ပိန်လွန်းခြင်း၊ ၀လွန်းခြင်းဟာ လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါကို ပိုဆိုးစေနိုင်


အ၀လွန်ခြင်းဟာ လေးဖက်နာ အဆစ်အမြစ်ရောင် ရောဂါရဲ့ ချို့ ယွင်းစေတဲ့ ရောဂါလက္ခဏာတွေကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်လို့ သု တေသနရလဒ် အသစ်တွေအရ သိရ ပါတယ်။ အပြန်အလှန်အားဖြင့် မရည်ရွယ်ဘဲနဲ့ ကိုယ်အလေးချိန် ကျ ဆင်းသွားခြင်းဟာ ထိုလူနာတွေ အတွက် သတိထားရမဲ့ ပြဿနာ တစ်ခုပဲဖြစ်ပြီး မသန်မစွမ်းဖြစ်နိုင် ခြေအတွက် အန္တရာယ်များတဲ့ အနေ အထားတစ်ခု ဖြစ်တာကြောင့်ပါ။ လူနာတွေရော ဆရာဝန်တွေပါ ရောဂါရဲ့ အနေအထားအပေါ် အာရုံစိုက်နေစဉ်မှာ အဆစ်အမြစ် ရောင်လက္ခဏာတွေကို ပိုမိုဆိုးရွား စေတဲ့ ပြဿနာတွေနဲ့ ဆက်စပ်နေတဲ့ အ၀လွန်ခြင်းကိုလည်း ဂရုတစိုက် ကုသသင့်ပါတယ်။

မရည်ရွယ်ဘဲနဲ့ ကိုယ်အလေးချိန် လျော့ကျသွားခြင်း ဟာ လူနာရဲ့အားနည်းလာမှုကို သတိပေးနေတာဖြစ်ပြီး နောက် မသန်စွမ်းမှုတွေ ထပ်မံဖြစ်ပေါ်လာ နိုင်တဲ့ အန္တရာယ်တစ်ခုလည်း ဖြစ်ပါ တယ်။ လေးဖက်နာအဆစ်အမြစ် ရောင် ရောဂါဟာ Autoimmune disease တစ်ခုပါ။ ပုံမှန်အားဖြင့် ရောဂါ ပိုးမွှားတွေကို တိုက်ခိုက်တဲ့ ခုခံအားဆဲလ်တွေ အဆစ်အမြစ်၊ အရိုးနုရဲ့ နံရံတွေကို တိုက်ခိုက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာပါတယ်။ အ ဆစ်အမြစ်တွေကို ရောင်ရမ်းလာစေ ပြီး ပတ်ဝန်းကျင်ရှိ အရိုးတွေ၊ အရွတ် တွေနဲ့ ကြွက်သားတွေကို တဖြည်း ဖြည်းနဲ့ ပျက်စီးလာစေပါတယ်။ အချိန်နဲ့အမျှ ပိုမိုဆိုးရွားလာပြီး နောက်ဆုံး မှာတော့ မသန်မစွမ်းဖြစ် စေခြင်းဆီသို့ ဦးတည်လာတာလည်း ဖြစ်ပါတယ်။

သုတေသနအတွက် လေးဖက်နာ အဆစ်အမြစ်ရောင် ရောဂါသည် လူနာ (၂၅ယ၀၀၀) ကျော်ကို လေ့လာခဲ့ပြီး အ၀လွန်ခြင်း ရဲ့ သက်ရောက်မှုကိုပါ ထည့်သွင်း လေ့လာခဲ့တာပါ။ အ၀လွန်နေသူတွေ မှာ ရောဂါလက္ခဏာတွေ မြန်မြန် ဆန်ဆန်နဲ့ ဆိုးရွားလာပြီး ဒါဟာ အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ အဆင့်နဲ့ သက်ဆိုင်နေခြင်း မရှိတာ ကို တွေ့ရပါတယ်။ နောက်ထပ် တွေ့ရှိခဲ့တာကတော့ ပိန်ပါးပြီးတော့ မရည်ရွယ်ပါဘဲနဲ့ ကိုယ်အလေးချိန် ကျဆင်းသွားတဲ့ လူနာတွေမှာ ရောဂါ မြန်မြန်ဆန်ဆန် ဆိုးရွားလာ တတ်တယ်ဆိုတာပါ။ အ၀လွန်နေတဲ့ သူတွေအနေနဲ့ကျ တော့ စနစ်တကျ အလေးချိန်လျော့ချရာမှ ကောင်း ကျိုးတွေရရှိစေနိုင်ပေမဲ့လည်း ဒီ အတိုင်း ကိုယ်အလေးချိန်ကျဆင်း လာသူတွေမှာတော့ ရောဂါအတွက် မကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်နေ တာလည်း ဖြစ်ပါတယ်။

 ဒါကြောင့်မို့ လေးဖက်နာ အဆစ်အမြစ်ရောင် ရောဂါသည် လူနာတွေမှာပုံမှန် ကျန်းမာစေတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့က အရေးကြီးဆုံးပဲဖြစ် ပြီး ဒီအတွက်လည်း ကုသမှုပြု လုပ်နေစဉ်မှာ အစီအစဉ်တစ်ခု အနေနဲ့ ထည့်သွင်းသင့်ပါတယ်လို့ သုတေသီတွေက အကြံပြုထားကြပါ တယ်။

ဝသန်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ