ဌက်ဖျားရောဂါတိုက်ဖျက်ရာမှာ အသုံးဝင်နိုင်တဲ့ခြင်သတ်ဆေး


လစ်ဗာပူးလ်တက္ကသိုလ်မှ သု တေသီတွေဟာ ခြင်တွေကို နှိမ်နင်း ရာမှ ကြီးမားတဲ့ သက်ရောက်မှုရှိနေ တဲ့ ဌက်ဖျားရောဂါကုသဆေးတစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး လက်ရှိကု သရာမှာ အသုံးပြုနေကြတဲ့ ဆေးတွေ နဲ့ ပေါင်းစပ်အသုံးပြုကာ ဌက်ဖျား ရောဂါပြန့်ပွားမှုကို တိုက်ဖျက်နိုင်လိမ့် မယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ သုတေသနရလာဒ်တွေကို The Lancet Infectious Diseases ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး Endectocide အုပ်စုဝင် Ivermectin ကို လက်ရှိသုံးနေတဲ့ dihydroartemisinin-piper- aquine (DP) ထဲမှာ ထပ်ပေါင်း အသုံးပြုတဲ့အခါ ခြင်တွေကို တိုက် ဖျက်နိုင်စွမ်း ပိုမိုကောင်းလာတယ် ဆိုတာ သက်သေပြခဲ့ပါတယ်။

ဒါဟာ ခြင်နဲ့ ပါရာစိုက်တွေကို နှိမ်နှင်းဖို့ ပြုလုပ်ထားတဲ့ အစီအစဉ်တွေမှာ ထည့်သွင်းသင့်တဲ့ တွေ့ရှိမှုတစ်ခု လည်း ဖြစ်ပါတယ်။ Ivermectin ထပ်ထည့်ပေါင်းခြင်းဟာ ဌက်ဖျား ရောဂါ ဖြစ်ပွားမှုကို (၆၁) ရာခိုင်နှုန်း အထိ လျော့ကျစေတယ်ဆိုတာကို လည်း ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေ အရ သက်သေပြနိုင်ခဲ့ပါတယ်။ Ivermectin ဆိုတာ ပါရာစိုက်တိုက်ဖျက် တဲ့ ဆေးတစ်ခုဖြစ်ပြီးတော့ အခြား ရောဂါတွေကို ကုသဖို့အတွက်လည်း ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါ တယ်။

သတ်မှတ်ထားတဲ့ ပမာဏ ထက်နှစ်ဆ (သို့မဟုတ်) လေးဆမြင့် သည့်အထိအသုံးပြုလို့ ရနိုင်ပါတယ် လို့လည်း သုတေသနအသင်းက ခန့် မှန်းထားပါတယ်။ DP နဲ့ ပေါင်းစပ် ပြီးတော့ တစ်နေ့ကို (၁) ကီလိုဂရမ် မှာ Ivermectin 300mg နဲ့ 600mg သုံးရက်ကြားပေးကာ စမ်းသပ်ခဲ့ကြပြီး ရလာဒ်တွေအရ တော့ ဌက်ဖျားရောဂါကို တိုက်ဖျက်ဖို့ နဲ့ ထိန်းချုပ်ဖို့ လက်နက်ကောင်း တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ နောက်ထပ်သုတေသနတွေ ဆက် လက်ပြုလုပ်ဖို့လိုအပ် နေဆဲဖြစ်ပြီး ကမ္ဘာ့ကြီးကို ဌက်ဖျားကင်းစင်လာ အောင် ဌက်ဖျားပိုးနဲ့ပါ ရာစိုက်တွေ ကို ပစ်မှတ်ထားတဲ့ သုတေသနတွေ လည်း လိုအပ်လျက်ရှိပါတယ်။ ဒီပေါင်းစပ်ထားတဲ့ ဆေးဝါးဟာ အခြားပိုးသတ်ဆေးတွေနဲ့ မတူညီ တဲ့ လုပ်ဆောင်ချက်မျိုးရှိပြီး ဆိုလို တာက အပြင်ဘက်မှာရှိနေတဲ့ ခြင် တွေကို တိုက်ဖျက်နိုင်သလို ဌက်ဖျား ပိုးကာကွယ်တဲ့ ခြင်ထောင်နဲ့ အိမ် တွင်းဖျန်းဆေးတွေကို ယဉ်ပါးနေတဲ့ ခြင်တွေကိုပါ တိုက်ဖျက်နိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ