ပိုမိုဈေးသက်သာတဲ့ကင်ဆာဆေးအတွက် မျှော်လင့်ချက်


Eindhoven University of Technology သိပ္ပံပညာရှင်တွေက ကော်ဖီစစ်စက္ကူ (Coffee Filter) ကိုအသုံးပြုပြီး ပိုမိုဈေးသက်သာတဲ့ကင်ဆာဆေးထုတ်လုပ်နိုင်တော့မယ်လို့သိရပါတယ်။ ၎င်းင်းတို့ရဲ့နည်း ပညာကိုအသုံးပြုပြီး Z-endoxifen ကင်ဆာကုသဆေးကို ပိုမိုဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့သိရပါတယ်။ Tamoxifen က ရင်သားကင်ဆာကုသရာမှာသုံး တဲ့ကမ္ဘာသုံးဆေးတစ်မျိုးဖြစ်ပါတယ်။ ယင်းဆေးကအမြဲတမ်းတော့သက်ရောက်မှုကောင်းတွေမရစေပါဘူး။

Tamoxifen အနေနဲ့ခန္ဓာကိုယ်ထဲကိုရောက်တဲ့အချိန်မှာကင်ဆာဆဲလ်တွေကို တိုက်ရိုက် တိုက်ထုတ်နိုင်ခြင်းမရှိပဲ Z-endoxifen အဖြစ်ပြောင်းလဲပြီးမှသာ တိုက်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ Tamoxifen ကနေ Z-endoxifen ကိုပြောင်းလဲပေးတဲ့ပမာဏက လူနာရဲ့မျိုးရိုးဗီဇအပေါ် မူတည်ပြီး အနည်းအများကွဲပြားပြန်ပါတယ်။ တကယ်လို့များ Z-endoxifen ကိုဆေးအနေနဲ့ တိုက်ရိုက်ပေးနိုင်မယ် ဆိုရင်တော့ မျိုးရိုးဗီဇကွဲပြားမှုတွေကို လျစ်လျူရှုနိုင်ပြီး ဆေးပမာဏကိုလည်း လျော့ပေးနိုင်တဲ့အတွက်ဘေးထွက်ဆိုးကျိုးလည်း ပိုနည်းစေနိုင်မယ်လို့ US စမ်းသပ်ကုသမှုတွေ က သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ Z-endoxifen ထုတ်လုပ်မှုမှာကြုံနေရတဲ့အခက်အခဲကကုန်ကျစရိတ် အလွန်များနေတာဖြစ်ပြီး၊ ၁ ဂရမ်ရရှိဖို့အတွက် ဒေါ်လာတစ်သောင်းလောက်ကုန်ကျနေတာဖြစ်ပါတယ်။

ယခုသုတေသနမှာသိပ္ပံပညာ ရှင်တွေက လက်ရှိအသုံးပြုလျက်ရှိတဲ့ ကုန်ကျစရိတ်များတဲ့ High Pressure Liquid Chromato-graphy (HPLC) နည်းပညာအသုံး ပြုပြီး သန့်စင်တဲ့စနစ်ကို အသုံးပြုဖို့ လိုအပ်မဲ့နည်းလမ်းကို တွေ့ရှိခဲ့ပါ တယ်။ လက်ရှိ endoxifen ထုတ်လုပ်တဲ့စနစ်က Z နဲ့ E ဆိုပြီး endoxifen နှစ်မျိုးကို ၇၀း ၃၀ အချိုးနဲ့ထုတ်လုပ်ပေးပါတယ်။ HPLC နည်းကမလိုချင်တဲ့ E-endoxifen ၃၀% ကို ဖယ်ရှား ပေးဖို့သုံးတာဖြစ်ပါတယ်။ Eindhoven မှ သိပ္ပံပညာရှင်တွေက ထုတ်လုပ်တဲ့နည်းစနစ်မှာလိုချင်တဲ့ Z-endoxifen ကို ၉၅% နဲ့မလိုချင်တဲ့ E-endoxifen ကို ၅% ထိလျော့ချပေးနိုင်မဲ့နည်းကို တွေ့ရှိ ခဲ့ပြီး၊ မလိုချင်တဲ့ E-endoxifen ၅% ကိုကော်ဖီစစ်စက္ကူသုံးပြီး စစ် ထုတ်ဖယ်ရှားပေးနိုင်မဲ့နည်းကို တွေ့ ရှိခဲ့ပါတယ်။ ယင်းနည်းသစ်ကသန့်စင်တဲ့ Z-endoxifen ထုတ်လုပ်ရာမှာပိုမိုထိရောက်ပြီး၊ ကုန်ကျစရိတ်မှာလည်း အဆ ၁၀၀၀ လောက်ပိုသက်သာတာကိုတွေ့ခဲ့ရပါတယ်။

အ၀င်း

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ