထွေအကနဲ့ ပရိသတ်တွေကိုဖျော်ဖြေမှာဖြစ်ပါ တယ်။ပရိသတ်တွေ စိတ်ကျေနပ်စေ မယ့် ပွဲလေးဖြစ်မှာပါလို့ ပြောပြတဲ့ မိုး ပြည့်ပြည့်မောင်က”မိုးပြည့်တို့ တစ် နှစ်နဲ့တစ်နှစ်မတူအောင် အမြဲကြိုး စားကြပါတယ်။ မိုးပြည့်ခုနှစ်ထွေ အကကို ကမယ်။ သေသေချာချာအက လေ့ကျင့်ထားပါတယ်။ ဆရာမကျား လေးစိန်စပ်ပေးထားတဲ့ သီချင်းနဲ့ ပေါ့။သူပဲသင်ပေးပါတယ်။ နောက် တစ်ပုဒ်က ဦးဗေလုဝ စပ်ပေးထားတဲ့ ‘မောင်’ ဆိုတဲ့ သီချင်းလေးနဲ့ ဖျော် ဖြေမယ်။ သီချင်းဆိုဖို့ကလည်း ဟို မှာက ဒီထက်ပိုပြီး အမြူးတွေ ဟော့ ရှော့တွေ လုပ်နိုင်တာတွေရှိတယ်။ ကိုယ်ကကျတော့ မြန်မာပရိသတ် တွေကို သွားဖျော်ဖြေမှာဖြစ်တဲ့ အတွက် မြန်မာကြိုက်တဲ့ သီချင်း လေးတွေကို ဖျော်ဖြေဖြစ်မှာပါ။ မြန် မာသံတော့မဟုတ်ဘူးပေါ့။ ပရိသတ် တွေ ကျေနပ်မယ့်ပွဲပါ။မနှစ်ကတော့ မေမေလိုက်တယ်။ ဒီနှစ်ကတော့ ကိုကြီးလိုက် မယ်။ကလေးကတော့ ခရီးတအားပန်းမှာစိုးလို့ မခေါ် သွားဘူး။ ဘန်ကောက်ကို ဆက်သွား မှာ Shopping အတွက်ပဲ သွားတာ ပါ။အလွန်ဆုံး သုံး ရက်လောက်ပဲ ကြာ မှာပါ။ ဒါက ဘယ်ဇာတ်ကားရယ် အတွက်လို့ မဟုတ်ပါဘူး။ ဘယ်ကား ပဲဖြစ်ဖြစ် ရိုက်ဖို့အတွက်ပါပဲ” လို့ ပြောပြပါတယ်။

စင်ကာပူမှာ ပုံဂံသူ ဖြစ်မယ့် ဖူးစုံ

“စင်ကာပူ က ပရိသတ်တွေနဲ့ လည်း တအားမစိမ်းပါဘူး။ ဒါပေ မဲ့ ကိုယ့်ဘက်က အနုပညာတင်ဆက်မှု လေးတွေ ပိုကောင်းလာအောင် လုပ်သွား မှာပါ။ မြန်မာအကအပြင် ပုဂံအကကိုပါ နှစ်ပုဒ်လောက်ထည့် ပြီး ကသွားမယ်။ဖူးစုံစင်ကာပူမှာ ခဏနေခဲ့ဦးမယ်။ကျန်တဲ့သူတွေ ကတော့ပြန်မယ့် သူတွေနဲ့ ဘန် ကောက်ကို ဆက်သွားမယ့်သူတွေ လည်း ရှိတယ်။ဖူးစုံတို့ မိသားစုတွေက မစုံဖြစ်တာကြာပြီလေ။ အဲဒီမှာ အကုန်ပြန်ဆုံကြမှာ ဆိုတော့ ခဏ နေခဲ့ဦးမယ်။ဖူးစုံမသွားခင် ကတည်းက အမေတို့က အရင်သွားနှင့်ကြမယ်။ဖူးစုံဖျော်ဖြေပွဲက နောက် မှာဆိုတော့ နောက်မှလိုက် သွားမယ်။ ဘယ်လောက်နေဖြစ်မလဲတော့ မသိသေးဘူး။ပြန်ရောက်ရင်တော့ ဇာတ်ကား တွေ ပြန်ရိုက်ရမှာပေါ့” လို့ ပြောပြခဲ့ပါတယ်။

ခေတ်ပေါ်ပါဖော့ မန့် တွေတင်ဆက်မယ့် ဇေယျာ(ယူရေနီယမ်)

“မော်ဒန်ဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ ပိုပြီး ထူးဆန်းသွား အောင် ခေတ်ပေါ် ပါဖောမန့်တစ် ခုထည့်ထားတယ်။ အငြိမ့်နဲ့က တခြားစီပါ။ အငြိမ့်က မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ ဒီဘက်ကလည်း လူ ငယ်တွေ နှစ်ခြိုက်မယ့် ပုံစံပေါ့။ ကျွန်တော်တို့ ဒီမှာ လေ့ကျင့်မှုတွေ လုပ်နေပြီ။ ပြီးခဲ့တဲ့ ၁ဝရက်ေ လာက် ကတည်းကကျွန်တော်တို့ ယူရေနီယမ် အဖွဲ့ထဲက အရင်ကြိုသွားပြီး ဟိုက အဖွဲ့တွေနဲ့ လေ့ကျင့်နေတယ်။ ပွဲ မတိုင်ခင် ၄ရက်လောက် ကြိုသွားပြီး ၂ဖွဲ့ပေါင်း လေ့ကျင့်မှာပါ။”

ပြက်လုံးအသစ်တွေနဲ့ ကျော်ကျော်ဗို

“စင်ကာပူက နှင်းဆီအဖွဲ့ရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် သွားခဲ့တာ။ မနှစ်ကတော့ မကဖြစ် ဘူး။အခုတစ်နှစ်ဟသွားတဲ့ ပရိသတ် တွေနဲ့ ပြန်တွေ့ရမှာပေါ့။ ပြက်လုံး တွေကိုလည်း အကုန်လုံး စုစည်းပြီး ဝိုင်းလုပ်ကြတာပဲ။တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့တော့ ဒီအဖွဲ့ က မလုပ်ပါဘူး”

နှစ်ပါးသွားအသစ်နဲ့ တင်မောင်ဆန်းမင်းဝင်း

“မော်ဒန်အငြိမ့်ဆိုတော့မော်ဒန် ဆန်ဆန်ကပေးစေချင်တယ်ဆို တော့ ရိုးရာမပျက်အောင်ထိန်းပြီး ကရမှာပေါ့။ကနေကျမင်းသား၊ မင်းသမီးတွေက အမြဲတမ်းအတွဲ ညီနေတဲ့သူတွေပဲ။အဲဒီမှာကျွန် တော့်ရဲ့ တပည့်လို့လည်း ပြောလို့ရ တဲ့၊ပန်တျာကျောင်းဆင်းအကတအားကောင်းတဲ့ ‘ဆန်းမင်း အောင်’ ဆိုတဲ့သူကို ထည့် ထားတယ်။သူနဲ့ ကျွန် တော် ယောက်ျား လေးနှစ်ယောက်တွဲ ကတဲ့အစီအစဉ်ကို လုပ်ပေးထား တယ်။ မော်ဒန်အငြိမ့် ဆို တော့ ထူးထူးခြားဖြစ် အောင်လေ။ စုံတွဲတွေ လည်း ကမယ့်ကြားမယ် ယောက်ျားလေး နှစ်ယောက်အတွဲပေါ့။ ရိုးရာမပျက်အောင် လည်းတီထွင် ရမှာပေါ့။သဘင်ကိုချစ်တဲ့အတွက် ပါ”

မေမွန်မောင်


ဓာတ်ပုံ-အောင်ဇော်မင်း

Popular Myanmar



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ