ခဏလေး ထလောင်တဲ့ ကောက်ရိုးမီးလို အောင်မြင်မူ မဖြစ်ချင်ဘူးဆိုတဲ့ ရေဗက္ကာဝင်းအောင်မြင်မှု ဆိုတာ ကိုယ့်ရဲ့ အောင်မြင်မှုက ကိုယ်ကိုယ်တိုင် လည်း စိတ်ချမ်း သာရမယ်။ အများ သူငါ ကလည်း လိုလို လားလားလက် ခံထားတဲ့ အောင်မြင်မှုမျိုး ဖြစ်ရမယ်။ အဲဒါမျိုးကို အောင်မြင်မှုလို့ ရေဗက္ကာ ထင်ပါတယ်။ အောင်မြင်မှု ရဖို့က ကံ၊ ဥာဏ်၊ ဝီရိယ အကုန်လုံးပေး ဆပ်ရမယ်။ မဆုတ်မနစ် ကြိုးစားရ မယ်။ ကိုယ်က ဖြစ်ချင်တဲ့ စိတ်ရှိရင် မဖြစ်ဖြစ်အောင် ကြိုးစားရမယ်။ ဘယ်လောက် အထိကြိုး စားရမလဲ ဆိုရင်တော့ အောင်မြင်မှု မရမချင်း ပေါ့။ အောင်မြင်မှုနဲ့ ကျော်ကြားမှုက မတူပါဘူး။
အောင်မြင်မှုဆိုတာ ကျော်ကြားချင်မှ ကျော်ကြားမှာပါ။ ရေဗက္ကာ ကတော့ အောင်မြင်မှုဆို တာမျိုးပဲ လိုချင်ပါတယ်။ ကျော် ကြားမှုဆိုတာ ကြာရင်မေ့ကုန်တာ ပါပဲ။ လွန်ခဲ့တဲ့ နှစ် ၁၀ဝ ကျော်က ကျော်ကြားခဲ့တဲ့သူက အခုချိန်ထိ ကျော်ကြားတယ် ဆိုတာ မရှိပါဘူး။ အတိုင်းအတာ တစ်ခုထိပဲ ကျော် ကြားတာပါ။ အောင်မြင်မှုဆိုတာ ကိုယ်ကိုယ်တိုင်လည်း ကျေနပ်စေ နိုင်တဲ့ အရာ၊ ပြီးတော့ ကိုယ့်ပတ် ဝန်းကျင်က လိုလိုလားလားနဲ့ပေး အပ်ထားတဲ့အရာဆိုတော့ အောင် မြင်မှုက ပိုတန်ဖိုး ရှိတယ်လို့ ရေဗက္ကာ ထင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာ ဘယ်ပေတံနဲ့ တိုင်းမလဲပေါ့။ တိုင်းတာ စရာပေတံတွေ အများကြီး ရှိမယ်ထင်ပါတယ်။ ရေဗက္ကာက တော့ ဘုရားပေး သလောက်ပဲပေါ့။ ကိုယ့်ရဲ့လက်ရှိ အနေအထားကို အ မြဲတမ်း လက်ခံ နိုင်အောင်ကြိုးစား တယ်။ ဒါက ရေဗက္ကာ လက်ခံထားတဲ့ အောင်မြင်မှု ပေတံပါ။
ပတ်ဝန်းကျင် ကတိုင်းတာတဲ့ ပေတံနဲ့ယှဉ်ရင်တော့ ကိုယ်အောင်မြင်လား၊ မအောင်မြင် ဘူးလားဆိုတာ ပတ်ဝန်းကျင်ကပဲ သိမှာပါ။ ရေဗက္ကာကတော့ အောင် မြင်မှုဆိုတာ အရည်အချင်းပေါ်မှာ မူတည်တာပဲဖြစ်စေချင်တယ်။ ငါး ပွက်ရာငါးစာချပြီးတော့ ခဏလေး ထလောင်တဲ့ကောက်ရိုးမီးလိုမဖြစ် စေချင်ဘူး။ အောင်မြင်မှုဟာ အ ရည်အချင်းပေါ်မှာပဲ အခြေခံပါစေ လို့ပဲ လူငယ်တွေကို အကြံပေးချင်ပါ တယ်။
By 8 Days
ခဏလေး ထလောင်တဲ့ ကောက်ရိုးမီးလို အောင်မြင်မူ မဖြစ်ချင်ဘူးဆိုတဲ့ ရေဗက္ကာဝင်း
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin