ကိုယ့်ကိုကို အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် မသတ်မှတ်ထားပါဘူး


အမေး { } မိုးဟေကို ကိုယ့်ကိုယ်ကိုယ် ဘာလို့ အောင်မြင်လာတယ်လို့ ထင်လဲ

- အမှန်အတိုင်းပြောရလို့ ရှိရင် မိုး ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့လူတစ်ယောက်လို့  ဘယ်တော့မှ သတ်မှတ်မထားပါဘူး ။ကြိုးစား နေပါတယ်။ ဟိုးအရင်ကတည်းက မိုးပြောနေကျ စကားလေးတစ်ခွန်းရှိပါတယ် ။ မိုးကိုချစ်တဲ့ ပရိတ်သတ်ကြီးတွေ လည်းသိမှာပါ။ မိုး ဒီအနုပညာအလုပ်ကို လုပ်တာ ဝါသနာပါလို့ ၊ လုပ်ချင်တဲ့စိတ်အပြည့်အဝရှိလို့ ကိုလုပ်နေတာ။ လုပ်ချင်တဲ့စိတ်ရှိတဲ့ အတွက်ကြောင့်မို့ လို့ ကို အနုပညာအလုပ်ကိုလုပ်တယ်။ အဲဒီတော့ ကိုယ်လုပ်နေရတဲ့ အလုပ်ကလေးကို ပျော်တယ်။

အမေး { } မိုးကိုပရိတ်သတ်တွေက ဘာကြောင့်ကြိုက်တယ်ထင်လဲ

- အဲ့ဒါဆိုရင်တော့ မိုး ကိုယ့်ကိုယ်ကိုယ် ထင်တာထက် မိုးကို ကြိုက်တဲ့ ခုရနှစ်ရက်သားသမီး ပရိတ်သတ်တွေကို ပြန်မေးကြည့်တာ ပိုကောင်းမယ်ထင်ပါတယ်။

အမေး { } မိုးဟေကို ခန္ဒာကိုယ်မှာ အလှဆုံးလို့ သတ်မှတ်ထားတဲ့ အစိတ်အပိုင်းတစ်ခုများရှိမလား

- မရှိဘူးရှင့် ။ ဘာဖြစ်လို့ လဲ ဆိုတော့ ဘုရားပေးတဲ့ ဒီခန္ဒာကိုယ်မှာ ဘယ်အရာကိုမှာ မိုးအစွဲအလမ်းကြီးတာ ၊ ကြိုက်တာ တွေမရှိပါဘူး ။ဘာကြောင့်လဲ ဆိုတာ တစ်နေ့ ကျရင် ဒါတွေက ကိုယ်ထားခဲ့ရမယ့် အရာတွေချည်းပဲ ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဖြစ်ဖြစ် ၊ ဒီကမ္ဘာလောကကြီးမှာ ရှိတဲ့ ဘယ်အရာကိုမဆိုပေါ့။ အဲဒီတော့ ဘယ်အရာကိုမှ မိုး မကြိုက်ဘူး ။ဘယ်အရာကိုမှ မိုးအစွဲအလမ်းမရှိဘူး ကိုယ်သည် သရုပ်ဆောင် မင်းသမီး တစ်ယောက်ဖြစ်နေတဲ့ အတွက်ကြောင့် လူမြင်ကွင်းမှာ ကြည့်ကောင်းအောင်နဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အနေအထားမျိုး ရအောင် ဂရုစိုက်တာလေးပဲရှိပါတယ်။

အမေး { } ဒါဆို မိုး လူတွေရဲ့ စောင့်ကြည့်မှူတွေအပေါ်မှာရော စိတ်အနှောက်အယှက် ဖြစ်တာတွေရှိမလား

- မဖြစ်ဘူး ရှင့်။ ဘာလို့ လဲဆိုတော့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေ က ကိုယ့်ကို အားပေးနေတယ် ။ ဒီလိုအခွင့်အရေးမျိုးနဲ့ ဒီလိုကံမျိုးဆိုတာ လူတိုင်း လူတိုင်းမှာ မရှိနိုင်ဘူး ။ မိုးတို့ Celebrity အနုပညာရှင်တွေ ကိုချစ်ကြတယ်၊ မြတ်နိုးကြတယ်။ မျက်နှာပွင့်လန်းတယ်။ ဂရုစိုက်ခြင်း ခံရတယ် ၊ အားပေးမှူကိုခံရတဲ့ အတွက်ကြောင့် စိတ်အနှောက်အယှက်မဖြစ်ပါဘူးလို့ ။

အမေး { } တစ်ယောက်တည်းရှိတဲ့ အချိန်တွေ ဆိုဘာလုပ်တတ်လဲ

- များသောအားဖြင့်ကတော့ မိုး တစ်ယောက်တည်းနေရတဲ့ အချိန်ဆိုတာ ရှားတယ်။ အလုပ်ထဲမှာပဲ လူအများနဲ့ နေရတာရှိတယ်။ တစ်ယောက်တည်း နေရတဲ့ အချိန်ဆိုရင် တော့စာအုပ်ဖတ်ရင် ဖတ်တယ်။ ဘုရားရှိခိုးပြီး တရားထိုင်ချင်လည်းထိုင်တာပေါ့။


အမေး { } မိုးရှူတင် မိတ်ကပ်လိမ်းရတာ ကြိုက်လား မကြိုက်ဘူးလား ။ ဘာကြောင့်လဲ

- ရှူတင် မိတ်ကပ်လိမ်းရတာကို ကြိုက်လားဆိုတော့ အမှန်အတိုင်းပြောရရင် မိတ်ကပ်လိမ်းရတာကို မကြိုက်ဘူး။ ဒါပေမယ့် ကိုယ်သည် သရုပ်ဆောင် မင်းသမီးဖြစ်တဲ့ အတွက်ကြောင့် မိတ်ကပ်ကို ပေါ့ပေါ့ပါးပါးဖြစ်အောင် လိမ်းတယ် ။ ရှူတင် မိတ်ကပ်ဖြစ်အောင် ကိုယ်နဲ့ လည်းလိုက်အောင် ကိုယ်လည်းကြိုက်အောင် ပါးပါးလေးလိမ်းတာလောက်ပဲ ရှိပါတယ်။

အမေး { } ရှူတင်မှာ ဒိုင်ယာလောခ့်တွေ ချရင် လွယ်လွယ်ရတတ်သူလား

- ဟုတ်လား ။ မိုးက ကိုယ့်ကိုယ်ကိုယ်တော့ မှတ်ဥာဏ်မကောင်းဘူးလို့ လို့ ထင်ပါတယ်။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ