မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အလေးမပြိုင်ပွဲကျင်းပမည်.
မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလားအလေးမပြိုင်ပွဲကို ဇူလိုင်လ(၂၀)
ရက်နေ့မှ (၂၂)ရက်နေ့အထိအောင်ဆန်းအားကစားကွင်းမိုးလုံလေလုံ
အားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ကျင်းပပြုလုပ်
မည့် ပြိုင်ပွဲများသည် အလွတ်တန်း(အမျိုးသား၊အမျိုးသမီး)ပြိုင်ပွဲနှင့် ဒေသ
ဆိုင်ရာအလေးမလေ့ကျင့်ရေးစခန်း အသီးသီးရှိအသက်(၁၇)နှစ်အောက်
အမျိုးသား၊အမျိုးသမီးပြိုင်ပွဲတို့ ဖြစ်သည်။အလွတ်တန်းပြိုင်ပွဲတွင် အမျိုးသား
အတန်း(၈)တန်းနှင့်အမျိုးသမီး(၇)တန်း၊ အသက်(၁၇)နှစ်အောက်
အလေးမပြိုင်ပွဲတွင် အမျိုးသား(၅၀)ကီလိုတန်းမှ(၉၄)ကီလိုအထက်တန်း
အထိ(၈)တန်းနှင့် အမျိုးသမီးပြိုင်ပွဲတွင်(၄၄)ကီလိုတန်းမှ(၆၉)ကီလို
အထက်တန်း အထိ(၇)တန်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
SkyNet TV Browser
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin