အစ္စကိုအား တရားဝင် ခေါ်ယူရန် သဘော တူညီခဲ့ပြီဟု ရီးယဲလ်ကြေညာ


ရီးယဲလ်မက်ဒရစ် အသင်းသည် မာလာဂါ ကွင်းလယ်တိုက်စစ် ကစားသမားလေး အစ္စကိုအား တရားဝင် စာချုပ် ခေါ်ယူရန် အပြီးသတ် သဘော တူညီခဲ့ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။

မန်ချက်စတာ စီးတီးအသင်း မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီ အနေဖြင့် မာလာဂါမှ ၎င်း၏ တပည့်ဟောင်းကို အလေးအနက် ချိတ်ဆက်ခဲ့သော်လည်း ကစားသမားသည် ရီးယဲလ်သို့ ပြောင်းရွှေ့ရန်သာ ဆုံးဖြတ်ခဲ့သည်။ ရီးယဲလ်သည် တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် အစ္စကိုအား ဝယ်ယူကာ (၅)နှစ် စာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ချုပ်ဆိုတော့မည်ဟု ပြောကြားခဲ့သည်။ အစောပိုင်းက ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က မိမိတို့သည် အစ္စကိုအတွက် အားပြိုင်မှုတွင် အနိုင်ရခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် များအား အသိပေးထား ခဲ့သေးသည်။

အစ္စကိုသည် ဆေးစစ်မှု တစ်ခု ခံယူပြီးမြောက်ပါက (၂၀၁၈)ထိ ဘာနေဗျူးတွင် ရှိနေမည့် စာချုပ်ကို လက်မှတ် ရေးထိုးသွားမည် ဖြစ်သည်။ အသက်(၂၁)နှစ်ရှိ ကစားသမားသည် ဥရေပ လူငယ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် စပိန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းနှင့်အတူ အောင်ပွဲခံခဲ့ပြီးနောက် အပြောင်းအရွှေ့ ကိစ္စအတွက် ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရီးယဲလ်အသင်း ဝက်ဘ်ဆိုက်တွင် "ရီးယဲလ်နဲ့ မာလာဂါတို့ဟာ ဖရန်ဆစ်စကို ရိုမန် အယ်လာကွန် အစ္စကိုအတွက် အပြောင်းအရွှေ့ သဘောတူညီချက်တစ်ခု ရခဲ့ပါပြီ။ သူဟာ  အသင်းမှာ (၅)နှစ် သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးမှာပါ။ ဇူလိုင်လ (၃)ရက်နေ့မှာ ဆေးစစ်ပြီးတဲ့နောက် ဘာနေဗျူးကွင်းမှာ ပရိသတ်ကို မိတ်ဆက်သွားပါ့မယ်"ဟု ဖော်ပြထားသည်။

ရီးယဲလ်နဲ့ မာလာဂါတို့ဟာ ဖရန်ဆစ်စကို ရိုမန် အယ်လာကွန် အစ္စကိုအတွက် အပြောင်းအရွှေ့ သဘောတူညီချက်တစ်ခု ရခဲ့ပါပြီ။ သူဟာ အသင်းမှာ (၅)နှစ် သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးမှာပါ။ ဇူလိုင်လ (၃)ရက်နေ့မှာ ဆေးစစ်ပြီးတဲ့နောက် ဘာနေဗျူးကွင်းမှာ ပရိသတ်ကို မိတ်ဆက်သွားပါ့မယ်...
အစ္စကိုသည် ဗလန်စီယာ လူငယ် အကယ်ဒမီမှ ထွက်ပေါ်လာသူ တစ်ဦးဖြစ်ပြီး (၂၀၁၁)ခုနှစ်၊ နွေရာသီက ပုံမှန်ကစားခွင့် ပိုမိုရရှိနိုင်မည့် မာလာဂါသို့ ပြောင်းရွှေ့ခဲ့ပြီး ယင်းအသင်းတွင် အဓိက အကျဆုံး ကစားသမား တစ်ဦးအဖြစ် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

Ref: Goal

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ