တရုတ်ကလေးငယ် ၅ ထပ်က ပြုတ်ကျပေမယ့် မသေ

ကလေးပြုတ်ကျတဲ့ ဗီဒီယို ကြည့်ရှုရန်

 တရုတ်နိုင်ငံ နင်ဟိုင်းမြို့မှာ ၂ နှစ်ခွဲ အရွယ် မိန်းကလေးတစ်ဦးဟာ အထပ်မြင့်တိုက် ငါးထပ်က ပြုတ်ကျပေမယ့် သေကံမရောက်ပဲ အောက်က လူတွေ ဖမ်းထားနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။

ကျိကျိဆိုတဲ့ ကလေး အိပ်နေစဉ် မိဘတွေက ကလေး တစ်ယောက်တည်း ထားကာ အပြင်ထွက်သွားပြီး ကလေးနိုးလာတဲ့ အချိန်မှာတော့ ကလေးက ပြတင်းပေါက် ဘောင်ပေါ် တက်တာ ဖြစ်ပါတယ်။

ကလေးငိုတာ ကြားလို့ အထက်ကို မော့ကြည့်ကြတဲ့ လူ လေးငါးယောက်က ကလေးပြုတ်ကျတဲ့အခါ အောက်ကနေ ဝိုင်းဖမ်းကြတာ ဖြစ်ပါတယ်။

ဖမ်းတဲ့ လူထဲက ၂ ဦး ဒဏ်ရာရသွားပြီး ကလေးကတော့ မျက်နှာမှာ အပွန်းရာတစ်ခုက လွဲလို့ ပြင်းပြင်ထန်ထန် ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပြုတ်ကျ ကလေးငယ်ကို အောက်ကနေ ဆီးဖမ်းကြ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ