၄၃နှစ်ပြည့်မွေးနေ့နဲ့ အသိတရားတစ်ခုရ လိုက်တဲ့ လူမင်း

လူမင်းက ‘ပူးတွဲချန်ပီယံ’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး မေလ ၇ရက်နေ့ မွေးနေ့မှာတော့ မနက်စောစော ရွှေတိဂုံဘုရား မှာ ကုသိုလ်ကောင်းမှု များ ပြုလုပ်ခဲ့ပါတယ်။ ၄၃ နှစ်ပြည့်မွေး နေ့မှာ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း “မွေးနေ့ မနက်ကိုမိသားစုမနက်စာသွားစားပြီး ဘုရား သွားတယ်။ ဘုရား ရှိခိုးဆုတောင်း၊ မေတ္တာပို့၊ မိဘဆရာသမားကျေးဇူး၊ ရတနာမြတ် သုံးပါးရဲ့ ကျေးဇူးတွေ အောက်မေ့ပြီး ဆုတောင်းမေတ္တာပို့ တယ်။ ဒီနေ့က အစည်းအရုံးမှာက လပတ်အစည်းအဝေးရှိတော့ ရှုတင်နားထားပြီးလာတာ။ မွေးနေ့ပွဲရယ်လို့တော့ မလုပ်ဖြစ်ဘူး။ ဒီနေ့ရှုတင်ရှိရင် ရှုတင်အဖွဲ့သားတွေကို မုန့်ကျွေးမလို့ပဲ။ အခုက အစည်းအဝေးရှိတော့ အမှုဆောင်အဖွဲ့တွေကို မွေးနေ့ဒါန အလှူအဖြစ် နေ့လယ်စာထမင်းေ ကျွးတယ်။ဒီလောက်ပဲလုပ်ဖြစ်တယ်။ အသက် ကြီးလာတော့ မွေးနေ့ပွဲမလုပ်ချင်တော့ဘူး။ မွေးနေ့ ရောက်တိုင်း အလှူတစ်ခုခုလုပ်ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

မွေးနေ့လက်ဆောင်ကိုတော့ ဇနီးဖြစ်သူ ခင်စံပယ်ဦးက အရင်ဆုံး ပေးခဲ့ပြီး အမှတ်တရ လက်ဆောင်လို့ ပြောပြတဲ့ လူမင်းက မွေးနေ့ မှာရရှိတဲ့ အသိတရားတစ်ခုကိုလည်း”ကိုယ့်အသက်အရွံယ်က မွေးနေ့လက်ဆောင်ကို ရင်ခုန်တာတို့ဆိုတာ မရှိတော့ပါဘူး။ ဇနီးက  တော့ မွေးနေ့လက်ဆော င်ပေးတာ။ မွေးနေ့မရောက်ခင်ညမှာ ရှုတင်က ပြန်ရောက်တော့ Samsung Galaxy S4 ၊ Birthday Card  လေးနဲ့ ပန်းစည်းလေးနဲ့ပေးတယ်။ ဒီလို လက်ဆောင်လေးနဲ့ စောင့်ကြိုနေတော့လည်း အမောပြေတာပေါ့။ သမီးနဲ့သားကလည်းသူတို့လည်းပါတာပေါ့လေ။ မွေးနေ့မနက်မှာတော့ သမီးကBirthday Kiss  လာပေးတယ်။ မွေးနေ့မှာ အသိ တရားလေး တစ်ခုတိုးလာတာ အမှတ်တရပါ။ ဒီခေတ်ကြီးက ကိုယ်တို့ ပုံမှန် အသက်ရှင် ရပ်တည်ခွင့်ကိုပဲ ခြိမ်းခြောက်တဲ့အရာတွေ အများကြီး ရှိတယ်။ဒီနေ့ဒီအချိန်ထိ  ရှင်သန်ခွင့်ရတာကိုက ရတနာမြတ် သုံးပါးနဲ့ ဘဝအဆက်ဆက် သံသရာကနေ ဒီနေ့အထိ တော်စပ် ခဲ့တဲ့ အမိအဖဆရာသမားတွေ ကျေးဇူးကို အာရုံပြုအမျှ ဝေဆု တောင်းဖြစ်ခဲ့တာက ဒီနှစ်အတွက် အသိတ ရားလေးတစ်ခုနဲ့လုပ် ဖြစ်ခဲ့တယ်။တစ်နှစ်အသက်ကြီးလာတော့ ပိုပြီးအတွေ့ အကြုံ၊ အတွေးအခေါ်တိုးလာတယ်။ ဒါကိုလည်း ကိုယ့်လောက ပတ်ဝန်း ကျင်ကမ္ဘာကြီးအတွက် ပြန်ပြီးအကျိုးပြုနိုင်အောင် ကြိုးစားဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးမိတယ်။ မွေးနေ့မှာ မိဘရဲ့ကျေးဇူး တရားကို လည်း သတိရမိတယ်” လို့ ပြောပြပါတယ်။ မွေးနေ့မှာ Birthday Wish လုပ်ကြတဲ့ ပရိသတ်တွေကိုလည်း ကျေး ဇူးတင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ