မန္တလေးမှာ ပြင်ဆင်စရာတွေ ပြင်ဆင်ပြီးမှ ရန်ကုန်မှာ အခြေချမယ့် မန္တလေးသူ ဂုဏ်ရှိန်ဝင့်ထည်

လတ်တလောမှာ ဂျာနယ်တွေ မဂ္ဂဇင်းတွေ အတွက် ဓာတ်ပုံတွေ ရိုက် ပေးနေပြီး MRTV နဲ့ Channel 7 ရုပ်သံ အစီအစဉ်တွေမှာ ရိုက်ကူး ပေးထားတဲ့ မန္တလေးသူ ဂုဏ်ရှိန်ဝင့်ထည်က သူ့ရဲ့တစ်ကိုယ်တော် စီးရီးဖြစ်တဲ့ “ညို့” သီချင်းခွေ အတွက် VCD စရိုက်နေတယ်လို့ ပြောပါ တယ်။ စင်ကာပူက ဓာတ်ပုံဆရာ တချို့ က သူ့ကိုဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းထားပြီး အဆင်ပြေရင် စင်ကာပူသွား ဖြစ်မယ် လို့ပြောပါတယ်။ သူက ချမ်းမြ သုခ လူမှုကူညီရေး အသင်းက အသင်းဝင် တစ်ဦး jဖစ်ပြီး အသင်းကလုပ်တဲ့ ရန်ပုံငွေပွဲတစ်ပွဲမှာ သီချင်းစဆိုဖြစ် ခဲ့ပြီး ငယ်ငယ်က ကျောင်းပွဲတွေနဲ့ ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင် တာကြောင့် သူ့အတွက် သီချင်းဆို တာနဲ့ မစိမ်းဘူး လို့ပြောပါတယ်။ အနုပညာလောကထဲ စဝင်တော့ ဘိုဓာတ် ပုံတိုက်မှာ Photo Model အဖြစ် စရိုက်ခဲ့ပြီး နောက်ပိုင်းမှာ မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ စပါလာပြီး ဘေဘုတ် တွေ မှာကြော်ငြာတွေ စရိုက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူက အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါပေမယ့် ကျောင်းပြီးမှသာ လုပ်ဖို့ဆုံးဖြတ် ခဲ့တာဟာ ကျောင်းပြီးတဲ့ လူတစ်ယောက်ရဲ့ အတွေးအခေါ် နဲ့မပြီးသေး တဲ့ လူတစ်ယောက် ရဲ့အတွေးအခေါ် မတူတာကြောင့် လို့ပြောပါတယ်။ သူက အနုပညာလောက ထဲစဝင်တော့ သူများ အလှပုံတွေနဲ့ ကြော်ငြာ မရိုက် ဘဲ တစ်ကိုယ်လုံးကို မိတ်ကပ်အမည်း လိမ်းကာနီဂရိုးမ ပုံစံရိုက်ဖို့ ဘိုဓာတ် ပုံတိုက်က ဦးဇော် က အကြံပေးတာ ကြောင့် ရိုက်ဖြစ်ခဲ့လို့ဂုဏ်ရှိန်ဝင့်ထည် ဆိုတဲ့ နာမည်ကို လူတွေသတိ ထားမိခဲ့တယ်လို့ ပြောပါတယ်။ သူက အနုပညာ လုပ်ငန်းတွေ စလုပ်ဖြစ်တာ တစ်နှစ်ခွဲလောက် ရှိပြီဖြစ်တာကြောင့်  အတွေ့အကြုံ မေးကြည့်တော့ “အနုပညာလောကထဲ စဝင်တဲ့ အနုပညာ သက်တမ်း တစ်နှစ်ခွဲ အတွင်းမှာ ကြုံတွေ့ရတဲ့ အခက်ခဲလေးတွေ ရှိပါတယ်။ ဘယ်အရာမှတော့ မလွယ်ကူ ဘူးပေါ့။ ကံကောင်းတာက ဆရာ ကောင်းတွေ နဲ့ တွေ့တယ်။ ဘယ်သူနဲ့တွေ့ရင် ဘယ်လို စကားမျိုးပြောရမယ်။ နေမှုထိုင်မှုက အစဆရာတွေက သင်ပေးကြတယ်။ အဲဒါကြောင့် အခုချိန်ထိတော့ အမှား မရှိသေးဘူး လို့တော့ ပြောလို့ရတယ်။ တစ်ခုခု ဆိုဆရာသမားတွေနဲ့ တိုင်ပင်ရတာပေါ့။  လုပ်တဲ့ အလုပ်တော့ သေသေချာချာ ဂရုစိုက်ပြီး လုပ်ဖြစ်တယ်။
အနုပညာ လုပ်ငန်း နဲ့ပတ်သက်ပြီး အများကြီး မျှော်လင့်ထားပါတယ်။ တစ်ခုခု လုပ်မယ် ဆိုရင်ဖောင်ဒေးရှင်း ကောင်းကောင်း ချထားတယ်။ မန္တလေးသူ တစ်ယောက် ဖြစ်နေပြီး အနုပညာ နယ်မြေက ရန်ကုန်မှာ ရှိနေ တာ ဆိုတော့ ရန်ကုန်ကို သွားမှ ရမယ်။ ဒါပေမဲ့ ကိုယ့်ဘက်က ပြင်ဆင် စရာတွေ ရှိတာကို ကြိုတင်ပြင်ဆင်ပြီး မှရန်ကုန်သွား ဖို့စီစဉ်ထားတယ်။ ဒါပေမယ့် ဟိုကကမ်းလှမ်းတာတွေ ရှိရင်လည်း သွားရိုက်ဖြစ်တယ်”လို့ ဂုဏ်ရှိန်ဝင့်ထည် က ပြောပါတယ်။

By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ