ဟန်ဂေရီ နိုင်ငံသား ဇော့တ်ဆင်ကာ တန် ၅ဝ အလေးချိန်ရှိ လေယာဉ်ကြီး အား သွားဖြင့်ဆွဲပြခဲ့ပြီး စံချိန်သစ်တင်ခဲ့


ဇော့တ်ဆင်ကာ အမည်ရှိ ဟန်ဂေရီနိုင်ငံမှ အမျိုးသား တစ်ဦးသည် တန်
၅ဝ အလေးချိန်ရှိ ကုန်တင်လေယာဉ်ကြီး တစ်စင်းအား ၎င်း၏သွားကိုသာ အသုံးပြု၍ ဆွဲပြခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံအတွက်စံချိန်သစ် တစ်ရပ် တင်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားထားသည်။

ဇော့တ်ဆင်ကာသည် Airbus A320 လေယာဉ်အား ဘူဒါပတ်မြို့ရှိ Liszt Ferenc လေဆိပ်၌ ဇွန် ၂ဝ ရက်တွင် ၅၂ စက္ကန့်အတွင်း ၃၉ ဒသမ ၂ မီတာ အထိ သွားဖြင့် အောင်မြင်စွာ ဆွဲပြနိုင်ခဲ့ခြင်း ဖြစ်သည်။ အားကောင်းသော ၎င်းပုဂ္ဂိုလ်သည် လေယာဉ်နှင့်ချိတ်ဆွဲထားသော အဝါရောင် ကြိုးတစ်ချောင်း
ကို ၎င်း၏ ပါးစပ်အတွင်းကိုက်၍ ဆွဲပြခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပြုလုပ်နေစဉ် အတွင်း အမျိုးသမီးများက ၎င်းအား နံဘေးမှနေ၍ ကြွေးကြော် အားပေး
ခဲ့ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ