မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း ခြေစမ်းပွဲတွင် ထိုင်း၊ ယူအေအီးနှင့် ဘန်ကောက် အသင်းများကို ရှုံးနိမ့်



မြန်မာ့ လက်ရွေးစင် ဖူဆယ်(အမျိုးသား) အသင်းသည် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ဇွန်လ(၂) ရက်နေ့မှ ဇွန်လ(၂၈) ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် လေ့ကျင့်မှုများ ပြုလုပ်ပြီး ခြေစမ်းပွဲ (၃)ပွဲ ကစားခဲ့ရာ ရှုံးပွဲများဖြင့် ကြုံတွေခဲ့ရသည်။

မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း သည် ဇွန်လ ၈ရက်နေ့တွင် ပထမဆုံး ခြေစမ်းပွဲအဖြစ် ဘန်ကောက် အက်ဖ်စီ ဖူဆယ် အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့ရာတွင် ၆-၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဇွန်လ ၁၁ ရက်နေ့တွင် ထိုင်းလက်ရွေးစင် ဖူဆယ်အသင်းနှင့် ပွဲစဉ်တွင် ၈-၃ ဂိုး ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့ရသည်။ ဇွန်လ ၁၄ ရက်နေ့   ခြေစမ်းပွဲစဉ် တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို ယူအေအီး လက်ရွေးစင် ဖူဆယ်အသင်းက ၅-၃ဂိုး ဖြင့်အနိုင် ရရှိသွားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်း အုပ်ချုပ်သူ ဦးကြည်မင်းသိန်းက " ကျွန်တော်တို့ အသင်းအနေနဲ့နောက်ထပ် ခြေစမ်းပွဲ ၃ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ ယှဉ်ပြိုင်ရတဲ့ အသင်းတွေဟာ ထိပ်တန်း အသင်းတွေ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ခြေစမ်းပွဲ တွေမှာ ကျွန်တော့် အသင်းအနေနဲ့ အတွေအကြုံ ကောင်းတွေ အများကြီး ရရှိခဲ့ပါတယ်။ လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရရှိအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ " ဟုပြောကြားသွားခဲ့သည်။

အသင်း အုပ်ချုပ်သူအဖြစ် ဦးကြည်မင်းသိန်း၊ နည်းပြချုပ်အဖြစ် အီရန်နိုင်ငံသားနည်းပြ Mr Saeid နှင့် အုပ်ချုပ်မှုအဖွဲ့ဝင် (၅)ဦး၊ ပဏာမ ကစားသမား (၂၀)ဦး၊ စုစုပေါင်း ၂၅ ဦး ပါဝင်သည့် မြန်မာလက်ရွေးစင် ဖူဆယ်အသင်းသည် Port Football Club၊ Gold Club၊ Sripatum Club အသင်းများနှင့် ခြေစမ်းပွဲများ ထပ်မံကစား သွားမည်ဖြစ်သည်။

Written by Okocha - Myanmar Football Federation

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ