အစားအစာဖြင့် အူမကြီးကင်ဆာဖြစ်ခြင်းကို ကာကွယ်နိုင်ရန် ဘရိုကိုလီ


ဘရိုကိုလီက ကင်ဆာကို အကာအကွယ်ပေးသည်။ ဘရိုကိုလီ အစိမ်းကပို၍ အာနိသင်ကို ဖြစ်စေသည်။ ယင်း၌ diinody lmethane နှင့် swforaphane ဓာတု ပစ္စည်း (၂) မျိုးက ကင်ဆာအကျိတ်များ ကြီးထွားခြင်းကို ဟန့်တားပေးသည်။ ဘရိုကိုလီကို ကျက်ရုံချက်ခြင်းက အူမကြီးကင်ဆာကာကွယ်မှုကို ပို၍ပေးစွမ်းသည်။ ဗီတာမင် C နှင့် (၂၀%)ွ RDI ဖိုင်ဘာကို ရရှိစေ သည်။ ဗီတာမင် A, E, K နှင့် folate တို့ကို ရရှိစေပြီး အစာခြေဖျက်ခြင်းလုပ်ငန်းနှင့် ကိုယ်ခံအားကို ကောင်းစေ သည်။

ကန်စွန်းဥ
ဝမ်းချုပ်ခြင်းနှင့် အူသိမ်၊ အူမတို့ ပြဿနာကို မဖြစ်စေပဲ အူမကြီးကင်ဆာကို အကာအကွယ် ပေးသည်။ ယင်း၌ ကာဘိုဟိုက်ဒြိတ်၊ ဖိုင်ဘာ၊ အင်တီအောက်ဆီးဒင့်၊ မင်နရယ်၊ ဗီတာမင်များဖြစ်ကြသော beta carotene ၊ ဗီတာမင် C နှင့် E, pantothenic acid နှင့် မဂ္ဂနီး(စ်)တို့ <ကယ်စွာပါဝင်သည်။ အူမကြီးအတွင်းအဆိပ်အတောက် ဖြစ်ခြင်းကို လျော့ပါးစေသည်။ အခြားဓာတ်တစ်မျိုးဖြစ် သည့် Phytosterols ကလည်း အူမကြီးကင်ဆာကို အကာအကွယ်ပေးနိုင်သည်။
ဒိန်ချဉ်
နေ့စဉ်စားပေးခြင်းဖြင့် ဒိန်ချဉ်၌ရှိသော probiotic bacteria က ကင်ဆာဖြစ်စေသော ကပ်ပါးကောင် များကို အကာအကွယ်ပြုစေသည်။ အူသိမ်များ၏ လှုပ်ရှားမှုကိုလည်း ကောင်းစွာဖြစ်စေပြီး ယင်း၌ပါဝင် သော ကယ်စီယမ်နှင့် ဗီတာမင် D ကိုလည်း လွယ်ကူစွာ စုပ်ယူနိုင်သည်။ Colon acidity ကို တိုးပွားစေသဖြင့် အစာကြေလွယ်ပြီး အစာအိမ်၊ အူမကြီးအတွင်း အဆီ (polyps) နှင့် အကျိတ်များဖြစ်ခြင်းကိုကာကွယ်ပေး သည်။

တူနာငါး
Selenium ကို လုံလောက်စွာ ရရှိစေပြီး cell mutation များဖြစ် ပေါ်ခြင်းကို လျော့ပါးစေသည့်အပြင် အဆိပ်အတောက်များကို ပယ်ရှားပစ်နိုင်သည်။ တူနာငါး (၃) အောင်စသည် (၆၀%) ရှိသော RDI-selenium ၊ ခန္ဓာကိုယ်မှ မရှိမဖြစ်လိုအပ်သော Omega 3, 6 နှင့် fatty acids ကိုပေးသည်။ ခန္ဓာကိုယ်ကို အကျိုးပြု fat များသည် အူမကြီးကင်ဆာကို အကာအကွယ်ပေး နိုင်သည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ