လူမှုရေးအလုပ်တွေ လုပ်ပြီးဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားချင်တဲ့ ချစ်သုဝေ


ချစ်သုဝေက ဒါရိုက်တာ နေပိုင်ရိုက်ကူးတဲ့ ‘သုံးပါးသွားလေး ကချင်ပေမယ့်’ ဆိုတဲ့ဇာတ်ကားကို အောင်ရဲလင်းနဲ့ သရုပ်ဆောင်နေပါတယ်။ ရိုမန့်ဒရာမာ ဇာတ်လမ်းဖြစ် ပြီး ဒီဇာတ်ကားထဲမှာ ချစ်သုဝေက ရွာဘက်ကနေလာကာ ရန်ကုန်မြို့ မှာအခြေချဖို့ ကြိုးစားနေတဲ့ ကောင် မလေးအဖြစ် သရုပ်ဆောင် ထားပါတယ်။ ချစ်သုဝေက ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖို့ရှိသလို ဓာတ်ပုံ ကြော်ငြာတွေ ရိုက်ကူးဖို့ရှိတယ်လို့ ပြောပါတယ်။

ဒီလထဲမှာ မီးအိမ် ကဗျာ ဗီစီဒီအတွက် သီချင်း နှစ်ပုဒ် ရိုက်ဖြစ်မှာဖြစ်ပြီး နားလည်မှု ဆိုတဲ့ သီချင်းတစ်ပုဒ်ကိုတော့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ရိုက် ကူးမှာဖြစ်တယ်လို့ ပြောပါတယ်။ မီးအိမ် ကဗျာ ဗီစီဒီ အတွက် မျက်နှာသစ် သရုပ်ဆောင် တွေရွေးဖြစ်နေကြောင်းကို ချစ်သုဝေ က “နားလည်မှုကို အရင်တုန်းက ထရီဇာနဲ့ ကိုလင်းနဲ့ ကော်ဖီချစ်သူထဲမှာ ရိုက်ထားတာရှိတယ်။ ကိုညိုက ဇာတ်လမ်းပုံစံမျိုးရိုက်ဖို့ စိတ်ကူးထားတယ်။

ထရီဇာ့အေ ခွလေး ကိုလူငယ်တွေနဲ့ပဲရိုက်မယ် စိတ် ကူးထားတော့ အခုတော့ မေတိုးခိုင် ကို ပြောထားတယ်။ သူကလည်း ကူညီ ပေးမယ် ဆိုတော့ ညီမလေးနဲ့ ရိုက်မယ်။

မျက်နှာသစ်ထဲကပဲ ရွေး နေတယ်။ အမ်တီဗီက မင်းသား၊ မင်းသမီးတွေ သရုပ်ဆောင်တာထက် မျက်နှာသစ်သရုပ် ဆောင်လေးတွေ ကျတော့ Taste လေး တစ်မျိုး ဖြစ်တာပေါ့။ မျက်နှာသစ် လေးတွေကလည်း သရုပ် ဆောင်တတ်ရင် အမြင်က အစ ဆန်းသစ်နေတယ်။ ဝါသနာ ပါတဲ့လူတွေ အတွက် ပထမဆုံး ခြေလှမ်းလေး လည်း ဖြစ်တယ်။ ထရီဇာကို က ကောင်မလေး ချောချော လှလှလေးတွေဆို ချစ်တတ် တော့ ချစ်စရာကောင်းတဲ့သူ တွေကို ရိုက်ခိုင်းတဲ့သဘော ပါပဲ” လို့ပြောပါတယ်။

သရုပ် ဆောင်နဲ့ အဆိုပိုင်းတွေကိုပဲ လုပ်ကိုင်နေတာ တွေ့တာ ကြောင့် ဆရာဝန်နဲ့ပတ် သက်ပြီး ဆေးပညာတွေကိုရော မလေ့လာဖြစ်တော့ ဘူးလားလို့မေး တော့ချစ်သုဝေက “ထရီဇာကပစ္စုပ္ပန် သမားဆိုတော့ ရှေ့ဘာဖြစ်မလဲ တော့မသိဘူး။ လောလောဆယ် စိတ်ထဲမှာ ဖြစ်နေတာက ဆရာဝန်အလုပ်လုပ် မယ်ဆိုရင် Practice ပြန်လုပ်ရမယ်။ အချိန်ပို ပေးရမယ်။

စာတွေ ပြန်ကျက်ရတော့မယ်။ ဒီ အလုပ်အတွက် သုံးနှစ်လောက် အချိန်ပြန်ပေး ရတော့မယ်။ အဲဒီလိုလုပ်မယ့်အစား ထရီဇာ ကဘဝမှာNew Challenging တွေကြိုက် တော့ ရှေ့လျှောက် စိတ်ကူးထားတာက လည်း တချို့တွေက အနုပညာအလုပ် တွေ နားရင် စီးပွားေ ရးလုပ်မယ်တို့ရှိ တယ်လေ။ တကယ်လို့များ ကိုယ် အသက်ကြီးပိုင်းရောက်သွားလို့ အနုပညာအလုပ်တွေ နားမယ်ဆိုရင် တောင် လူမှုရေးအလုပ်ေ တွလုပ်ပြီး ကိုယ့်ဘဝလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွား ချင်တယ်။ လူမှုရေးနဲ့ဆိုင်တဲ့ Public Relation လိုမျိုး၊ ကျန်းမာရေးနဲ့ ဆိုင်ရင်တောင်မှ Public Health လိုမျိုးကိုပဲ လေ့လာဖြစ်မလားတော့ မသိဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ