ပွင့်လင်း လူ့အဖွဲ့ အစည်းမှာ တိရစ္ဆာန်တွေကို အကာအကွယ် ပေးစေ လိုကြောင်း ချစ်သုဝေ ရင်ဖွင့်လာ


ပိုမို ပွင့်လင်းလာမှု နဲ့ အတူ ယနေ့ မြန်မာနိုင်ငံကြီးမှာ နယ်ပယ် အသီးသီး ကနေ အပြောင်းအလဲတွေ များစွာမြင်တွေ့နေ ရပါပြီ။ နေရာစုံ၊ ကဏ္ဍစုံမှာ လူသားတွေ အားလုံး အတွက် လိုအပ်ချက်တွေကို ဘက်ပေါင်း စုံ၊ ထောင့် ပေါင်းစုံ ကနေ စဉ်းစားပြီး အဖွဲ့အစည်း အသီးသီးမှာ တင်ပြဆွေးနွေး တာ မျိုးတွေ ရှိလာတာ တွေ့ရတယ်လို့ ချစ်သုဝေ က ပြောပါတယ်။

ကိုယ်တိုင်လည်း တိရစ္ဆာန်တွေကို ချစ်မြတ်နိုးတတ်သူ တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေက လတ်တလောမှာ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး အနု ပညာ သမား တစ်ဦး အနေ နဲ့ ပြောပြချင်တဲ့ စိတ်ဆန္ဒတစ်ခု ရှိနေတာမို့ ပြည်သူ လူထုနဲ့ တိုက်ရိုက် ထိတွေ့ဖို့ ပိုမို လွယ်ကူစေတဲ့ မီဒီယာ ကနေ တစ်ဆင့် အကြံပြု ပြောပြ ခဲ့ပါတယ်။

"ထရီဇာက တိရစ္ဆာန်ကို ချစ်ပေမယ့် ထရီဇာ့ မေမေတို့၊ မမ တို့လောက်တော့ တအား ချစ်တဲ့သူထဲ မှာမပါဘူး။ ဒါပေမဲ့ လမ်းဘေး ခွေးလေးတွေ အတွက် ပါ။ နိုင်ငံခြားမှာ ဆိုရင် Society For Provention of Animals ဆိုတာ ရှိတယ်။ သူတို့ကို ဖိတ်ခေါ်ပြီး၊ သူတို့နည်းနာတွေ ယူပြီး လမ်းဘေး ခွေးလေးတွေ အပေါ်မှာ လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ အဲဒီ ပရောဂျက်လေး အတွက်လည်း ထည့်သွင်း စဉ်းစားပေး ကြပါဦး လို့။သတ္တဝါလေးတွေ၊ လမ်းဘေး ခွေးလေးတွေကို ဒဂုံမှာ ဆိုရင်လည်း ထရီဇာ့ အဘွား မွေးထားတဲ့ အစာ အဆိပ် ပစ်ကျွေးတာ မျိုးတွေ ရှိတော့ ခွေးလေး တွေကို သိမ်းထားရတာမျိုး ရှိတယ်။ ထရီဇာ စဉ်းစား ကြည့်တဲ့ အခါမှာ လူ့ရဲ့ အသားကို လာဆိတ်ရင်တောင် နာတယ်။ ဥပမာ-အစားအစာ အခန့်မသင့် လိုက်လို့ ဗိုက်ထဲမှာ ပြဿနာဖြစ်ရင်တောင် လူကမချိမဆံ့ခံရတယ်။ ဒီအသား စိမ်းတွေ ထဲမှာ ကြွက်သတ်ဆေးလိုမျိုး Killing Pounder တွေကို ထည့်ထားတာမျိုး၊ အဆိပ် ထည့်ထားတဲ့ အသား တုံးတွေ ပစ်ကျွေးတာက မြန်မာ လူမျိုးတွေ ရဲ့ အသည်းနှလုံး အတွက် သိပ်ပြီးများ ရက်စက်လွန်းရာ ကျမလားလို့။ မလုပ်မဖြစ်လို့ လုပ်ရမယ် ဆိုရင်လည်း နိုင်ငံခြားမှာ ဆိုရင် ဒီ Society က သူတို့ပရောဂျက်လေးတွေ ဘာရှိလဲ ဆိုရင် သူတို့က လမ်းဘေးခွေး တွေကို လိုက်သင်းကွပ်ပေးတာ။ အမဆို အမတစ်မျိုး၊ အထီးဆိုအထီး တစ်မျိုး လိုက်သင်းကွပ်ပေးတဲ့ အတွက် သူတို့က သူတို့ သက်တမ်း ပြည့်လို့ ရှိရင် သူတို့ဘာ သာသူ တို့ သေသွားမယ်။ မျိုးဆက်လည်း မပြန့် ပွားတော့ဘူး။ လုပ်တော့ လုပ်ရ မှာပဲ။ လုပ်ရတဲ့ အခါမှာ ကရုဏာ အရှိဆုံး၊ အသက် သာဆုံး နည်းလမ်း လေးတွေကို သတ္တဝါ လေးတွေ အတွက် စဉ်းစားပေးမယ် ဆိုရင် အကောင်းဆုံး အဖြေပေါ့။ အခုလိုအဆိပ်တွေ ပစ်ကျွေးပြီး သတ္တဝါ တွေကို သတ်နေ ကြမယ့် အစား ဖိတ်ခေါ် ပြီး နည်းပညာယူ တာ အကောင်း ဆုံးပါပဲ"လို့ ပြောပြခဲ့ပါ တယ်။

ခိုင်ဝေလွင် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ