ကွန်ဖက်ဒရေးရှင်း ဗိုလ်လုပွဲတွင် ဘရာဇီးလ်က ပိုရေပန်း စားမည်ဟု စပိန်နည်းပြ မှတ်ချက်ပြု


ကွန်ဖက်ဒရေးရှင်း ဖလား ဗိုလ်လုပွဲတွင် ဘရာဇီးလ်သာ ပိုမို ရေပန်းစားသည့် အသင်း ဖြစ်လိမ့်မည်ဟု စပိန်နည်းပြ ဗင်းဆင့် ဒယ်လ်ဘော့စကေးက မှတ်ချက်ပြု ပြောကြားလိုက်သည်။

စပိန်သည် အီတလီကို ပင်နယ်တီ အဆုံးအဖြတ်တွင် အနိုင် ရသည့်နောက် ဘရာဇီးလ်မြေတွင် ကျင်းပနေသည့် ပြိုင်ပွဲကြီး၏ ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ ဂိုးမရှိ သရေ ဖြစ်နေသော ပွဲစဉ်တွင် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာ ဂျီးဆက်စ်နာဗက်စ်၏ အဆုံးအဖြတ်ဂိုးကြောင့် အီတလီကို (၇-၆)ဖြင့် ကျော်ဖြတ်ကာ စပိန်တို့ ဗိုလ်လုပွဲ ရောက်လာခြင်း ဖြစ်သည်။ စပိန်သည် လက်ရှိ ကမ္ဘာ့ချန်ပီယံနှင့် ဥရောပ ချန်ပီယံ ဖြစ်နေသည့်တိုင် အိမ်ရှင် ဘရာဇီးလ်ကို ကျော်ဖြတ်ရန်မှာ ခက်ခဲလိမ့်မည်ဟု ဒယ်လ်ဘော့စကေးက ဝန်ခံခဲ့သည်။

အသက်(၆၂)နှစ်ရှိ နည်းပြကြီးက "ဘရာဇီးလ်က ရေပန်း အစားဆုံး အသင်းပါ။ သူတို့ဟာ ကမ္ဘာ့ဖလားကို (၅)ကြိမ် ရပြီး ကွန်ဖက်ဒရေးရှင်း ဖလားကို (၃)ကြိမ် ရယူဖူးတယ်။ ပြီးတော့ သူတို့ကို ကျွန်တော်တို့ ရင်ဆိုင် ကစားရမယ့် နေရာက မာရာကာနာ ကွင်းကြီးမှာလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စိတ်လှုပ်ရှားနေမိပါတယ်" ဟု ဆိုသည်။ ၎င်းက "အသင်း အနေနဲ့ ပွဲပန်းနေရာက မြန်မြန်ဆန်ဆန် နိုးထပြီး ဖြစ်နိုင်သမျှ အကောင်းဆုံး အခြေအနေနဲ့ သူတို့ကို ရင်ဆိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ဘက်ကလည်း (၃)ရက်အတွင်း ခုလိုပဲ ပြင်ဆင်မယ်ဆိုတာ ယုံကြည်ပါတယ်" ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဘရာဇီးလ်က ရေပန်းအစားဆုံး အသင်းပါ။ သူတို့ဟာ ကမ္ဘာ့ဖလားကို (၅)ကြိမ်ရပြီး ကွန်ဖက်ဒရေးရှင်း ဖလားကို (၃)ကြိမ် ရယူဖူးတယ်။ ပြီးတော့ သူတို့ကို ကျွန်တော်တို့ ရင်ဆိုင် ကစားရမယ့် နေရာက မာရာကာနာ ကွင်းကြီးမှာလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စိတ်လှုပ်ရှားနေမိပါတယ်...
ဒယ်လ်ဘော့စကေးက "အီတလီနဲ့ပွဲမှာ ကစားသမားတွေက မိနစ်(၁၂၀) ကစားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် အသင်းသား အများစုဟာ တစ်ပတ်ကို နှစ်ပွဲလောက် ပုံမှန် ကစားနေသူတွေပါ။ ဒါကြောင့် တနင်္ဂနွေနေ့ည ပွဲစဉ်ကိုလည်း ကောင်းကောင်း ကစားနိုင်မယ် ထင်ပါတယ်။ ပွဲကို ဘယ်အသင်းက လွှမ်းမိုးထားနိုင်မယ် ဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး။ ပိုပြီး နှစ်နှစ်ကာကာ အားထည့်တဲ့ အသင်းမျိုးကတော့ အခြေအနေ ပိုကောင်းမှာပါ။ အီတလီဆိုရင် အင်မတန် ကောင်းမွန်ခဲ့ပြီး ပွဲကို ချုပ်ကိုင် ကစားသွားနိုင်ခဲ့ပါတယ်"ဟုလည်း ပြောဆိုသွားသည်။

Ref: Goal

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ