ဂျနီဖာလို ပက်ဇ်အား ဟောလီးဝုဒ် Walk of Fame က ၂၅ဝဝ ဦးမြောက် အနုပညာရှင် အဖြစ် ဂုဏ်ပြု


ကမ္ဘာကျော် အဆိုတော် မင်းသမီးချော ဂျနီဖာလိုပက်ဇ်အား ဟောလီးဝုဒ် Walk of Fame တွင် ၂၅ဝဝ ဦးမြောက် အနု ပညာရှင် အဖြစ် ဂုဏ်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ဂျနီဖာလို ပက်ဇ်၏ ဂုဏ်ပြုပွဲ အခမ်း အနားကို လော့စ်အိန်ဂျလိစ် မြို့တွင်
ဇွန် ၂ဝ ရက်၌ ကျင်းပ သွားမည် ဖြစ်သည်။ အသက် ၄၃ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ဂျနီဖာသည် ပေါ့ပ်ဂီတဖြင့် အောင်မြင်မှုမရရှိမီ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဂျနီဖာအား Walk of Fame တွင် ဂုဏ်ပြု သွားရန် ၂ဝ၁၁ ခုနှစ်ကလည်း လျာထားခဲ့ဖူးကြောင်း သိရသည်။

ဂျနီဖာသည် ၁၉၉ဝ ပြည့်လွန် နှစ်များ နောက်ပိုင်းက ရိုက်ကူး ခဲ့သော In Living Color စိတ်ကူးယဉ် သိပ္ပံ ဇာတ်ကားနှင့် Maid in Manhattan ဇာတ်ကား တို့ဖြင့် ဟောလီးဝုဒ် စတား တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်သည်။ ထို့နောက် ဂျနီဖာသည် အမေရိကန် ရုပ်သံ၏ အအောင်မြင်ဆုံး အစီအစဉ် တစ်ခုဖြစ်သည့် American Idol သီချင်းဆို ပြိုင်ပွဲတွင်လည်း ဒိုင် အဖြစ် ဆောင်ရွက်ခဲ့ပြီး အောင်မြင် ကျော်ကြားခဲ့သူ တစ်ဦး ဖြစ်သည်။

နောက်ပိုင်းတွင် ကိုယ်ပိုင် အမှတ် တံဆိပ် အဝတ် အစားနှင့် ရေမွှေးများ ထုတ်လုပ်သည့် ကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် အမေရိကန်
ဒေါ်လာ ၅၂ သန်းဖြင့် ဝင်ငွေ အများဆုံး အနုပညာရှင်အဖြစ် Forbes မဂ္ဂဇင်းက ရွေးချယ်ခဲ့သည်ဟု သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ