စက်ပစ္စည်းတိုးတက်မှုတွေနဲ့အတူ ရုပ်ရှင်အနုပညာဖန်တီးမှု အပိုင်းမှာကွာခြားမှုတွေ ရှိ သွားမှာဖြစ်ကြောင်း ကျော်ကျော်ဗို ပြော


မြန်မာရုပ်ရှင်ဇာတ်ကားများအဆင့်မီဖွံ့ဖြိုးရေးအတွက် တစ်ခန်း တစ်ကဏ္ဍကပံ့ပိုးပေးနိုင်ဖို့ရည်ရွယ်တည်ဆောက်ခဲ့တဲ့ ACE Digital Warehouse ကုမ္ပဏီက ရုပ်ရှင်ရိုက်ကူးရေး စက်ပစ္စည်းများ အနေနဲ့ပြီးပြည့်စုံမှုရှိနေမှာမဟုတ်ဘဲထပ်မံဖြည့်ဆည်း သွားနေရမှာ ပဲဖြစ်တယ်လို့ကျော်ကျော်ဗိုကပြောလာပါတယ်။

ဆက် လက်ပြီးကျော်ကျော်ဗို က လက်ရှိမှာ ACE Digital Warehouse ကုမ္ပဏီကနေရုပ်ရှင်ရိုက် ကူးရေးအတွက် ငှားရမ်းပေးနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ကလည်း အနုပညာ သမားတွေ ဖြစ် တဲ့အတွက်ကြောင့် အကုန်လုံးကလည်း တတ်နိုင်တဲ့ ဘတ်ဂျက်နဲ့ ငှားကြပါတယ်။ကျွန်တော်တို့ကလည်း ဒါကိုစီးပွားဖြစ် မဟုတ်ဘဲကိုယ့်လောကသားတွေအသုံးပြုလို့ အဆင်ပြေအောင် ဈေးနှု န်းေ တွကအစ ကမ္ဘာပေါ်မှာ မရှိတဲ့ဈေးနှုန်းတွေနဲ့ လုပ်ဖို့ရှိတယ်” လို့ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ လည်းရုပ်ရှင်ကားကြီးတွေကို ဆက်တိုက်ရိုက် ဖို့ပြင်ဆင်နေကြပြီးကိုယ့်ကုမ္ပဏီကစက်ပစ္စည်းတွေနဲ့ ပဲရိုက်ကူး သွားမှာ ဖြစ်တယ် လို့ ကျော်ကျော်ဗိုကပြော ပါတယ်။” အရင်တုန်းကနဲ့ မတူတဲ့ပုံစံမျိုးတွေကို စက်ပစ္စည်းတိုးတက်လာမှုတွေ နဲ့အတူမြင်ရဖို့ရှိပါတယ်။

ဖန်တီးမှုကအစကွာ ခြားသွားမှာပါ။ ဖန်တီးမှုဆိုတာ အနုပညာ သမားတွေရဲ့ ပင်ကိုဖန်တီးမှုရယ်၊ နည်းပညာအကူ အညီကိုပေါင်းစပ်လိုက်မယ်ဆိုရင် ပရိသတ်တွေရင်သပ် ရှုမောဖွယ်၊ဖျော်ဖြေမှုတင်ဆက်မှုတွေ ဖြစ်လာမှာ လေ။ ကိုယ်တို့အနု ပညာသမား တွေကတော့ပင်ကိုဖန်တီးမှု တွေမလျော့ကြဘူး။ အကုန် လုံးရှိကြတယ်။အဲဒီတော့ ကမ္ဘာမှာတိုးတက် နေတဲ့ နည်းပညာတစ်ခု ကိုဖြည့် စွက်လိုက်တဲ့ အချိန်မှာ အ ကောင်းဆုံးဖြစ်သွားမယ် လို့ မျှော်လင့်ပါတယ်”လို့ ကျော်ကျော်ဗိုကပြောပါ တယ်။

ထက်လူလူ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ