ကာဗာနီကိုခေါ်ယူရန် မန်စီးတီး ဆွေးနွေးလျက်ရှိ


အီတလီကလပ် နာပိုလီ အသင်းသည် မိမိတို့၏ အီတလီ စီးရီးအေ ဂိုးသွင်းဘုရင် တိုက်စစ်မှူးကို စာချုပ်ပါ သတ်မှတ် ဈေးနှုန်းအတိုင်း ပေါင်စတာလင် (၅၃)သန်းဖြင့် ကမ်းလှမ်းမှုမျိုးကိုသာ လက်ခံ စဉ်းစားမည်ဟု ပြောကြားထား

ချယ်လ်ဆီး အသင်းက ပစ်မှတ်ထား ကြိုးစားနေသော်လည်း အီဒင်ဆန် ကာဗာနီကို မန်ချက်စတာ စီးတီးက လက်တွေ့ ချဉ်းကပ် ဆွေးနွေးနေပြီဖြစ်ကြောင်း ကစားသမား၏ မိခင်က ထုတ်ဖော် ပြောကြားလိုက်သည်။ အီတလီကလပ် နာပိုလီ အသင်းသည် မိမိတို့၏ အီတလီ စီးရီးအေ ဂိုးသွင်းဘုရင် တိုက်စစ်မှူးကို စာချုပ်ပါ သတ်မှတ် ဈေးနှုန်းအတိုင်း ပေါင်စတာလင် (၅၃)သန်းဖြင့် ကမ်းလှမ်းမှုမျိုးကိုသာ လက်ခံ စဉ်းစားမည်ဟု ပြောကြားထားသည်။ ချယ်လ်ဆီး မန်နေဂျာသစ် ဟိုဆေး မော်ရင်ဟိုသည် အသင်း၏ တိုက်စစ်အားဖြည့်ရေး စီမံကိန်းအတွက် ကာဗာနီကို အဓိက ဆက်သွယ်နေသော်လည်း ယခုအခါ အင်္ဂလန် ပြည်တွင်းပြိုင်ဘက် မန်စီးတီးက ပိုမို ခြေလှမ်းသွက်သွက် လှုပ်ရှားနေသည်ဟု ယူဆစရာ ဖြစ်လာခဲ့သည်။

အသက်(၂၆)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် ကာဗာနီ၏ မိခင်ဖြစ်သူ ဘာတာဂိုမက်ဇ်က "လောလောဆယ် ကျွန်မသား တကယ်တမ်း စကားပြောနေတာက ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးပါ။ နာပိုလီဥက္ကဋ္ဌ အော်ရယ်လီယို ဒီလော်ရန်တေးက ချယ်လ်ဆီးနဲ့ ဆွေးနွေးနိုင်ခြေ ရှိတယ်လို့ ပြောထားပေမယ့် ဘာမှတော့ ခိုင်ခိုင်မာမာ မဟုတ်ပါဘူး။ နောက်ထပ် (၁၅)ရက်၊ ရက်(၂၀)လောက် ကြာရင်တော့ ကျွန်မတို့ အနေနဲ့ ကာဗာနီရဲ့ လားရာကို မှန်းလို့ရမယ် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ သူမက ကာဗာနီသည် အသင်းပြောင်းဖြစ်လျှင်လည်း နာပိုလီကိုမူ ချစ်မြတ်နိုးနေမည်သာ ဖြစ်ကြောင်းလည်း ဆိုသည်။

ဘာတာက "ဘာဖြစ်ဖြစ်ပါ။ ကျွန်မ သေချာပေါက် ပြောနိုင်တာက ကာဗာနီဟာ နာပိုလီကို ချစ်တယ်ဆိုတာပဲ။ တကယ်လို့ သူအသင်းက ထွက်ဖြစ်ရင်တောင် ဒီအသင်း ပရိသတ်ရဲ့ ချစ်ခင်မှုနဲ့ စူးစိုက်လေးနက်မှုကို သူဘယ်တော့မှ မေ့မယ် မထင်ဘူး"ဟုလည်း မှတ်ချက်ပြုသွားသည်။

Source: DailyMail

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ