ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုစေချင်တယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်းလတ်တလောမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ကိုဟဲလေးရဲ့ ဗီစီဒီ ခွေအတွက် ထွန်းကိုကိုနဲ့ သီချင်းတစ် ပုဒ် ရိုက်ထားတယ်။ ဇာတ်ကားက တော့ ကိုမင်းမော်ကွန်းနဲ့ ဆက်တိုက် ရိုက်ဖြစ် နေပါတယ်။ ဇာတ်ကားတွေကိုတော့ သဉ္ဇာအနေနဲ့ အနုပညာလုပ်ကွက်ရမယ်၊ အခန်းများမယ်ဆိုရင် လက်ခံရိုက်ကူး ဖြစ်ပါတယ်။ အနုပညာ လောကမှာ အနုပညာ သမားအချင်းချင်း ပေါ်တင် ဝေဖန်တယ်
ဆိုတာမျိုးက ရှားပါတယ်။
ဒါပေမဲ့ အဲဒီလို မျိုးကြုံခဲ့ ဖူးတယ်။ အဲဒီတုန်းက သဉ္ဇာက ငယ်သေးလို့ ရင်ဆိုင်ဖို့ ခဲယဉ်းခဲ့တယ်။ အခုတော့ ကိုယ့်ကို မကောင်း ပြောလာရင် မသိသလိုဘဲ နေတော့မယ်။ သူတို့နဲ့ ခပ်ဝေးဝေး မှာနေမယ်။ အဲဒီလိုဘဲ ဆုံးဖြတ်ထားတယ်။ သဉ္ဇာက မြန်မာနိုင်ငံက မင်းသမီး တစ်ယောက်လည်း ဖြစ်တယ်။ ပြီး တော့ မြန်မာနိုင်ငံပရိသတ်ကို ကိုယ့်ရဲ့အနုပညာ ချပြချင်တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့လက်ခံ ပေးထား ပြီးကိုယ့်ထက် စီနီယာကျတဲ့ အစ်ကို၊ အစ်မတွေရဲ့ ကားကို အမြဲကြည့်
ဖြစ်တယ်။
အင်္ဂလိပ် ကားတွေ၊ ကိုရီးယား ကားတွေကိုလည်း ကြည့်တော့ ကြည့်ပေမယ့် မြန်မာကားတွေကို အဓိက ဦးစား ပေးပြီးတယ်။ အိုက်တင်တွေ လေ့လာတယ်။ အဝတ်အစားဆိုရင်လည်း ကိုယ်က အရမ်းကြီး ခေတ်ရှေ့ပြေး နေတဲ့ပုံစံမျိုး မဖြစ်အောင် စီနီယာ တွေရဲ့ဝတ်စား ဆင်ယင်ပုံကို အမြဲ ကြည့်ပြီး လေ့လာဖြစ်တယ်။ သဉ္ဇာ့ ဘက်က သရုပ်ဆောင် ကောင်းတစ် ယောက်ဖြစ်အောင် အမြဲကြိုးစားပြီး လေ့လာသင်ယူ နေတာမို့လို့ ပရိသတ်တွေက စောင့်ကြည့်ပြီး သဉ္ဇာရဲ့ ကြိုးစား အားထုတ်မှုကို အသိအ မှတ်ပြုစေချင်ပါတယ်။
8 DAYS A WEEK ENTERTAINMENT
ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုစေချင်တယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin