Miss Diamond Queen 2013 ပြိုင်ပွဲသို့ အမျိုးသားမှ အမျိုးသမီး အဖြစ်သို့ အသွင် ကူးပြောင်းထားသူ ပါဝင်ယှဉ်ပြိုင်

Monday, June 24, 2013 12:27(+0630) (12 နှစ် ခန့်က)


လန်ဒန်  ဇွန် ၂၃

အမျိုးသားမှ အမျိုးသမီး အဖြစ်သို့ အသွင် ကူးပြောင်းထားသည့် ဒါနီစိန့်ဂျိမ်းစ် ဆိုသော မိန်းကလေးသည် ဇွန် ၂၂ ရက်က လန်ဒန်မြို့တွင် ကျင်းပသော Miss Diamond Queen 2013 ပြိုင်ပွဲတွင် အခြားမိန်းမချော ၁၁ ဦးနှင့် အတူ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသား တစ်ဦးအဖြစ်မှ အသွင် ကူးပြောင်းထားသည်ဟုပင် မထင် ရက်လောက်အောင် ဒါနီသည် ချောမွေ့သော အသားအရည်၊ ရွှေရောင်ဆံပင်နှင့် ပြည့်စုံသော မျက်နှာဟန် အမူအရာများကို ပိုင်ဆိုင်ထားသည်။ ဒါနီသည် ဝေးပြည်နယ် တောင်ပိုင်းရှိ ဘာရီမြို့တွင်  မွေးဖွား ခဲ့သူဖြစ်ပြီး အသက် ၁၈ နှစ် အရွယ်တွင် အမျိုးသမီး ဘဝသို့ အသွင်ပြောင်းရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ သူမသည် လက်ရှိ၌ Camden နိုက်ကလပ်တွင် မန်နေဂျာ တစ်ဦးအဖြစ် လုပ်ဆောင်လျက် ရှိသည်။

ဒါနီသည် အသက် သုံးနှစ်အရွယ် ကတည်းက မိန်းကလေး အရုပ်များနှင့် ဆော့ကစား ရသည်ကို နှစ်သက်လေ့ ရှိကြောင်း၊ အားကစား လုပ်ရသည်ကို လုံးဝမနှစ်သက်သည့် အပြင် အမျိုးသားတို့၏ အမူအကျင့်များလည်း မရှိကြောင်း သူမက ဖွင့်ဟဝန်ခံခဲ့သည်။

ထို့ပြင် သူမသည် အသက် ၁၁ နှစ် အရွယ်တွင် မိတ်ကပ်စတင် လိမ်းတတ်နေပြီး အသက် ၁၂ နှစ်အရွယ်တွင် အမျိုးသား ချစ်သူ ထားတတ်နေပြီဖြစ် သည်ဟု မိဘများကို ဖွင့်ဟဝန်ခံဖူး ကြောင်း သူမက ပြောကြားခဲ့သည်။

သူမပါဝင် ယှဉ်ပြိုင်ခဲ့သော Miss Diamond Queen 2013 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အခြား မိန်းကလေး ၁၁ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

Written by  စကားဝါ (မြ၀တီ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ