ဝက်စ်ဟမ်းသို့ ကာရိုးပြောင်းရွှေ့ရေး နောက်ဆုံးအဆင့်သို့ရောက်ရှိ

ဝက်စ်ဟမ်း အသင်းသည် ပြီးခဲ့သည့် ရာသီက လီဗာပူးလ်မှ အငှားခေါ်ယူထားသည့် တိုက်စစ်မှူးကို စတာလင်ပေါင် (၁၆)သန်းဖြင့် အပြတ်ဝယ်ယူရန် စီစဉ်ထားပြီး ယခုအခါ ဆေးစစ်မှု ခံယူရန် အသင့်ရှိနေ . .

အန်ဒီကာရိုးလ်၏ ဝက်စ်ဟမ်း ယူနိုက်တက်သို့ အပြီးသတ် ပြောင်းရွှေ့ရေး ကိစ္စကို နောက်ဆုံးအဆင့် လုပ်ဆောင်နေပြီ ဖြစ်သည်။ ဝက်စ်ဟမ်း အသင်းသည် ပြီးခဲ့သည့် ရာသီက လီဗာပူးလ်မှ အငှားခေါ်ယူထားသည့် တိုက်စစ်မှူးကို စတာလင်ပေါင် (၁၆)သန်းဖြင့် အပြတ်ဝယ်ယူရန် စီစဉ်ထားပြီး ယခုအခါ ဆေးစစ်မှု ခံယူရန် အသင့်ရှိနေသည်။ ဝက်စ်ဟမ်းသည် အသက်(၂၄)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်ကို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ထိ ပေးချေကာ (၆)နှစ် စာချုပ်သွားရန် ရည်ရွယ်ထားသည်။ ထိုအနေအထားသည် ဝက်စ်ဟမ်းအတွက်ရော၊ ကာရိုးလ်အတွက်ပါ ကြီးမားသော စွန့်စားရွေးချယ်ရမှု တစ်ခုသဖွယ် ဖြစ်လာသည်။

ကာရိုးလ်သည် ပင်ကိုယ်ခြေစွမ်း ကောင်းမွန်သူ တစ်ဦးဖြစ်သည့်တိုင် ပေါင်၊ တံကောက်ကြော၊ ဒူးနှင့် ခြေဖနောင့်တို့တွင် ဒဏ်ရာ ပြဿနာများ ကြုံခဲ့ဖူးသည့် မှတ်တမ်းမျိုး ရှိနေသည်။ ကာရိုးလ်အနေဖြင့် လီဗာပူးလ်မှ ဝက်စ်ဟမ်းသို့ အပြီးပြောင်းရွှေ့ရေးကို အလေးအနက် အချိန်ယူ စဉ်းစားခဲ့ပြီး ယခုအခါ အပြီးသတ် သဘောတူလုနီးပါး ဖြစ်လာခဲ့သည်။ ဝက်စ်ဟမ်းနှင့် နီးစပ်သူများက "ကလပ်အသင်းဘက်ကတော့ ကာရိုးလ်ကို ဆေးစစ်ဖို့ ဆန္ဒရှိနေပါပြီ။ သူက အပြီးသတ် သဘောတူလိုက်ရင် မြန်မြန်ဆန်ဆန် ဆေးစစ်မှုတွေ ပြုလုပ်ပြီး စာချုပ်ဖြစ်မှာပါ။ ဒါဟာ ဝက်စ်ဟမ်းအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ ကလပ်ရဲ့ ရည်မှန်းချက် ကြီးမားမှုကိုလည်း ပေါ်လွင်စေပါလိမ့်မယ်"ဟု ပြောကြားသွားသည်။

Planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ