၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် မြန်မာအသင်း အုပ်စု(ခ)တွင် ဂျပန်ယူ-၂၃နှင့် အတူကျရောက်


မန္တလေးမြို့တွင် ၂၀၁၃ စက်တင်ဘာ ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် 2013 Asean Women's Championship ပြိုင်ပွဲ အုပ်စု ခွဲဝေမှုများကို ယမန်နေ့က မလေးရှား နိုင်ငံရှိ  အာဆီယံ ဘောလုံး အဖွဲ့ချုပ် ရုံးတွင် ကျင်းပခဲ့ရာ အိမ်ရှင် မြန်မာ အမျိုးသမီး အသင်းသည် အုပ်စု(ခ)တွင် ဂျပန် အမျိုးသမီး ယူ-၂၃ အသင်းနှင့်အတူ ကျရောက်နေကြောင်း သတင်းရရှိသည်။

အာဆီယံ ဘောလုံး အဖွဲ့ချုပ်၏ အုပ်စုခွဲဝေမှု အရ မြန်မာ အသင်းသည် ဂျပန် ယူ-၂၃၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အသင်းများ နှင့် အတူကျရောက် နေပြီး အုပ်စု(က)တွင် သြစတြေးလျ ယူ-၁၉၊ ထိုင်း၊ လက်ရှိချန်ပီယံ ဗီယက်နမ်၊ မလေးရှားနှင့် ဂျော်ဒန် အသင်းများ ပါဝင်လျက်ရှိသည်။ ယခုနှစ် ပြိုင်ပွဲတွင် သြစတြေးလျ၊ ဂျပန်နှင့် ဂျော်ဒန် စသည့် အာဆီယံပြင်ပ ဧည့်သည် အသင်းများ ပါဝင်လျက်ရှိရာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဧည့်သည်အသင်း အများဆုံး ပါဝင် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အာဆီယံ ဒေသတွင်း ၁၁ နိုင်ငံ အနက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အရှေ့တီမော စသည့် အသင်း(၄)သင်း ပါဝင် ယှဉ်ပြိုင်ခြင်း မရှိပေ။ သြစတြေးလျ အသင်းမှာ ၂၀၀၈၊ ၂၀၀၉ ပြိုင်ပွဲများ လာရောက် ယှဉ်ပြိုင်စဉ်က နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့သည်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အာဆီယံ ချန်ပီယံရှစ်တွင် ၂၀၀၇ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်က နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီး ၂၀၁၁ နှင့် ၂၀၁၂ ပြိုင်ပွဲ နှစ်ရပ်စလုံး ဒုတိယ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ သမိုင်းတစ်လျှောက် အောင်မြင်မှု အရှိဆုံး အသင်းများမှာ သြစတြေးလျ၊ မြန်မာ နှင့် ဗီယက်နမ် တို့ဖြစ်ပြီး နှစ်ကြိမ်စီ အသီးသီး ဗိုလ်စွဲထားသည်။

အုပ်စု(က) ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျ ယူ-၁၉၊ မလေးရှား ၊ဂျော်ဒန်

အုပ်စု(ခ) မြန်မာ၊အင်ဒိုနီးရှား၊ လာအို၊ ဂျပန် ယူ-၂၃၊ ဖိလစ်ပိုင်

Written by Okocha
Myanmar Football Federation


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ