ဂေါက်သီးရိုက် အားကစားနည်းနဲ့ နန်းဆုရတီစိုး

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၇ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ကို ဒီဇင် ဘာလအတွင်းမှာ ကျင်းပ တော့ မှာဖြစ်ပါတယ်။ အားကစား နည်း၃၃မျိုးထည့်သွင်းကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲကြီးကို ဒီဇင် ဘာ၁၁ကနေ၂၂အထိ ရန်ကုန်၊မန္တလေး၊နေပြည်တော် နဲ့ ငွေဆောင်နေရာလေးခုမှာ ကျင်းပမှာပါ။

ဆီးဂိမ်းပြိုင် ပွဲကြီး နီးကပ်လာတာနဲ့အမျှ ပရိသတ်တွေတက်တက်ကြွကြွ အားပေးမှုတွေနဲ့ စည်ကားေ စဖို့အတွက် ပေါ်ပြူလာဂျာနယ် ကနေ အနုပညာရှင်တွေနဲ့ကစားနည်းတွေကို တင်ဆက်ခဲ့ ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲကြီး ကျင်းပဖို့ ၂၈ပတ်သာလိုေ တာ့တဲ့ အချိန်မှာတော့ဂေါက်သီးရိုက်အား ကစားနည်းကို အနု ပညာရှင် နန်းဆုရတီစိုးနဲ့ ရိုက်ကူးတင်ဆက်လိုက်ပါ တယ်။

အနုပညာရှင်တစ်ေ ယာက်အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲကြီးကို ပြည်သူတွေကြားထဲ ပြန့်နှံ့ အားပေးကြ အောင် လှုံ့ဆော်ရ တာ ဘယ်လိုခံ စားရလဲလို့ နန်းဆုရတီစိုးကို မေး ကြည့် တော့ “ဆီးဂိမ်းပြိုင်ပွဲကြီးကအလှည့် ကျအနေနဲ့နှစ်လေးဆယ်လောက် ကြာမှလုပ်ခွင့်ရတာ။ ပြည် သူတွေကို ဆီးဂိမ်းပြိုင်ပွဲ ကြီးနဲ့ပတ်သက်ပြီး အနုပညာရှင်တစ်ယောက်အနေနဲ့ ပါဝင် လှုံ့ဆော်ခွင့်ရတာ ဝမ်းသာပါတယ်။ကိုယ့်နိုင်ငံကပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစား သမားတွေကို နိုင်ငံသားတွေအနေနဲ့ အားပေးရာလည်း ရောက် တယ်လေ။အနုပညာရှင်တွေ တစ်တပ်တစ်အားပါဝင်ခြင်းက လည်းသူတို့ကိုအားတက်ေ စမယ် လို့ထင်ပါတယ်။ပြိုင်ပွဲမှာ ကိုယ့်ရဲ့ နိုင်ငံကို ဆုတံဆိပ်တွေအများကြီးရစေချင်တယ်။နန်းဆုတို့ကတော့ ပြိုင်ပွဲရဲ့ နောက်ဆုံးအချိန်၊နောက်ဆုံးမိနစ်အထိကိုယ့်မြန်မာနိုင်ငံကိုအားပေးသွားမယ်။

ကိုယ်ရစေချင်တဲ့အတိုင်းဆုတံဆိပ်တွေအများကြီးရမယ်လို့မျှော် လင့်ပါတယ်။ ဒါပေမဲ့ပြိုင်ပွဲ တစ်ခုကတော့ ကိုယ့်ကြိုးစားမှုနဲ့ ကံလည်း အများကြီးပါပါတယ်” လို့ ပြောတယ်။
ဂေါက်သီးရိုက်ကစားနည်းနဲ့ပတ်သက်ပြီး “ဂေါက်ရိုက်တာကအစ်ကိုတို့၊မောင်လေးတို့ ကစားရင် ကစားခိုင်းတာတို့ဘာတို့ဆိုရင်ကစားဖြစ်တယ်။

အပျော်တမ်းလောက်ပဲ ကစားပါတယ်။ဂေါက်ရိုက်တာက စနစ်တကျ နဲ့အာရုံစူးစိုက် မှုကောင်းကောင်းနဲ့ရိုက်ရတဲ့အတွက် စိတ်ငြိမ်စေတယ်။ သွေး လည်ပတ်မှုကောင်းစေတဲ့ အတွက်ကျန်းမာရေးကို လည်းအထောက်အကူပြုပါတယ်” လို့ နန်းဆုရ တီစိုးကပြောပြပါတယ်။ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် အား ကစားသမားတွေကို လည်း ပြည်သူ တွေအားလုံးကအားပေးနေမှာဖြစ်ကြောင်း၊ ဇွဲမလျှော့ဘဲ နိုင်ငံ့ ဂုဏ် ဆောင်နိုင်ကြပါစေကြောင်း နန်းဆုရ တီစိုးက အား ပေးစကားပြောခဲ့ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲကြီးမှာ ဂေါက် သီးအားကစားနည်းကို အမျိုးသား ပြိုင်ပွဲနှစ်မျိုးစီ၊ အမျိုးသမီးပြိုင်ပွဲ နှစ် မျိုးစီ ထည့်သွင်းကျင်းပမှာဖြစ်ပြီး ရွှေ ၄ခု၊ငွေ၎ခု၊ကြေး၎ခု စုစု ပေါင်း၁၂ဆုချီးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ