လေဗာကူဆင်တိုက်စစ်မှူး ရှာရဲလ်ကိုခေါ်ယူရန် ချယ်လ်ဆီး သဘောတူညီမှုရ


လန်ဒန် ကလပ်အသင်းသည် အသက်(၂၂)နှစ်ရှိ ဂျာမနီ လက်ရွေးစင်ကို လပေါင်းအတန်ကြာ ချိတ်ဆက် ဆွေးနွေးမှု ပြုလုပ်ခဲ့ရသော်လည်း ယခုအခါ ကလပ်အသင်း နှစ်ခုကြား တိတိကျကျ သဘောတူညီမှု ထွက်ပေါ်လာခြင်းဖြစ်

ချယ်လ်ဆီး အသင်းသည် ဘေယာလေဗာကူဆင် တိုက်စစ်မှူး အန်ဒရီ ရှာရဲလ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု သိရှိရသည်။ လန်ဒန် ကလပ်အသင်းသည် အသက်(၂၂)နှစ်ရှိ ဂျာမနီ လက်ရွေးစင်ကို လပေါင်းအတန်ကြာ ချိတ်ဆက် ဆွေးနွေးမှု ပြုလုပ်ခဲ့ရသော်လည်း ယခုအခါ ကလပ်အသင်း နှစ်ခုကြား တိတိကျကျ သဘောတူညီမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ချယ်လ်ဆီးတွင် မန်နေဂျာသစ် ဟိုဆေး မော်ရင်ဟို တာဝန်ယူမည်ဖြစ်ရာ ရှာရဲလ်၏ အနေအထားအတွက် မေးခွန်းထုတ်စရာ ဖြစ်လာသည့်တိုင် အသင်းက အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်သည်အထိ ဆက်လက် ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့သည်။

ချယ်လ်ဆီးက ရှာရဲလ်အတွက် သဘောတူညီမှု တည်ဆောက်နိုင်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာကာ ကစားသမားနှင့် ပုဂ္ဂိုလ်ရေး ညှိနှိုင်းမှု၊ ဆေးစစ်မှု အပါအဝင် အသေးစိတ် အခြေအနေ အချို့ကိုမူ ဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ကြေညာခဲ့သည်။ ပြောင်းရွှေ့ကြေးကို တိတိကျကျ မသိရသော်လည်း ပေါင်စတာလင် (၁၈)သန်း ဝန်းကျင် ဖြစ်နိုင်ကြောင်း သတင်းများက ဆိုသည်။ လေဗာကူဆင်သည် ရှာရဲလ်ကို လက်မလွှတ်မီ ကတည်းက ၎င်းနေရာ အစားထိုးမှုအဖြစ် ဟမ်းဘာ့ဂ်မှ တောင်ကိုရီးယား လက်ရွေးစင် အသက်(၂၀)အရွယ် တိုက်စစ်မှူး ဟောင်မင်ဆွန်းကို အစားထိုး ခေါ်ယူခဲ့ပြီး ဖြစ်သည်။

Source: Goal

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ