မိခင်ပုံရိပ်နှင့် မိခင်စိတ် တုံ့လှည့်မေတ္တာ စုန်ရေဆန်ရေ အိန္ဒြာကျော်ဇင်

လောကမှာ သက်ရှိသတ္တဝါတိုင်း မိခင်တွေရှိတယ်။ အထူးသဖြင့် စကားပြော တတ်တဲ့၊ အသိပညာကြွယ်ဝတဲ့လူသားတိုင်းက ကိုယ့်မိခင်ရဲ့ ကျေးဇူး ကြီးမားပုံကို အမျိုးမျိုးဖွင့် ဆိုကြတယ်။ တကယ်တော့ မိခင်တိုင်းက သား သမီးတွေ ဖွဲ့နွဲ့ခိုင်းနှိုင်းတဲ့ စကားလုံးတွေထက် သူတို့ရဲ့ မေတ္တာ၊ ပေးဆပ်မှု၊ အနစ်နာခံမှုက ကြီးမားလွန်းလှပါတယ်။ အမေကို ဂုဏ်ပြုချင် လွန်းလို့ ဖွဲ့နွဲ့ရေးသားရုံနဲ့ မပြည့်စုံလို့ အမေ များကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ကမ္ဘာလုံး က မေလဒုတိယပတ်ကို အမေများနေ့လို့ သတ် မှတ်ကြပါတယ်။
 ’အမေများနေ့’ မှာ ‘အူဝဲ’ လို့ခေါ်တဲ့  သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ ကျွန်မဟာ မိခင်စိတ်နဲ့ ကျွန်မမိခင်အပေါ် တုံ့ လှည့်မေတ္တာ စုန်ရေ၊ ဆန်ရေ ပြန်လည်စီးဆင်းစေခဲ့ပါတယ်။  မေမေ့အပေါ်မှာထားရှိတဲ့ ကျွန်မရဲ့ အချစ် မေတ္တာဟာ စာ၊ ကဗျာဖွဲ့လို့ မဆုံး နိုင်ပါဘူး။ မေမေ့ကိုချစ်တဲ့ ကျွန်မ အချစ်က အေးမြတယ်၊ သန့်ရှင်း တယ်။ ပြီးတော့ အားကိုးချင်စိတ် တွေပါတယ်။တစ်ခုခုဆိုရင် မေမေကိုပဲအမြဲ တမ်းတပြီး အားကိုးမှီတွယ် ချင်ခဲ့တယ်။ ကျွန်မငယ်ငယ်ကတည်းက အခုထိ မေမေမပါရင် မသွားတတ်၊ မလာတတ်တဲ့အပြင် မေမေမပါရင် မသွားချင် တာလည်းရှိတယ်။ ဒါကြောင့် ကျွန်မအဖို့တော့ မေမေ့ရဲ့ မေတ္တာက စာလုံးပေါင်းတွေနဲ့ ဖွဲ့ဆိုဖို့ မလုံလောက်ပါဘူး။ လောကမှာအမှားရှိရင် အမှန်ရှိတယ်။ အဆိုး ရှိရင် အကောင်းဆိုတာလည်းအမြဲတမ်းရှိ တယ်။ဒီလိုပဲ အဆင်ပြေချောမွေ့တဲ့နေ့ရက်ရှိ လာရင်အဆင်မပြေတဲ့ ဒုက္ခဆင်းရဲခြင်းလည်း ဒွန်တွဲရှိလာ တာမို့ သားသမီးတွေ လမ်းရွေးမမှားဖို့၊ သားသမီးတွေ ဒုက္ခဆင်းရဲမကြုံ တွေ့စေလိုတာ ကြောင့် သားသမီးတွေ လျှောက်လှမ်းရမယ့် လမ်းကို ရှေ့ကတစ် မျိုး၊ ဘေးကနေတစ်သွယ်၊ စင်နောက်ကွယ်က တစ်မျိုးနဲ့ ဆူးခလုတ်ဘေး အန္တရာယ်ကို ကြိုတင်ရှင်းလင်းပေးတတ်တာ မြင်းမိုရ်ထက်မြင့်မားလှတဲ့ မိခင်ရဲ့ အနန္တကျေး ဇူးတရားတွေပါ။ သားသမီးတွေရဲ့မျက်နှာတစ်ချက်လေးတောင် အညှိုးမခံချင်တာလည်း မိခင်တွေရဲ့ဆန္ဒပါပဲ။ ဒါပေမဲ့ မိခင်တွေရဲ့ ‘ဒါ ကောင်းတယ်၊ ဒီအရာကတော့ မကောင်း ဘူး’ လို့ ဝေဖန်သုံးသပ်ပေးတာကို လမ်းခရီးကို အမြဲတမ်းအကောင်း မမြင်တာ ကသားသ မီးတွေ ပါ။ငါဆိုမှအကောင်းပဲလို့အမြဲတွေးတတ်တဲ့ အတ္တတွေလည်း မိခင် ကိုချစ်လို့၊ နွဲ့ချင်လို့နား မထောင်တတ်တဲ့သားသမီးတွေရဲ့ နောက်ဆုံး စကားလုံး က မေမေလုပ်တာ အကောင်းဆုံးလို့ လက်ခံလာကြတာ ကျွန်မကိုယ်တွေ့ပါ။အရင်က ကျွန်မဟာ လူငယ်စိတ်နဲ့ အမေက ဆူလို့စိတ်   ကောက်တာ တွေရှိခဲ့တယ်။ ကြီးကြီး မားမားတော့ မဟုတ်ဘူး။အသေးအဖွဲလေးတွေပါပဲ။
အကြောင်း အရာ တစ်ခုကို အမေတွေးတဲ့ပုံစံနဲ့ ကျွန်မ တွေးတဲ့ပုံစံ မတူဘူး။ အဲဒီတော့ ကိုယ်မှန်တယ်လို့ပဲ ထင်ခဲ့တာ။ တကယ့်တကယ်ဆိုရင် ဘယ်တော့ မဆို ပြဿနာပဲဖြစ်ဖြစ်၊ အကြောင်း အရာတစ်ခုပဲဖြစ်ဖြစ် ပြီးသွားရင် အမေကမှန်တာချည်းပဲ။အမေပြော တာတွေ၊ အမေလုပ်တာတွေ က  အမှန်တွေပဲ။ အနုပညာလောကမှာ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရယ်လို့ ဖြစ်လာတာရယ်၊ ဒီအောင်မြင်မှု နောက်ကွယ်က ကူညီပံ့ပိုပေးတာ ကျွန်မရဲ့မေမေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုး စား၊ဘယ်လောက်ပဲတော်နေ၊ တတ် နေပါစေ တကယ်တမ်း အရေးကြီး တာက အနောက်က ကူညီပံ့ပိုးမှု၊ ပြုစုမှု၊ ဂရုစိုက်မှုအရေးကြီးပါတယ်။ ကျွန်မချစ်တဲ့ အူဝဲဆိုတဲ့ ရုပ်ရှင်သရုပ်  ဆောင်တစ်ဦးရဲ့ မေမေကလည်း အူဝဲရဲ့ဘွားဘွား ပံ့ပိုးမှုတွေ၊ ပြုစုမှု တွေ၊ ဘွားဘွားရဲ့တွန်းအားပေးမှု တွေလည်း အများကြီးပါရှိခဲ့လို့ အခု ကျွန်မရဲ့အောင်မြင်မှုနောက်ကွယ် မှာ ကျွန်မမေမေရဲ့ ပံ့ပိုးမှုတွေ၊ တွန်း အားပေးမှုတွေ၊ ပြုစုမှုတွေအများကြီး ခွန်အားဖြစ်ခဲ့ပါတယ်။ မေမေကြောင့် သာ ဒီအနုပညာလောကမှာ အိန္ဒြာ   ကျော်ဇင်ဆိုတဲ့နာမည်နဲ့ ဘဝကိုရပ် တည်လို့ရအောင် မေမေရဲ့အားပေး မှုတွေက ၇ဝ ရာခိုင်နှုန်းကျော် လောက်ရှိပါတယ်။ အူဝဲဆိုတဲ့ ကျွန်မ ဟာ မေတ္တာခွန်အားကြီးမားလှတဲ့ အခုလို အမေတစ်ယောက်မရှိဘဲနဲ့ ကျွန်မတစ်ယောက်တည်း ဒီလောက မှာ ရပ်တည်မယ်ဆိုရင် ဒီနေရာမှာ ဒီလိုနာမည်မျိုးနဲ့ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အိန္ဒြာကျော်ဇင်ဆိုတာ လည်း ဖြစ်လာမှာမဟုတ်ဘူး။ မိခင် တိုင်းက သားသမီးတွေအပေါ်မှာ ကော င်းသောမျှော်လင့်ချက်နဲ့ ကောင်းသောဆန္ဒတွေ ရင်ထဲအပြည့် ရှိနေခဲ့တဲ့သူတွေရယ်ပါ။ သားသမီး တိုင်းကို မျှော်လင့်တဲ့အတိုင်းမဖြစ်လာရင်လည်း ဆူပူကြိမ်းမောင်းတာထက် အားပေးတတ်တယ်။ အမေခင်းပေး တဲ့လမ်းက ကိုယ့်ဘာသာရှာဖွေတဲ့ လမ်းထက် ဆူးခလုတ်တွေကင်းရှင်း တယ်။   ဖြောင့်ဖြူးတယ်။ သားသမီး တွေအပေါ် ပေးဆပ်ခြင်းသာရရှိပြီး ရယူခြင်းမရှိတဲ့ မိခင်တွေရဲ့ အချစ်က ဘယ်စာဆိုမှမဖွဲ့ဆိုနိုင်ပါဘူး။ ကျွန်မယုံတ ယ်။ အမေဆိုတဲ့ပုဂ္ဂိုလ် တွေက သားသမီးတွေအတွက် ရင်ထဲ မှာ ဆန္ဒတွေအများကြီးရှိတယ်။ ကျွန်မအမေကလေး သူ့ရင်ထဲမှာဖြစ် ချင်တဲ့ဆန္ဒကို ထုတ်ပြလေ့မရှိဘူး။ ရင်ထဲမှာပဲ အမြဲသိမ်းဆည်းထားတတ် တယ်။ ကျွန်မအကယ်ဒမီမရခင်က လည်း ကျွန်မမေမေက သမီးဖြစ်သူ ကို အကယ်ဒမီ ဆု တအားရစေချင်ခဲ့ တာ။ ဒါပေမဲ့ မရလို့ အပြစ်ပြောတာ တစ်ခါမှမရှိခဲ့ဘူး။ ဘာကိစ္စမဆိုပဲ။ အကယ်ဒမီရသွားတုန်းကလည်း ကျွန်မထင်တယ်။ ကျွန်မထက်တောင် သူပိုပျော်နေတယ်ဆိုတာ ကျွန်မယုံ တောင်မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ ကျွန်မကိုယ်တိုင် မိခင်ဘဝကို ပိုင်ဆိုင်ရတဲ့အခါမှာေ တာ့ အမေပေါ် ထားတဲ့ ကျွန်မရဲ့အချစ်တွေ၊ မေတ္တာ တွေ၊ အားကိုးချင်တဲ့စိတ်တွေထက် အမေ့ရဲ့ခံစားချက်ကို ပိုမိုနားလည် လာတယ်။
မိခင်မေတ္တာရဲ့ ကြီးမား နက်ရှိုင်းမှုတွေ သိလာရတော့ အမေ့ အပေါ် ကျွန်မချစ်စိတ်ကို ရဲရဲဝင့်ဝင့် ဟစ်ကြွေးချင်စိတ်ဖြစ်ခဲ့ပါတယ်။ ကျွန်မကိုယ်တိုင် အမေနေရာ ကိုတကယ်လက်တွေ့ မိခင်နေရာ ရောက်ရှိလာတဲ့အခါမှာ မေမေရဲ့ ကျေးဇူးကြီးမားပြီး ဘယ်အရာနဲ့မှ ပုံပမာ ခိုင်းနှိုင်း လို့မရဘူး။ အဲဒီလိုအသိတရားကို ငယ်ငယ်ကတည်းက သိရှိခဲ့ပေမယ့် အခုလက်တွေ့မှာ  မိခင်ဘဝကိုကျွန်မ တွေ့ထိရတော့ ကျွန်မမေမေကို ကိုယ်ချင်းစာတဲ့ စိတ်၊နားလည်စိတ်ဖြစ်သွားတယ်။ သြော် ငါ့ကိုငါ့အမေ မွေးတုန်းက လည်း အခု ငါ့သမီးလေးပေါ်ဖြစ်တဲ့ စိတ်မျိုးအမေစိတ်မှာ ဖြစ်မှာပဲဆို တာ ကိုယ်ချင်းစာတတ်လာတယ်။ ကျွန်မကိုယ်တိုင်ခံစားရတဲ့ ခံစား ချက်အားလုံးဟာ ကျွန်မမေမေတုန်း ကလည်း ဒီလိုပဲ ခံစားရမှာပဲ။ အခု ကျွန်မ သမီးလေးကို ပြောမပြ တတ်အောင် ချစ်တယ်။ ငုံထား မတတ်အောင် ချစ်တယ်။ အဲဒီလို မျိုး ချစ်တဲ့အချစ်ကကျွန်မမေမေ လည်း ကျွန်မကို ချစ်မှာပဲ။ ပြီးတော့ သားသမီးပေါ်ထားတဲ့ ပူပင်သော ကစိတ်နဲ့စိတ်မချဖြစ်နေမှုတွေလေ။ အဲဒီပူပင်မူက ဘာနဲ့မှ မတူဘူး။ ကျွန်မလက်တွေ့ခံစားရေ တာ့မှပဲ မေမေရဲ့ချစ်မေတ္တာကို ပိုနားလည် ခဲ့တယ်။ မေမေကိုပိုပြီးတော့ ကျွန်မစာနာတတ်လာတယ်။ အခုသမီး လေးက တီတီတာတာတွေခေါ်ပြော  တတ်တဲ့ အရွယ်ရောက်ပြီဆိုတော့ ကျွန်မမိဘမေတ္တာကို ပိုခံစားသိမြင် လာခဲ့တယ်။ သမီးလေး မွေးပြီးပြီး ခြင်း လေးငါးလရောက်တော့ ဇာတ် ကားရိုက်တဲ့အခါမှာ အမေမရှိလို့ ကလေးကိုစိတ်ချလက်ချ ထားခဲ့နိုင် တယ်လေ။ ဒါပေမဲ့ အခု မေမေမရှိ တာတောင် သူ့နားက မခွာချင်ဘူး။ သတိရစိတ်က တားမရဘူးဖြစ်နေ တာ။ သူ့ရဲ့တီတီတာတာ အမူအရာ တွေက ကျွန်မကို တအားပျော်စေ တာ။ ပြီးတော်တော်များများကို သိ တတ်လာနေပြီ။ ဒါကြောင့် အနားကနေ မခွာချင်တော့ဘူး။ဒါက မိခင် မေတ္တာဆိုတာ ယုံတယ်။ အခုလည်း နောက်ထပ် ရင်သွေးလေးထပ်ယူ မယ်။ ကိုယ်ဝန်မရသေးပေမယ့် ကျွန်မ ဒုတိယရင်သွေးလေးယူမယ်။ ကျွန်မ ငယ်ငယ်တုန်းကလည်း ဒီ အရွယ်မှာ မေမေလည်း စိတ်မချ ချစ်မဝဖြစ်မှာပဲ
ဆိုတာယုံတယ်။ သားသမီးပေါ် တာဝန်ကျေရိုးသာမ က တာဝန်တွေအများကြီးကိုကျော် ပြီး လူတော်လူကောင်းတွေဖြစ်လာ ဖို့ အမေက ပင်ပန်းစွာ ကျွန်မတို့ မောင်နှမတွေကို ပြုစုထိန်းသိမ်း ပေးခဲ့ရတယ်ဆိုတာ ကျွန်မဆိုတဲ့ ကျွန်မသိမြင်လာခဲ့တယ်။ မေမေမရှိ ရင်ကျွန်မတို့လည်း ဒီလိုနေနိုင် စား နိုင်မှာ မဟုတ်ဘူး။ မေမေရဲ့ ကြီးမား တဲ့ ကရုဏာမေတ္တာနဲ့ ပြုစုစောင့် ရှောက်ခဲ့လို့ ‘အကယ်ဒမီအိန္ဒြာကျော် ဇင်’ဆိုတာ ဖြစ်လာတာပါ။
ဒါကြောင့် ပရိသတ်များကို အူဝဲတစ်ခုပဲ ပြော ချင်ပါတယ်။ အမေဆိုတာ တန်ဖိုး ဖြတ်လို့မရတဲ့အရာပါ။မေတ္တာကြီး မားတယ်ဆိုတာ ကျွန်မဆိုတဲ့   အောင် မြင်ကျော်ကြားသူ ရုပ်ရှင်သရုပ် ဆောင်တစ်ဦးဖြစ်သူ ကျွန်မကိုယ်တိုင် လက်တွေ့ ကြုံတွေ့ခံစားရချိန်မှာ မိခင်တစ်ယောက်ရဲ့ သားသမီးေ တွ အပေါ်မှာ ထားရှိတဲ့ ချစ်မေတ္တာအ တိမ်အနက်ကို ကျွန်မ သဘောပေါက်နားလည်ခဲ့ပါတယ်။ အမေရှိနေကြ သေးတဲ့ လူသားတွေအားလုံး အမေ ရဲ့ ဖြူးစင်ရိုးသားတဲ့ မေတ္တာတရားကို တန်ဖိုးထားတတ်ပြီး မသေခင်မှာ ဆပ်လို့မကုန်တဲ့ မိခင်ကျေးဇူးတရား တွေအား ကိုယ်တတ်နိုင်သလောက် တုံ့လှည့်ဆပ်ခွင့်ပြုကြပါလို့ ကျွန်မတိုက်တွန်းစကား ပြန်ကြားလိုက်ပါ တော့တယ်။

အိန္ဒြာကျော်ဇင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ