အရပ်ရှည်လိုပါသလား


လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အရပ်အမြင့် မတူကြပါဘူး။ အသက် တူပေမယ့်လည်း အရပ်ရှည်တဲ့သူက ရှည်ပြီး ပုတဲ့သူက ပုနေပါတယ်။

လူတစ်ယောက်ရဲ့ အရပ်အမြင့်မှာ ၈၀ ရာခိုင်နှုန်း မျိုးရိုးဗီဇနဲ့ သက်ဆိုင်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက အခြားအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ လူတွေဟာ အသက်အရွယ်တစ်ခုမှာ အရပ်ရှည်ထွက်တာ ရပ်သွားပါတယ်။

မိန်းကလေးတွေဟာ အများအားဖြင့် ယောက်ျားလေးတွေထက် ၃-၄ နှစ်ပိုစောပြီး အရပ်ရှည်ထွက်တာ ရပ်သွားတတ်ပါတယ်။ မိန်းကလေးတွေဟာ အသက် ၁၄-၂၁ နှစ်ကြား တစ်ချိန်ချိန်မှာ အရပ်ရှည်တာ ရပ်သွားပါတယ်။

ယောက်ျားလေးတွေ ကတော့ အသက် ၁၇-၂၅ နှစ်ကြာ တစ်ချိန်ချိန်မှာ အရပ်ရှည်တာ ရပ်သွားပါတယ်။

အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးနောက်မှာ အရပ်ဆက်ရှည် နိုင်ပါသေးတယ်။ အရပ်ရှည်တာ လုံးဝရပ်မသွားခင် အချိန်အတွင်း အရပ်ဆက်ရှည် ချင်သေးရင်

(၁) ကောင်းမွန်မျှတတဲ့ အစာအာဟာရတွေ စားသုံးပါ။

(၂) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ ရေကူးခြင်း၊ စက်ဘီးစီးစဉ် ဖင်ထိုင်ခုံကို မြင့်ထားခြင်း၊ ဘတ်စကတ်ဘောလိုမျိုး ခုန်တာတွေ ပါဝင်တဲ့ အားကစားတစ်ခုခု ကစားခြင်း၊ ဘားတန်းဆွဲခြင်း၊ တာတိုပြေးခြင်း၊ ကြိုးခုန်ခြင်း ဒါမှမဟုတ် ကန်ခြင်းစတဲ့ အားကစား တစ်ခုခုကိုလုပ်ပါ။

(၃) တစ်နေ့မှာ ၈-၁၀ နာရီအထိ အိပ်ပါ။

(၄) မှန်ကန်တဲ့ ကိုယ်ဟန် အနေအထား ရှိပါစေ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ