မျက်လုံးလေးကလယ် ကလယ်ဇာတ်ကားနဲ့ ရွှေမှုန်ရတီ ရဲ့ ဖွင့်ဟချက်

‘မီးတောင်ပြိုများ’ ဇာတ်ကားကို ရွှေမှုန်ရတီကမြင့်မြတ်၊ယုသန္တာတင် တို့နဲ့ အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက အချစ်ဒရာမာ ဇာတ် ကား လေးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရွှေမှုန်ရတီက ထူးထူးခြားခြား ကာရိုက် တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုလတ်တလော မှာတော့ နေ တိုး၊စိုးမြတ်သူဇာ၊ညီထွဋ်ခေါင်တို့ပါဝင်တဲ့ ‘မျက်လုံးလေးကလယ်ကလယ်’ ဇာတ် ကားလေးအကြောင်းရွှေမှုန်ရတီက “ရွှေမှုန်ကလည်း ပရိသတ်ကိုဇာတ်လမ်း အဆန်းလေးတွေ ချပြရတဲ့အတွက် တအားဝမ်းသာပါတယ်။ ဇာတ်တွေ အကုန်လုံးကဆန်းဆန်းပြားပြားလေးတွေများေ တာ့ ရွှေမှုန်ကံကောင်းပါတယ်။ ရွှေမှုန်ရိုက်မယ့်ဇာတ်တွေကိုလည်း တိုက်ကစီစဉ်ပေးတယ်။ မင်းသား တွေက လည်း ရွေးပေးတော့ ရွှေမှုန်ဆီ ကိုဇာတ်ကောင်းလေးတွေရောက်လာတာ များ တယ်။’မျက်လုံးလေးကလယ်ကလယ်’ ဇာတ်ကားလေးဆိုလည်း ရန်ကုန်ပရိသတ် တွေ သဘော ကျကြတယ်။ ဇာတ်လေးက ဆိုက်ကို ပုံစံလေးလည်းဖြစ်တယ်။ ရွှေမှုန်အပါအဝင် အားလုံးက ကြိုးစားပြီး သရုပ်ဆောင်ထားကြတယ်။ အားလုံး ကလည်း စိတ်ရော၊ လူရောပင်ပန်း ပြီး ကြိုးစားရိုက်ကူးထားကြတယ်။ ရွှေမှုန်အနေနဲ့ မလုပ်နိုင်ဘူးဆိုတာ မရှိစေရဘူးဆိုတဲ့စိတ် လေးကိုထည့်ပြီး သရုပ်ဆောင်ထားတယ်။ ပရိ သတ်တွေဆီက အားပေးတဲ့အသံတွေ ကြားရတော့ ရွှေမှုန်လည်း တအား ပင်ပန်းရကျိုးနပ်ပါတယ်။ ပရိသတ်က သဘောတော့ကျတယ်။ဒါပေမဲ့သူတို့က အဲဒီလိုကားထက် အချစ် ကားလေး တွေကို ပိုပြီးသဘောကျ တယ်လို့ ရွှေမှုန်ထင်တယ်။ နယ်ဘက် တွေ မှာလည်း ဒီ ဇာတ်ကားလေးကိုသဘောကျကြတယ်လို့လည်း ရွှေမှုန်ကြားရတယ်။တချို့လည်း ရွှေမှုန်ကို ပြောကြတာရွှေမှုန်သိပါတယ်။ ရွှေမှုန် လည်း အသက် ငယ် သေးတဲ့သူတစ်ယောက်ပါပဲ။ဒါပေမဲ့ ရွှေ မှုန်ကာရိုက်တာပေါ်မှာ တတ်နိုင် သလောက် ကြိုးစားပြီး သရုပ် ဆောင်တယ်။ ရုပ်ရှင် ဆိုတာကိုက သဏ္ဌာန်လုပ် သရုပ်တူဆိုတဲ့ အတိုင်း မတူတူအောင် ရိုက်ရ တယ်။ ပရိသတ်ကို လှည့်စား ထားတယ်။ ပရိသတ်ကလည်း သိသိကြီးနဲ့ သူတို့လည်းစိတ်ထဲ မှာ ခံစားပြီးတော့ ကြည့် ပေးကြတယ်။ အဲဒီအတွက် လည်းပရိသတ်ကြီးကို ကျေး ဇူးတင်ပါတယ်။ အဲဒီ ဇာတ် ကားထဲမှာရွှေမှုန် သရုပ်ဆောင် ရဲတယ်ဆိုတာကလည်း တကယ် မှမဟုတ်တာ။ ကိုယ့်အနေနဲ့ ပရိ သတ်ကိုထင်ယောင်ထင်မှားလုပ်ပြရ တာပဲရှိတယ်။ ရွှေမှုန့်အေ နနဲ့ကတော့ပရိသတ်အမြင်မှာ ပီပြင်သွားတဲ့အတွက် ဝမ်းသာပါတယ်” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ