လီဝင်ဒေါစကီးကို ချိတ်ဆက်သော အသင်းများတွင် ချယ်လ်ဆီးလည်း ပါဝင်လာ

ရောဘတ်လီဝင်ဒေါစကီး အတွက် ကြိုးပမ်းမှုတွင် ချယ်လ်ဆီး အသင်းလည်း ကြားဝင်လာပြီ ဖြစ်ကြောင်း သိရှိရသည်။

ဘိုရပ်ရှား ဒေါ့တ်မန်က ၎င်းတို့၏ ဂျာမန်ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထံသို့ အဓိက တိုက်စစ်မှူး လီဝင်ဒေါစကီးကို လုံးဝ ထုတ်ရောင်းမည် မဟုတ်ဟု အတည်ပြု ပြောကြားထားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က အလားအလာ အကောင်းဆုံး သဖွယ် ဖြစ်လာခဲ့သည်။ ယခုအခါ ဈေးကွက်ထဲတွင် ထိပ်တန်း တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေသော ချယ်လ်ဆီးကလည်း ပိုလန် လက်ရွေးစင် လီဝင်ဒေါစကီးကို အာရုံ ကျလာခဲ့သည်။ ချယ်လ်ဆီးသည် ဘွန်းဒစ်လီဂါ အခြေစိုက် ကစားသမား တစ်ဦးအဖြစ် အန်ဒရီ ရှာရဲလ်ကို ဘေယာ လေဗာကူဆင်ထံမှ ဝယ်ယူရန် သဘော တူညီမှု ရရှိထားပြီး ဖြစ်သည်။

ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် လက်ရှိ တိုက်စစ်မှူးများ ဖြစ်သော ဖာနန်ဒိုတောရက်စ်နှင့် ဒမ်ဘာဘားတို့ နေရာများကို အပြောင်းအလဲ ပြုလုပ်ဖွယ် ရှိနေပြီး လူငယ်နှစ်ဦးဖြစ်သည့် ရိုမီလူ လူကာကူနှင့် ရှာရဲလ်တို့ကိုပါ အသင်းတွင် အသုံးပြုသွားရန် စိတ်ကူး ရှိနေသည်။ သို့သော်လည်း ရှာရဲလ်မှာ တိုက်စစ်မြားဦး စစ်စစ်ထက် တောင်ပံတွင် အဓိက ကစားလေ့ ရှိသူ တစ်ဦးဖြစ်သည်။ အသက်(၂၄)နှစ်ရှိ လီဝင်ဒေါစကီးကို စပိန် ကလပ်များဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားမှု ပြသနေသည်။ ဒေါ့တ်မန်သည် ၎င်းတို့၏ တက်သစ်စ လူငယ်လေး မာရီယို ဂေါ့ဇီကို ဘိုင်ယန်ထံ လက်လွှဲ ရောင်းချရပြီး ကတည်းက နောက်ထပ် အဓိက ကစားသမား တစ်ဦး ဘိုင်ယန်ထံ မရောက်ရေး အလေးအနက် ကာကွယ်သွားရန် ဆုံးဖြတ်ထားသည်။

ဘိုရပ်ရှား ဒေါ့တ်မန်က ၎င်းတို့၏ ဂျာမန်ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထံသို့ အဓိက တိုက်စစ်မှူး လီဝင်ဒေါစကီးကို လုံးဝ ထုတ်ရောင်းမည် မဟုတ်ဟု အတည်ပြု ပြောကြားထားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က အလားအလာ အကောင်းဆုံးသဖွယ် ဖြစ်လာခဲ့...

Ref: Daily Mail

Written by Admin Team   - Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ