ဘိန်းစ် အတွက် မန်ချက်စတာ ယူနိုက်တက်၏ ကမ်းလှမ်းမှုကို အဲဗာတန် ငြင်းပယ်ထား


လေတန်ဘိန်းစ် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းထံမှ တရားဝင် ချဉ်းကပ် ကမ်းလှမ်းမှု တစ်ရပ်ကို အဲဗာတန်က ပယ်ချခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Sky သတင်း ဌာနက အင်္ဂလန် ချန်ပီယံ အသင်းသည် အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်သမား အတွက် အတည်ပြု ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့သော်လည်း အဲဗာတန်က ငြင်းဆိုခဲ့ကြောင်း နီးစပ်သော သတင်း ရင်းမြစ်များကို ကိုးကား၍ ထုတ်ဖော် ရေးသားခဲ့သည်။ ယူနိုက်တက် မန်နေဂျာသစ် မိုယက်စ်သည် အဲဗာတန်တွင် ၎င်းနှင့် အတွဲ ညီခဲ့သည့် အသက်(၂၈)နှစ်အရွယ် ကစားသမားအား အိုးလ်ထရက်ဖို့ဒ်တွင် ပြန်လည် ပူးပေါင်းနိုင်ရန် အလေးအနက် ဆန္ဒ ရှိနေဆဲ ဖြစ်သည်။ ယူနိုက်တက်သည် ဘိန်းစ်အတွက် နောက်ထပ် ကမ်းလှမ်း လာရန်လည်း အစီအစဉ် ရှိနေသည်။

ဘိန်းစ်ကို ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက် ကတည်းက စိတ်ဝင်စားခဲ့ဖူးသည်။ ယူနိုက်တက်သည် ဘိန်းစ်အား ပေါင်စတာလင် (၁၅)သန်းဖြင့် ကမ်းလှမ်းပြီး စွမ်းဆောင်မှု အလိုက် နောက်ထပ် ပေါင်စတာလင် (၅)သန်းထိ ထပ်တိုးပေးသွားမည့် အဆိုပြုမှုမျိုး ပြုလုပ်လာနိုင်ကြောင်းလည်း သတင်းများက ဖော်ပြလျှက် ရှိသည်။ အဲဗာတန် မန်နေဂျာသစ် ရောဘတ်တို မာတီနက်ဇ်ကမူ မိမိသည် ဘိန်းစ်ကို (၂)နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ကမ်းလှမ်းလိုကြောင်း ပြောဆိုထားသည်။

Skyသတင်းဌာနက အင်္ဂလန် ချန်ပီယံ အသင်းသည် အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်သမားအတွက် အတည်ပြု ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း အဲဗာတန်က ငြင်းဆိုခဲ့ကြောင်း နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ထုတ်ဖော် ရေးသားခဲ့...
ယူနိုက်တက်က ဘိန်းစ်ကို စိတ်ဝင်စားမှုသည် ဝါရင့် နောက်ခံလူ ပက်ထရစ် အီဗရာ၏ အနာဂတ် အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာစေခဲ့သည်။ အသက်(၃၁)နှစ်ရှိ ပြင်သစ် လက်ရွေးစင် အီဗရာကို မိုနာကိုနှင့် PSG အသင်းများက စိတ်ဝင်စားလျှက် ရှိသည်။

Ref: Sky Sports

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ