ဘာစီလိုနာမှ မထွက်ခွာ လိုကြောင်း ဖာဘရီဂက်စ် ဖွင့်ဟ
ဘာစီလိုနာတွင်သာ ဆက်လက် ကစားခွင့် ရရန် မိမိ မျှော်လင့်ထားကြောင်း ဆက်စ်ဖာဘရီဂက်စ်က ထုတ်ဖော် ပြောကြားလိုက်သည်။
မန်ချက်စတာ ယူနိုက်တက် အသင်းက စိတ်ဝင်စား နေကြောင်း သတင်းများ တွင်တွင်ကျယ်ကျယ် ထွက်ပေါ် နေသည့်တိုင် စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမားက ၎င်း၏ ငယ်မွေးခြံပေါက် ကလပ် အသင်းတွင်သာ ဆက်လက် ကစား နေလိုကြောင်း ဆိုသည်။ ဘာစီလိုနာသည် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာကို ခေါ်ယူ လိုက်ခြင်းကြောင့် ယခုအခါ ဖာဘရီဂက်စ်၏ ပွဲထွက်ခွင့် အခြေအနေမှာ ပိုမို ကျပ်တည်း နည်းပါးလာမည့် သဘော ရှိနေသည်။ သို့သော်လည်း အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းက နူးကမ့်တွင် နေရာအတွက် ဆက်လက် တိုက်ပွဲ ဝင်သွားမည်ဟု ပြောကြားခဲ့သည်။
"ဒီကို ကျွန်တော် ရောက်လာခွင့် ရဖို့ အများကြီး ပေးဆပ် ခဲ့ရတယ်။ ဘာမှဖြစ်မလာသေးတဲ့ အခြေအနေမှာ ဒီအခွင့်အရေးကို လွှင့်ပစ်လိုက်ဖို့ ကျွန်တော် မစဉ်းစားနိုင်ဘူး။ တကယ်လို့ ဘာစီလိုနာက သူတို့ ကျွန်တော့်ကို မလိုချင်တော့ဘူးလို့ ပြောလာမယ် ဆိုရင်တော့ ဒါက တခြားကိစ္စ တစ်ခုပေါ့။ ဒါပေမဲ့ ကျွန်တော် တကယ်တမ်း ဖြစ်ချင်တာက ဘာစီလိုနာနဲ့အတူ အောင်မြင်မှုတွေ ရှာဖွေဖို့ပါ။ ဒါဟာ ကျွန်တော် ငယ်ငယ်လေး ကတည်းက မက်ခဲ့တဲ့ အိပ်မက်တစ်ခု၊ ဘာစီလိုနာဆိုတာ ကျွန်တော့်အိမ်ပါ။ ဒီမှာ အောင်မြင်ဖို့ ကျွန်တော် အမြဲတမ်း အိပ်မက်နေခဲ့တာပါ"ဟု ဖာဘရီဂက်စ်က ဖွင့်ဟခဲ့သည်။
ဒီကို ကျွန်တော် ရောက်လာခွင့် ရဖို့ အများကြီး ပေးဆပ်ခဲ့ရတယ်။ ဘာမှဖြစ်မလာသေးတဲ့ အခြေအနေမှာ ဒီအခွင့်အရေးကို လွှင့်ပစ်လိုက်ဖို့ ကျွန်တော် မစဉ်းစားနိုင်ဘူး။ တကယ်လို့ ဘာစီလိုနာက သူတို့ ကျွန်တော့်ကို မလိုချင်တော့ဘူးလို့ ပြောလာမယ် ဆိုရင်တော့ ဒါက တခြားကိစ္စ တစ်ခုပေါ့။ ဒါပေမဲ့ ကျွန်တော် တကယ်တမ်း ဖြစ်ချင်တာက ဘာစီလိုနာနဲ့အတူ အောင်မြင်မှုတွေ ရှာဖွေဖို့ပါ...
၎င်းက "တချို့က ကျွန်တော် ပွဲကစားခွင့် နည်းတဲ့အကြောင်း ပြောကြတယ်။ ဒါပေမဲ့ အဲဒါကြောင့် ကျွန်တော် ပိုသန်မာလာတာပါ။ ပရိသတ်က ကျွန်တော့်ကို လှောင်ပြောင်လာမယ် ဆိုရင်တောင် ကျွန်တော် လက်ခံနိုင်ဖို့ လိုပါတယ်။ လက်ရှိ အခြေအနေဟာ ကျွန်တော့် ဘဝမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာတယ်ဆိုတာ အရင်ဆုံး လက်ခံ သိရှိသူဟာ ကျွန်တော်ပဲလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပွဲစဉ် ခပ်များများတော့ ကစားချင်ပါတယ်" ဟုလည်း ပြောဆို သွားခဲ့သည်။
Ref: The Sun
Written by Admin Team (Soccer Myanmar)
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin