ချယ်လ်ဆီးကို မိမိ၏ ကိုယ်ပိုင် စည်းမျဉ်းများအတိုင်း ကြပ်မတ် ကိုင်တွယ်မည်ဟု မော်ရင်ဟို ပြောကြား


ချယ်လ်ဆီးကို မိမိ၏ စည်းမျဉ်းများ အတိုင်း ကြပ်မတ် ကိုင်တွယ်သွားမည်ဟု ကစားသမားများနှင့် တွေ့ဆုံမှု မပြုမီ ဟိုဆေး မော်ရင်ဟိုက ထုတ်ဖော် ပြောကြား သွားခဲ့သည်။

ပေါ်တူဂီသား မန်နေဂျာ မော်ရင်ဟိုသည် ချယ်လ်ဆီးကို တစ်ကျော့ပြန် ကိုင်တွယ်ခဲ့သည့်နောက် ဇူလိုင်လ (၁၀)ရက်နေ့တွင် အသင်းသား များနှင့် တွေ့ဆုံ စကားပြောရန် ရည်ရွယ်ထားသည်။ ပြီးခဲ့သည့် ရာသီက မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ(ဟောင်း) ဆာအဲလက်စ် ဖာဂူဆန်က အင်္ဂလန်တွင် ကစားသမား များ၏ ဩဇာက ပိုမို ကြီးမားလာပြီး မန်နေဂျာ အပြောင်းအလဲ များတွင် ယင်းကိစ္စက ဆက်နွယ်နေကြောင်း ဝေဖန်ခဲ့ဖူးသည်။ ချယ်လ်ဆီးကို (၂၀၀၇)ခုနှစ်က စွန့်ခွာ သွားဖူးသည့် မော်ရင်ဟိုကမူ မည်သည့် ကစားသမားမျှ အသင်း အထက်တွင် မရှိစေရဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုက "ကျွန်တော် ကိုင်တွယ်တဲ့ ကလပ်အသင်း တစ်ခုကို ရောက်လာတိုင်း အမြဲပြောတဲ့ စကားကိုပဲ ကျွန်တော် ပြောမှာပါ။ ကစားသမားတွေနဲ့ ဇူလိုင် (၁၀)ရက်နေ့မှာ တွေ့ပါမယ်။ ပထမဆုံးနေ့တိုင်း ကျွန်တော် ပြောလေ့ရှိတဲ့ စကားက 'မင်းတို့ဟာ ထိပ်တန်း ပရော်ဖက်ရှင်နယ်တွေ ဖြစ်ကြမယ်၊ တစ်ကိုယ်ကောင်း မဆန်တဲ့ သူမျိုးလည်း ဖြစ်မယ်၊ ကလပ်ကို ကိုယ့်ကိုယ်ကိုယ်ထက် ရှေ့တန်းပိုတင်မယ်ဆိုရင် ငါနဲ့ (၁၀၀)ရာခိုင်နှုန်း အလုပ်တွဲလုပ်လို့ ရလိမ့်မယ်။ ငါတို့ကြားမှာ သိပ်ကောင်းတဲ့ ဆက်ဆံရေးမျိုး ရှိလိမ့်မယ်။ ပရိသတ်ရဲ့ တောင်းဆိုမှုကို ဂရုမစိုက်ဘူး ဆိုရင်တော့ ပြဿနာတွေ ကြုံလာရနိုင်တယ်'လို့ ကျွန်တော် ပြောတယ်။ တစ်ခါတစ်လေတော့ အသင်းတစ်ခုမှာ စည်းမျဉ်းတွေကို လက်ခံဖို့ သိပ်မလိုလားတဲ့ ကစားသမား တစ်ယောက် နှစ်ယောက်လောက် ရှိတတ်ပါတယ်။ အဲဒီအခါမှာ မန်နေဂျာနဲ့ ဆက်ဆံရေး သိပ်မကောင်းတာမျိုး ကြုံရတတ်တယ်။ ကလပ်က မန်နေဂျာဘက်က ထောက်ခံမယ် ဆိုရင် အဲဒီလို ကစားသမားမျိုးတွေ လွယ်လွယ်ကူကူပဲ ထွက်ခွာ သွားရမှာပဲ" ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

'မင်းတို့ဟာ ထိပ်တန်း ပရော်ဖက်ရှင်နယ်တွေ ဖြစ်ကြမယ်၊ တစ်ကိုယ်ကောင်း မဆန်တဲ့ သူမျိုးလည်း ဖြစ်မယ်၊ ကလပ်ကို ကိုယ့်ကိုယ်ကိုယ်ထက် ရှေ့တန်းပိုတင်မယ်ဆိုရင် ငါနဲ့ (၁၀၀)ရာခိုင်နှုန်း အလုပ်တွဲလုပ်လို့ ရလိမ့်မယ်။ ငါတို့ကြားမှာ သိပ်ကောင်းတဲ့ ဆက်ဆံရေးမျိုး ရှိလိမ့်မယ်။ ပရိသတ်ရဲ့ တောင်းဆိုမှုကို ဂရုမစိုက်ဘူး ဆိုရင်တော့ ပြဿနာတွေ ကြုံလာရနိုင်တယ်...

မော်ရင်ဟိုသည် ချယ်လ်ဆီးတွင် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၏ အနာဂတ်ကို တိတိကျကျ မှတ်ချက်ပေးရန်မူ ရှောင်လွှဲ ဖြေဆိုသွားသည်။ စပိန်လက်ရွေးစင် ကစားသမား၏ စွမ်းဆောင်ရည်ပိုင်း အပေါ် ၎င်းအမြင်ကို မေးမြန်းရာ မော်ရင်ဟိုက "သိပ်တော့ မဆိုးပါဘူး" ဟုသာ ပြောဆိုသွားကြောင်း သိရှိရသည်။

Ref: Daily Mail

Written by Admin Team    - Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ