ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှ နာမည်ကြီး နာဒယ်လ် အံ့အားသင့်ဖွယ် ရှုံးနိမ့်ထွက်ခွာ

ဘယ်လ်ဂျီယံသား စတိဗ် ဒါဆစ်က ဝင်ဘယ်လ်ဒန်ချန်ပီယံ ၂ ကြိမ်ဖြစ်ဖူးသူ စပိန်တင်းနစ်ကစားသမား နာဒယ်လ်အား ၇-၆၊ ၇-၆၊ ၆-၄ ဖြင့် အနိုင်ယူလိုက် 

ဝင်ဘယ်လ်ဒန်တင်းနစ်၏ အကြီးမားဆုံး ကမောက်ကမ ဖြစ်ရပ်တစ်ခုအဖြစ် ယခုနှစ်ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်၌ပင် နာမည်ကြီး တင်းနစ်ကစားသမား ရာဖေးလ် နာဒယ်လ်မှာ ပြိုင်ပွဲမှ ရှုံးနိမ့်ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ တနင်္လာနေ့ (ဇွန်လ ၂၄ ရက်) တွင် စတင်ယှဉ်ပြိုင်သည့် အဖွင့်ပွဲစဉ်၌ ကမ္ဘာ့အဆင့် ၁၃၅ တွင် ရပ်တည်လျက်ရှိသော ဘယ်လ်ဂျီယံသား စတိဗ် ဒါဆစ်က ဝင်ဘယ်လ်ဒန်ချန်ပီယံ ၂ ကြိမ်ဖြစ်ဖူးသူ စပိန်တင်းနစ်ကစားသမား နာဒယ်လ်အား ၇-၆၊ ၇-၆၊ ၆-၄ ဖြင့် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။

နာဒယ်လ်သည် ယမန်နှစ်က ကျင်းပသော ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင်လည်း ဒုတိယအဆင့်၌ ရှုံးနိမ့်ထွက်ခွာခဲ့ရသလို ထိုပွဲအပြီးတွင် ဒူးဒဏ်ရာကြောင့် တင်းနစ်ကစားခြင်းမှ ၇ လကြာ အနားယူခဲ့ရသေးသည်။ နာဒယ်လ်သည် ယခုနှစ် ပြင်သစ်အိုးပင်းတွင် ချန်ပီယံဆု ဆွတ်ခူးထားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ