အနုပညာ ပျိုးခင်းက ဆရာတွေ ရွေးပေးတဲ့ ဇာတ်တွေကို ရိုက်ဖြစ်နေတဲ့ ယုသန္တာတင်


ယုသန္တာတင်က ‘ပြည်သူ့အတွက် သက်တံရောင်’ ဆိုတဲ့ဇာတ်ကားကို မြင့်မြတ်၊ ဒါရိုက်တာမီးပွားတို့နဲ့ ရိုက် ကူးနေပါတယ်။ နိုင်ငံတော်အကျိုးပြု ဇာတ်ကားလေးဖြစ်ပြီး လတ်တလော မှာတော့ ခပ် အေး အေး ဇာတ်ရုပ် မျိုး လေးတွေပဲ ရိုက်ဖြစ်နေတယ်လို့ ပြောပြပါတယ်။”ယုရိုက်တဲ့ဇာတ် ကား လေးတွေ ကို ပရိသတ်လည်း ကြည့်ရ တာ အဆင်ပြေအောင်၊ ယုကိုလည်း ပရိသတ်တွေ မှတ်မိအောင် အတတ် နိုင်ဆုံးကြိုးစားပြီး သရုပ်ေ ဆာင်ပါ တယ်။ ပရိသတ်တွေက အခုနောက် ပိုင်း ပိုပြီးအားပေးလာကြသလို ယုကို ဇာတ်ရုပ်ငြိမ်ငြိမ်လေးတွေနဲ့ တည် တည်ငြိမ်ငြိမ်လေးတွေကို ပိုသဘော ကျကြတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျရင်လည်း ကလေးဆန်ဆန်ဂျစ် ကန်ကန်ပုံစံလေးတွေလည်း ရိုက် ကြည့်ချင်ပါတယ်”လို့ ပြောပြပါ တယ်။ ဇာတ်ကားတွေကို အနုပညာ ပျိုးခင်းက ဆရာတွေက ရွေးပေးတဲ့ ဇာတ်တွေကို ရိုက်ဖြစ်နေတယ်လို့ ပြောပြတဲ့ယုသန္တာတင်က “ယုက ဘယ် လိုဇာတ်မျိုးဆိုပြီးတော့မတောင်း ဆိုဘူး။ဒါပေမဲ့ ယုဆီရောက်လာတဲ့ ဇာတ်တွေက တော်တော်များများ ယုနဲ့လိုက်တဲ့ဇာတ်တွေများတယ်။ အကုန် လုံးက ယုနဲ့ လိုက်ဖက်တဲ့ ဇာတ်တွေဖြစ်သလို ဇာတ်ကားတွေ ထွက်လာတော့ပရိသတ်တွေက ကိုယ့် ကိုလက်ခံတယ်” လို့ ပြောပြပါတယ်။

မေမွန်မောင် -  Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ