မြန်မာ သီချင်းတွေ သီဆိုမယ့် ခိုင်သင်းကြည် ရဲ့ အမေရိက ဖျော်ဖြေရေး

ခိုင်သင်းကြည်က မေလ ၉ ရက် နေ့က အမေရိကကို ဖျော်ဖြေရေး သွားရောက် ခဲ့ပါတယ်။ နိုင်ငံခြား ဖျော်ဖြေရေးတွေ သိပ်မသွားဖြစ်တဲ့ ခိုင်သင်းကြည်က ဒီခရီးနဲ့ ပတ်သက်ပြီး “ဖျော်ဖြေရေး သွားဖြစ်တာက လာ ကမ်း လှမ်းတော့ မခိုင် သွားချင်သလောက်ရက်လေး နဲ့ဆိုတော့ အဆင်ပြေတယ်။ တစ်လကျော် လောက်ကြာမယ်။ အရင် အခေါက်တွေတုန်းက တခြား အဖွဲ့တွေက ခေါ်တာတွေ ရှိပေမယ့်လည်း ရက်ကြာတာတွေ၊ တခြား အကြောင်း အရာတွေလည်း ရှိတော့ မလိုက်ဖြစ်ဘူး။ အဖွဲ့တွေ နဲ့အတူ ဟိုကလာခေါ်တဲ့ မသန္တာဆိုတဲ့ အစ်မကလည်း သူပါပါတယ်။ ဖျော်ဖြေပွဲက ၄ ပွဲ၊ ၅ ပွဲလောက်တော့ ဖျော်ဖြေမယ်။ အခုသွားတာက ကြိုပြီးပြော ထားတော့ ကားရိုက်တွေ ကို ဖယ်ထား ရတယ်။ ဒီလို နိုင်ငံကြီး သွားဖို့က ကိုယ့်ဘာသာကိုယ်ဆို တအား အလုပ် များတယ်လေ။ အခုက အစစ အရာရာ အကုန် စီစဉ်ပေးတော့ အဆင်ပြေတာပေါ့။ နောက်ဖျော် ဖြေရင်း ကိုယ် မရောက် ဖူးသေးတော့ လည်ပတ်မယ်ပေါ့။ မခိုင်လည်း သင်္ကြန်တွင်းရော၊ သင်္ကြန် မတိုင် ခင်ရော အလုပ်တွေနဲ့၊ ပြီးတော့ ရုပ်ရှင်ကားကြီး ရိုက်ဆိုတော့ အခုက ဖျော်ဖြေပွဲ သွားရင်း အနားယူလို့ ရတာပေါ့” လို့ ပြောပြပါတယ်။

ဖျော်ဖြေပွဲ အတွက် ပြင်ဆင်မှု တွေနဲ့အတူ မြန်မာသံ လည်း ဆို ချင်တာကြောင့် ပြင်ဆင် သွားဖြစ် တယ်လို့ ပြောတဲ့ ခိုင်သင်းကြည်က “အဓိကကတော့ ရှိုးပွဲမှာ ဆိုမယ့် ဝတ်စုံတွေ ပဲလုပ်သွားတယ်။ သီချင်း တွေက အမြူးလေးတွေရော၊ အေးအေး လေးတွေပါ ဆိုမယ်။ နောက်နိုင်ငံခြား သွားတယ်ဆိုတော့ ကိုယ် မြန်မာသံ မပိုင်ပေမယ့်လည်း မြန်မာ သီချင်း လေးတွေလည်း ဆိုဖို့ လုပ်သွားတယ်။ ဒီအမေရိက မှာပဲဖြစ်ဖြစ်၊ ဒီနိုင်ငံ မှာ ပဲဖြစ်ဖြစ်ပါ၊ တတ်နိုင် သလောက် ပရိသတ် လာကြည့်ရတာ တန်အောင် ကြိုးစား ဖျော်ဖြေပါတယ်။ ကိုယ်တတ် စွမ်းသလောက်ပေါ့ ကြိုးစားပါတယ်။ ကိုယ်က သီချင်းဆိုနေကျ မဟုတ်ပေမယ့် ကြိုးစားပြီး ဖျော်ဖြေ ရမှာပေါ့” လို့ပြောပြပါတယ်။ ခိုင်သင်းကြည်က ဖျော်ဖြေပွဲ မသွားခင် “ကောင်းကျိုးကိုယ် ၌တည်စေမင်း” ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ပြီး ဖျော်ဖြေပွဲက ပြန်ရောက်တဲ့ အခါ ခန့်စည်သူ နဲ့ ဇာတ်ကား ရိုက်ကူး ဖို့ ရှိတယ်လို့ သိရပါတယ်။

မေမွန်မောင်
By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ