မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခု မဖြစ်စေချင်ဘူးဆိုတဲ့ ချမ်းချမ်း

မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခု မဖြစ်စေချင်ဘူးဆိုတဲ့ ချမ်းချမ်းချမ်းချမ်း ကတော့ ပွင့်လင်း လာတယ်ဆိုတဲ့ နေရာမှာ တခြားနေ ရာတွေမှာ ပိုပွင့်လင်း စေချင်တယ်။ စာပေ၊ အနုပညာမှာ ပွင့်လင်းတယ် ဆိုတာက အသိဥာဏ် တိုးတက်လို့ ဖွံ့ဖြိုးတာကို ပိုဖြစ်စေ ချင်တယ်။

 ဆင်ဆာရလို့ ဝတ်ချင်တာ ဝတ်မယ်၊ ကိုယ်ရိုက်ချင်တာ ရိုက်မယ်ဆိုတာ ထက် အဲဒီဟာတွေ မပါဘဲ ကောင်း တဲ့ဇာတ်လမ်း တွေဖန်တီးလို့ရပါ တယ်။ အဓိက ကတော့ ကင်မရာ တွေ၊ ကိုယ် Creation လုပ်မယ့် Animation တွေ တိုးတက်လာရင် ပိုကောင်းတယ်။

 အနုပညာနဲ့ပတ် သက်ရင် မြန်မာနိုင်ငံမှာ အဆင့်အ ရမ်းနိမ့်တယ်။ ရယ်မယ်ဆိုရင် ကလိ ထိုးရယ်ရတဲ့ ဟာသတွေ၊ သရဲကား တွေဆိုလည်း Animation မနိုင်တဲ့အတွက် ဟာသတွေ ဖြစ်နေ
တယ်။ အဆင့်မီချင်တယ်ဆို ဇာတ်လမ်း၊ ဇာတ်ညွှန်း တွေကအစ သေချာ စိစစ်စေချင်တယ်။ ပြီးစလွယ် နေရာ တွေမှာမ ရိုက်စေချင်ဘူး။ ချမ်းချမ်း ကတော့ မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခုမဖြစ်စေချင်ဘူး။ အခုဆို ကားရုံတင်တယ်။

ထိုင်းနိုင်ငံဆိုတာ မြန်မာနဲ့ သိပ်မခြားဘူး။ ထိုင်းနိုင်ငံကကားကို ဒီမှာတစ်ရက်ပြီးတစ်ရက်တိုးပြီး ကြည့်ရတာ သူတို့က အရည်အချင်း ရှိလို့လေ။ အရည်အချင်းရှိရင်ရန် လိုတင်ပြနိုင်အောင်
စဉ်းစားဖို့နေနေ သာသာ မြန်မာတွေက ဘယ်နှရက် ပြီးအောင်ရိုက်ဖို့၊ ဘယ်လိုပိုက်ဆံ ကိုချုံ့ဖို့၊ ဘယ်လိုစရိတ်သက်သာ အောင်လုပ်ဖို့၊ ဘယ်သူ့သမီးမို့ထည့်တယ်၊ ဘယ်သူ့သားမို့ထည့်တယ်။

အဲဒါတွေကိုမလုပ်ပါနဲ့တော့။ အရည်ချင်းရှိတဲ့ဟာဆို Animation ဆို သင်ယူ ရမယ်။ အရမ်း တော်တဲ့သူ တွေကို ခေါ်သုံးရမယ်။ အဲဒီလိုမလုပ်ဘဲနဲ့တော့ မတိုးတက် နိုင်ဘူး။ ပြီးတော့ စဉ်းစားပါ။ ကိုယ်လုပ်မှာက ရေရှည်သွားဖို့လား။ ပေါ်ပင် ပိုက်ဆံရဖို့လားဆိုတာကိုလေ။ ဒါက အဓိကကျမယ်လို့ ထင်တယ်။ အဲ ဒါမှပဲ အနုပညာက တိုးတက်မှာပါ။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ