ဆေးလိပ်သောက်ခြင်းက အကြားအာရုံဆုံးရှုံးမှုပိုများစေ


Oxfard University Press မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန အသစ်တစ်ခုအရ ဆေးလိပ်သောက် ခြင်းက အကြားအာရုံကို ထိခိုက်စေ တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယင်း သုတေသနဖော်ပြချက်မှာ ဆေးလိပ် သောက်ခြင်းက အကြားအာရုံဆုံးရှုံးမှုဖြစ်စေနိုင်ပြီး၊ ဆေးလိပ်ဖြတ်ခြင်း က အကြားအာရုံဆုံးရှုံးမှုကို ပြန်လည် လျော့ကျလာစေနိုင်တယ်လို့ ဖော်ပြ ခဲ့ပါတယ်။ သုတေသီတွေက နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုလုပ်စဉ် ဆောင်ရွက်ခဲ့တဲ့ ပညာရှင်တွေ စမ်း သပ်ခဲ့တဲ့ အသံစစ်ဆေးမှုအချက် အလက်တွေ၊ ကျန်းမာရေးနဲ့ ဆက်စပ် တဲ့ ဘ၀နေထိုင်မှုပုံစံတွေကို စစ်မေး ထားတဲ့ အချက်အလက်တွေကို စီစစ် ခဲ့ပါတယ်။

သုတေသီတွေက ဆေး လိပ်သောက်တဲ့အခြေအနေ (လက်ရှိ သောက်တတ်သူလား၊ ယခင်က သောက်ခဲ့သူလား၊ လုံးဝမသောက် တတ်သူလား) တစ်ရက်ကို ဆေး လိပ်ဘယ်လောက်သောက်လဲ၊ ဘယ် လောက်ကြာအောင်သောက်ခဲ့လဲ စတာတွေနဲ့ ပတ်သက်လို့ မေးပြီးတဲ့ နောက် တစ်ဦးချင်းစီရဲ့ နေ့စဉ်ကြုံနေ ရတဲ့ ဆူညံမှုအသံကြိမ်နှုန်းနဲ့ နှိုင်း ယှဉ်ချိန်ညှိပြီးတဲ့နောက်မှာ ဆေးလိပ် လက်ရှိသောက်နေသူတွေက ဆေး လိပ်လုံးဝမသောက်သူတွေထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ၁.၂ ဆ ကနေ ၁.၆ ဆ လောက်ထိ ပိုများ စေတာ တွေ့ရပါတယ်။

အထူးသဖြင့် ဆေးလိပ် သောက်ခြင်းက ကြိမ်နှုန်းမြင့်အသံ တွေမကြားရခြင်းနဲ့ ပိုပြီး ဆက်စပ်နေ တာ တွေ့ခဲ့ရပါတယ်။ ကြိမ်နှုန်းမြင့် အသံရော၊ ကြိမ်နှုန်းနိမ့်အသံပါ မကြာရခြင်းက စီးကရက်သောက်သူ တွေမှာ ပိုဆိုးတာတွေ့ခဲ့ရပါတယ်။ ဆေးလိပ်သောက်သူတွေမှာ ဆေး လိပ်ဖြတ်ပြီး ၅ နှစ်အကြာမှာ အကြား အာရုံဆုံးရှုံးနိုင်ခြေ လျော့နည်းလာ တာ တွေ့ခဲ့ရပါတယ်။ ယင်းတွေ့ရှိ ချက်က ဆေးလိပ်သောက်ခြင်းနဲ့ အကြားအာရုံဆုံးရှုံးမှုက သိသိသာ သာ ဆက်စပ်နေတာကို တွေ့ရှိခဲ့ အတွက် ဆေးရွက်ကြီးကို ပိုမိုထိန်း ချုပ်ဖို့လိုအပ်လာတာညွှန်ပြနေတယ် လို့ ထောက်ပြနေပါတယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ