ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်နေရာတွင်သရုပ်ဆောင်သူများစမ်းသပ်ရိုက်ကူး
မေလ ၂၅ ရက်နေ့မှစတင်ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာမှာ သရုပ်ဆောင် မည့် ကျော်ကျော် မျိုးနှင့် ဒေါ်ခင်ကြည်နေရာ မှာ သရုပ်ဆောင်မည့် ဇာခြည်လင်း၊ သင်းမြတ်သန္တာလှိုင်တို့အား ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက် ရေးကော်မ တီရုံးခန်း၌ စမ်းသပ်ရိုက် ကူးခြင်းပြုလုပ်၍ လေ့ကျင့်သင် ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
” ခုဟာက သရုပ်ဆောင်ပိုင်းကို အဓိကထား သင်ကြားပေးနေတာပေါ့။ ဒီဒေါ်ခင်ကြည်နေရာ ဇာတ်ရုပ်အတွက်တော့ မဟုတ်သေးဘူးပေါ့။ ဘယ်လိုလေးတွေ သရုပ်ဆောင်ရမယ်ဆိုတာလေးတွေ၊ အခြေခံလေးတွေလောက်ပါပဲ။ ခုလိုလေးသင်တန်းပေးပြီးလုပ် တဲ့အခါမှာအမှားတွေကတော့ အများ ကြီးရှိတယ်။သင်ပေးတာလည်းမမှန်မချင်းပြန်ပြီးတော့လုပ်ခိုင်း တယ်လေ။ အခက်အခဲ ကတော့ အရမ်းကြီးမရှိပါဘူး။ သူတို့က မလုပ်ခင်ပြောပြတယ်။
ဘယ်လိုကြည့်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ လေးတွေကိုပြောပြတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒါပဲ ထပ်ထပ်ပြန် လုပ်ကြည့်ပါတယ်” ဟု ဒေါ်ခင်ကြည်နေရာအတွက် ရွေးချယ်ထားသူ တစ်ဦးဖြစ်တဲ့သင်းမြတ်သန္တာလှိုင် ကသင်ကြားပြသပေးနေ မှုနှင့်ပတ် သက်၍ ပြောပြခဲ့သည်။
သိမ့်သိမ့်
Popular Journal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin