မန်ချက်စတာ ယူနိုက်တက် အနေဖြင့် အဓိက တိုက်စစ်မှူး ဝိန်းရွန်နီကို ပရီးမီးယားလိဂ် ပြိုင်ဘက်များထံ လက်လွှဲ ရောင်းချမည် မဟုတ်ဟု အခိုင်အမာ ဆုံးဖြတ်လိုက်သည်။
အသင်းတွင် လတ်တလော မတည်မငြိမ် ဖြစ်နေသည့်တိုင် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးကို ပြည်တွင်း ပြိုင်ဘက်များထံ ရောင်းထုတ်ခြင်း မပြုရန် ယူနိုက်တက် တာဝန် ရှိသူများက စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်သည်။ ချယ်လ်ဆီး မန်နေဂျာသစ် ဟိုဆေး မော်ရင်ဟိုက ရွန်နီအား ဖိတ်ခေါ်သည့် သဘောမျိုး မှတ်ချက်စကား ပြောဆို ခဲ့သော်လည်း အင်္ဂလန် အမှတ်ပေး ချန်ပီယံ အသင်းကမူ ကြယ်ပွင့် ကစားသမားများကို ပြိုင်ဘက်ထံ လက်လွှဲပေးလေ့ မရှိသည့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်း ရပ်တည်သွားမည် ဖြစ်သည်။
ယူနိုက်တက်သည် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကတည်းက အသင်းမှ အဓိက ကစားသမားများအား ပြည်တွင်း ပြိုင်ဘက်များထံ မရောက်ရှိအောင် ထိန်းသိမ်း ထားခဲ့သည်။ ချယ်လ်ဆီးသည် အရှုပ်အထွေး အခြေအနေ တစ်ခုကြားမှ ဂျွန်အို ဘီမီခေးလ်ကို ယူနိုက်တက်ထံမှ လက်လွှဲ ယူဖူးသလို အရန် ကစားသမား ဟွမ်ဆီဘက်စတီယန် ဗီရွန်ကိုလည်း ခေါ်ယူခဲ့သည့်တိုင် အဓိက ကြယ်ပွင့် ကစားသမား တစ်ဦးဦးကိုမူ အတည်ပြု ချဉ်းကပ် အောင်မြင်ခဲ့ခြင်း မရှိဖူးချေ။
ရွန်နီကို ချယ်လ်ဆီး၏ လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်ကလည်း စိတ်ဝင်စား နေသည့်တိုင် ယူနိုက်တက်ဘက်မှ တုံ့ပြန်မှုသည် ခေါင်းခါမှုသာ ဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ ယူနိုက်တက်သည် နှစ်ပေါင်းများစွာ အတွင်း (၂၀၀၈)ခုနှစ်က အရန် ကစားသမား မစ်ကယ် ဆီဗက်စတား တစ်ဦးတည်းကိုသာ အာဆင်နယ်သို့ ရောင်းထုတ် ခဲ့ဖူးသည်။ ယူနိုက်တက်၏ ခံစစ်မှူးဟောင်း ဂါဘရီရယ်လ်ဟိန့်ဇ်သည် လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် ကြိုးစား ဖူးသော်လည်း အသင်းက လုံးဝ လက်မခံဘဲ ဆန့်ကျင် ခဲ့သည့်နောက် ရီးယဲလ်မက်ဒရစ် အသင်းသို့သာ ပြောင်းရွှေ့ သွားခဲ့ဖူးသည်။
ယူနိုက်တက်သည် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကတည်းက အသင်းမှ အဓိက ကစားသမားများအား ပြည်တွင်း ပြိုင်ဘက်များထံ မရောက်ရှိအောင် ထိန်းသိမ်း ထားခဲ့...
ရွန်နီ ကိစ္စတွင် အသင်းက တိတိကျကျ ဆုံးဖြတ်မှု မရှိသေးသလို ကစားသမားသည် ဇူလိုင်လ (၃)ရက်နေ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များ မတိုင်မီ အသင်းနှင့် ပြန်လည် ပူးပေါင်းရန် စီစဉ်ထားသည်။ ၎င်းသည် အသင်းနှင့် အတူ ကမ္ဘာ့အရှေ့ဖျား ခြေစမ်း ခရီးစဉ်သို့ အသင်းဖော်များနှင့် အတူ လိုက်ပါရန်လည်း ရှိနေကြောင်း သိရသည်။ သတင်းများက မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်သည် ရာသီကြို အစီအစဉ်များ မတိုင်မီ ရွန်နီနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဟုလည်း ဖော်ပြလျှက် ရှိသည်။
Ref: Daily Mail
Written by Admin Team (Soccer Myanmar)
ရွန်နီကို ပြည်တွင်း ပြိုင်ဘက်များထံ ရောင်းချခြင်း မပြုရန် စိတ်ပိုင်း ဖြတ်ထားသည့် မန်ချက်စတာ ယူနိုက်တက်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin