မန်ယူနှင့် အနာဂတ်အား နာနီ အတိအကျ မပြောနိုင်သေး


အသက်(၂၆)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင်သည် အိုးလ်ထရက်ဖို့ဒ်တွင် စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ဖြတ်သန်းနေပြီ ဖြစ်ပြီး အသင်းနှင့် သက်တမ်းတိုး စာချုပ်ရန် သဘောတူညီမှုလည်း မရရှိသေးချေ။

မန်ချက်စတာ ယူနိုက်တက်တွင် ဆက်ကစားဖြစ်မည်၊ မကစားဖြစ်မည် တိတိကျကျ မပြောတတ်သေးကြောင်း တောင်ပံလူ လူးဝစ်နာနီက ဖွင့်ဟ ပြောကြားလိုက်သည်။ အသက်(၂၆)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင်သည် အိုးလ်ထရက်ဖို့ဒ်တွင် စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ဖြတ်သန်းနေပြီ ဖြစ်ပြီး အသင်းနှင့် သက်တမ်းတိုး စာချုပ်ရန် သဘောတူညီမှုလည်း မရရှိသေးချေ။ ၎င်းကို တူရကီကလပ် ဂါလာတာဆာရေးက ပေါင်စတာလင် (၆.၅)သန်းဖြင့် ကမ်းလှမ်းသော်လည်း ယူနိုက်တက်က ပယ်ချခဲ့ပြီး ပြင်သစ် တန်းတက်အသင်း မိုနာကိုကလည်း စိတ်ဝင်စားနေသည်။ နာနီက ပေါ်တူဂီ ကလပ်အသင်း အချို့သည်လည်း မိမိကို စိတ်ဝင်စားနေကြောင်း ဝန်ခံခဲ့သော်လည်း အနာဂတ်ကို တိတိကျကျ မဆုံးဖြတ်နိုင်သေးဟု မှတ်ချက်ပြုသွားသည်။

၎င်းက လားရာကို သတင်းထောက်များက မေးမြန်းခဲ့ရာတွင် နာနီက "ကျွန်တော့် အနာဂတ်လား။ လောလောဆယ် ကျွန်တော် တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော့်လက်ထဲမှာ အားလုံးကို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်စွမ်း ရှိနေတုန်းပဲလို့ ထင်တယ်"ဟု ဆိုသည်။ ၎င်းက "ယူနိုက်တက်က ထွက်မယ်လို့ ကျွန်တော် ယတိပြတ် မပြောနိုင်သေးပါဘူး။ ကိုယ့်အနာဂတ်မှာ ဘာက အကောင်းဆုံးလဲ ဆိုတာကို ကျွန်တော် အရင်စဉ်းစားမယ်။ ပေါ်တူဂီ ကလပ်တချို့က ကျွန်တော့်ကို စိတ်ဝင်စားနေပါတယ်။ ပေါ်တူဂီ အသင်းတွေကိုလည်း ကျွန်တော် လေးစားမှု ရှိတယ်။ အထူးသဖြင့် ကျွန်တော့် အသင်းဟောင်း စပို့တင်း လစ္စဘွန်းပေါ့။ ပြီးတော့ ပေါ်တိုနဲ့ ဘင်ဖီကာတို့ကလည်း အသင်းကောင်းတွေပါ။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော် ဘာကိုမှ အခိုင်အမာ မပြောနိုင်သေးပါဘူး"ဟု ဆက်လက် ပြောကြားသွားခဲ့သည်။

Planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ