လေဖြတ်ရောဂါအတွက် ပိုမိုကောင်းမွန်တဲ့ဆေး


BiPAP ဟာ နာတာရှည်လေ ပြွန်ရောင်ရမ်းတဲ့ရောဂါ (COPD) ခံ စားနေရတဲ့ လူနာတွေမှာ အသက်ရှူ ခြင်းကို အကူအညီဖြစ်စေဖို့ အသုံးပြု တဲ့ သေးငယ်ပြီးလွယ်ကူတဲ့ စက် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ BiPAP ကို အသုံးပြုနေတဲ့အချိန်မှာ အသက် ရှူတဲ့ပုံစံကို ထိန်းသိမ်းဖို့လေကို ဖိ အားပေးပြီး ရှူသွင်းရှူထုတ်စေတဲ့ နည်းလမ်းဖြင့် အသက်ရှူစေတာဖြစ် ပါတယ်။ COPD ဆိုတာ နာတာရှည် လေပြွန်ရောင်ရမ်းတဲ့ ရောဂါဖြစ်ပြီး အဆုတ်အတွင်းသို့ လေရောက်ဖို့ အခက်အခဲရှိတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

အဆုတ်တွေဟာ ကျုံ့ နိုင်၊ ဆန့်နိုင်စွမ်းလျော့နည်းပြီး လေ ရှူသွင်းရ ခက်ခဲနေတာကြောင့် မကြာခဏဆိုသလို မောကြပ်ခြင်းနဲ့ ကြုံရနိုင်ပါတယ်။ COPD လက္ခဏာ တွေဟာ ညဘက်မှာပိုဆိုးတတ်ပြီး အိပ်စက်ခြင်းကို အနှောက်အယှက် ပေးကာ နေ့ဘက်ပိုင်းအချိန်တွေမှာ ပိုမိုမောပန်းခြင်းကို ခံစားရစေနိုင်ပါ တယ်။ နှစ်ခြိုက်စွာ အိပ်စက်ခြင်းဟာ ဆဲလ်တစ်သျှူးတွေ ပြန်လည်ပြုပြင်ဖို့ အတွက်အရေးပါပြီး ဒါကြောင့်လဲ ကောင်းမွန်စွာ အိပ်စက်ချိန်ရရှိဖို့က မဖြစ်မနေ အရေးပါနေရတာပါ။ ဒါ ကြောင့်မို့ BiPAP ရဲ့ သက်ရောက်မှု၊ ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုး၊ CPAP နဲ့ ယှဉ်ရင် ဘယ်လိုအားသာချက်တွေ ရှိနေမလဲဆိုတာကို လေ့လာခဲ့ကြတာ ပါ။ BiPAP (bi-level positive airway pressure) ဟာ အသက်ရှူ အထောက်အကူပြု ပစ္စည်းတစ်ခုဖြစ် ပြီး COPD လူနာတွေ ညဘက် (သို့ မဟုတ်) လက္ခဏာတွေ ပြန်လည်ထကြွလာချိန် အသက်ရှူတဲ့ပုံစံကို ထိန်း သိမ်းဖို့ အသုံးပြုလေ့ရှိတဲ့ စက်ပစ္စည်း တစ်ခုပါ။ အခန်းထဲရှိ လေထုထက်ပို မိုမြင့်မားတဲ့ လေထုပမာဏနဲ့ ဖိအား ပေးနိုင်ပြီး အောက်ဆီဂျင်ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ် စေတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်ပါ တယ်။ CPAP ရော BiPAP ပါ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်တဲ့ စက်ပစ္စည်းတွေဖြစ်ပြီး လူနာရဲ့ အိပ် စက်ခြင်းဆိုင်ရာ အရည်အသွေးပိုမို တိုးတက်စေဖို့ အထောက်အကူပြုနိုင် ပါတယ်။

COPD ရှိတဲ့ လူနာအများ စုဟာ BiPAP ကို မလိုအပ်သလို လူ တိုင်းအတွက်လည်း အလုပ်ဖြစ်တာ မျိုးတော့ မဟုတ်ပါဘူး။ BiPAP အသုံးပြုခြင်းဟာ အိပ်စက်ခြင်း အရည်အသွေးကို တိုးတက်စေရုံသာ မက သက်တမ်းရှည်လျားဖို့ကိုပါ အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆေးရုံတက်ရနှုန်းကိုပါ လျော့ကျစေတာကြောင့် မလိုလား အပ်တဲ့ ပြဿနာတွေကိုပါ ကာကွယ် ပေးနိုင်ပါတယ်။ BiPAP ဟာ များသောအား ဖြင့်စိတ်ချရပြီး ကြုံတွေ့ရတဲ့ ပြဿနာအများစုက တော့ မျက်နှာဖုံးကို တင်းကြပ်စွာ ၀တ်မိခြင်းကြောင့် အရေပြား ထိခိုက် ခြင်း၊ လျော့ရဲစွာဝတ်ဆင်ခြင်းကြောင့် လေစိမ့်ထွက်ခြင်း စတဲ့ပြဿနာတွေ နဲ့တော့ ကြုံတွေ့ရပါတယ်။ ခွဲစိတ် ကုသခြင်း၊ ဆေးပေးကုသခြင်းစတဲ့ COPD ကိုကုသတဲ့ နည်းလမ်းတွေ ရှိသေးပြီး အဓိကကတော့ ဖြစ်စေတဲ့ အကြောင်းရင်းကို ပစ်မှတ်ထားကုသ ခြင်းပဲ ဖြစ်ပါတယ်။ COPD ကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း က ဆေးလိပ်သောက်ခြင်းပဲဖြစ်ပြီး ဆေးလိပ်ဖြတ်လိုက်ခြင်းက အဓိက ကုသမှုလည်း ဖြစ်ပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ